ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှုတွေ လုပ်ချင်တဲ့ ထားထက်ထက်

0
182

MIN_2344ထားထက်ထက် က ၂ဝ၁၃၊ ၂ဝ၁၄ ခုနှစ်ဝန်းကျင် လောက်က မျက်ကြည် လွှာ လှူဒါန်းဖြစ် ခဲ့ပါတယ်။ မျက်စိဆေးရုံ မှာပဲ လှူဒါန်းခဲ့တာပါ။ မျက်ကြည်လွှာ လှူဒါန်းဖြစ်ပုံနဲ့ မျက်ကြည်လွှာ လှူဒါန်းဖြစ်ရခြင်း အကြောင်း၊ မျက်ကြည်လွှာ လှူဒါန်းချင်သူ အလှူရှင်တွေနဲ့လည်း ချိတ် ဆက်ပေးနေတဲ့ ထားထက်ထက်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းမှု အပေါ် ရှုမြင်တဲ့ သဒ္ဓါ တရား စိတ်ထက်သန်ပုံရော အလှူအတန်း ပြုလုပ်ခြင်း အကျိုးကျေးဇူး ရှိပုံပါ ရှုမြင်တဲ့ ပီတိ စကားများ ကိုဖော်ပြလိုက်ရပါတယ်။

လှူဒါန်းရတဲ့အတွက် ပီတိဖြစ်

ပထမဆုံးက ထားထက်အစ်မ က အရင်လှူတယ်။ ဒါကြောင့် အစ်မကိုမေးပြီး သွားလှူခဲ့တာပါ။ အဓိက မျက်ကြည်လွှာလှူတာက ကိုယ် အသက် မရှိတော့တဲ့ အချိန်မှာ ကိုယ့်ရဲ့မျက်စိအလင်းကြောင့် လူနှစ် ယောက်လောက် အလင်းပြန်ရ လာနိုင်တယ်။ ဒီလို စာလေးတွေ လည်း ဖတ်ရတယ်။ ဒါကြောင့် ကိုယ်အသက်မရှိတော့ ချိန်မှာ သူတို့ မျက်ကြည်လွှာ လာယူ တယ်။ ဒီမျက် ကြည်လွှာကြောင့်ပဲ အမှောင်တွေ ကနေ အလင်းပြန်ရ နိုင်တဲ့ အတွက် ထားထက်အတွက် လည်း အများကြီး ကုသိုလ်ဖြစ်ပါတယ်။ ဒါဟာကိုယ် လည်း အသက်မရှိတဲ့ အချိန်၊ အသုံး မလိုတော့တဲ့ အချိန်မှာ သူတစ်ပါး အတွက် အသုံးဝင်တော့ မင်္ဂလာ တစ်ပါးပါပဲ။ စဉ်းစားကြည့် တာနဲ့ တင်ဝမ်းသာပီတိဖြစ်ရပါတယ်။

မျက်ကြည်လွှာလှူတာက
ကြောက် စရာမဟုတ်ပါဘူး

တချို့က ဒီလိုအစိတ်အပိုင်း တွေ လှူရမှာ ကြောက်ကြတာမျိုး တွေ ရှိပါတယ်။ မျက်လုံးကြီးတစ်ခု လုံးကို လာယူမှာလား ဆိုပြီး တွေးကြ တယ်။ ကြောက်ကြတယ်။ ကကယ်တော့ မျက်ကြည်လွှာလှူတယ် ဆို တာက မျက်လုံးမှာရှိတဲ့ အပေါ်က ပါးလွှာတဲ့ မျက်ကြည်လွှာလေးပဲ ယူကြတာဆိုတော့ မျက်လုံးကြီးတစ် လုံးလုံးကို ပေးလိုက်ရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် တအား ကြောက်စရာမရှိသလို၊ အသက်ရှင် စဉ်ကာလမှာလည်း ယူတာမျိုး မဟုတ်ဘူး။ အသက်ဆုံးပါးသွားမှ သူတို့ရဲ့ စာရင်းလေးတွေနဲ့ လာယူ တာပါ။ ဒါကြောင့် ကိုယ်တိုင်သွား လှူချင်တယ် ဆိုရင် မျက်စိဆေးရုံမှာ သွားလှူလို့ ရပါတယ်။

အခွင့်အရေးရင် ခန္ဓာကိုယ်အစိတ်အပိုင်း လှူဒါန်းမှုတွေ လုပ်ချင်တယ်

တခြား ခန္ဓာကိုယ် အစိတ်အပိုင်း တွေ လှူတာမျိုးက ဆေးရုံမှာ ဖောင် တွေအရင်ယူရတယ်။ စာရင်းပေးရ တယ်။ မျက်ကြည်လွှာ လှူ တာလောက် တော့ အချိန်မမြန်ပါဘူး။ အဆင့် ဆင့် လုပ်ရတာလေးတွေ နည်းနည်း ရှိတယ်။ စာရင်းဖြည့်ပြီး ဖောင်ပြန် တင်ရတယ်။ ဒါကြောင့် ထားထက် မလုပ်ဖြစ်သေးတာပါ။ ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းနိုင်တယ်ဆိုရင် လည်း အကောင်းဆုံးပါပဲ။ ကိုယ် အသက်ရှိနေစဉ်မှာ လုပ်တာမျိုး မဟုတ်ဘဲ သေဆုံးပြီး နောက်ပိုင်း ခန္ဓာကိုယ် မလိုအပ်တော့တဲ့ အချိန်မှ ပဲလုပ်တာပါ။ ကိုယ်သေဆုံးသွား ပေမယ့် ကိုယ့်ကြောင့်တခြားကျန်ရှိ နေတဲ့သူတွေ အသက် ရှင်ခွင့်ရတယ်။ ဒီလိုမျိုးဆို တအား ကောင်းပါတယ်။ ထားထက် ကိုယ်တိုင်လည်း အခွင့်ရ ရင် ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ လှူတာမျိုးလုပ်ချင်ပါသေးတယ်။

အလှူရှင်တွေနဲ့ လိုအပ်နေသူတွေ ကိုလည်း ချိတ်ဆက်ပေးတဲ့ ထားထက်ထက်

ထားထက်က မျက်ကြည်လွှာ လှူထားတဲ့ အတွက် ထားထက်ရဲ့ ပရိသတ်တွေထဲက လှူချင်တဲ့ သူရှိရင် လည်း ကိုယ့်ကိုစာရင်းပေးပြီး ထား ထက်က တစ်ဆင့် ဆက်သွယ်ပေးတာ မျိုးတို့ လုပ်ပေးဖြစ်ပါတယ်။ နယ်ဘက်က လှူချင်ပေမယ့် မလုပ် တတ်တဲ့သူတွေ၊ လှူချင် သူတွေအ တွက် တစ်ဆင့် လှူပေးတာမျိုးပါ။ ထားထက်နဲ့အတူ တစ်ခါတုန်းကဆို ရင် အလှူရှင်အယောက် ၂ဝ လောက် လှူဖြစ်ခဲ့ပါ တယ်။ သွေးကိုတော့ ထားထက် သိပ်မလှူဖြစ်ပါဘူး။ ကိုယ် ကလည်း နေမကောင်းဖြစ်တာများ လို့ပါ။ ဒါပေမဲ့ လိုအပ်နေသူတွေနဲ့ အလှူ ရှင်တွေကို ဆက်သွယ်ပေးပါ တယ်။ တခြား ပရဟိတလုပ်ငန်း တွေ လည်း လုပ်ဖြစ်သလို Miss Myanmar Charity  အဖွဲ့နဲ့လည်း အလှူလေး တွေ ပြုလုပ်ဖြစ်နေပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here