တစ်ကိုယ်တော်အခွေကို မကြာခင်မှာ ပရိသတ်လက်ထဲ အရောက်ပို့ပေးတော့မယ့် အစ္စဏီ

0
219

Isani-(2)

အချစ်သီချင်းလေးတွေနဲ့ ပရိသတ်သိခဲ့၊ လက်ခံအားပေးခဲ့တဲ့ အဆိုတော် အစ္စဏီက အရင်တုန်း ကလို အဆိုတော်တွေစုစုစည်းစည်းနဲ့ အတွဲခွေလေးတွေများစွာ ပေါ်ထွက် လာဖို့ ပရိုဂျူဆာတွေကို တိုက် တွန်းနေပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး အစ္စဏီက….

“အတွဲခွေတွေမှာ ပါဖို့ရှိ တယ်ဗျ။ ကျွန်တော် ပြောထားတာ ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အရင်တုန်းကလို အချစ် သီချင်းကောင်းကောင်းလေးတွေ ရှိတယ်ဗျာ။ အခွေလေး တွေထွက် ကြတယ်။ ၁ဝစက္ကန့်တို့လိုမျိုး အများ ကြီးပဲ။ နောက် ပိုင်းမှာ အဲဒီလို အခွေလေးတွေအရမ်းရှားသွားပြီ။ အဲဒါ ကြောင့် ကျွန်တော်လည်း ပရိုဂျူဆာတွေတွေ့ရင် အမြဲတိုက် တွန်းတယ်။ သီချင်းအသစ်လေးတွေကို တကယ့်ကို အဆို တော်တွေ စုစုစည်းစည်းနဲ့ ပရိသတ်တွေလက်ထဲ ကိုချပြချင် ပါတယ်။ အဲဒီအတွက်ကို စိတ်ဝင်စားလို့ရှိရင် ကျွန်တော့်ကို ဆက်သွယ်လိုက်ပါ။ အကုန်လုံးကိုတော့ ပြောထားတာပဲ။ အတွဲ ခွေတွေမှာ ကျွန်တော်လည်း အချစ်သီချင်းကောင်းကောင်းလေးတွေ ဆိုဖို့ရှိပါတယ်”လို့ပြောပါတယ်။ တစ်ကိုယ်တော်အခွေထွက်မယ်၊ ထွက်မယ်နဲ့ ထွက်မလာသေးတဲ့ အစ္စဏီကို သူ့အခွေအကြောင်းကို လည်း မေးဖြစ်တဲ့အခါ…

“တစ်ကိုယ်တော်အခွေကလည်း ကြာနေပါပြီ။ ကျွန်တော် သီချင်းတွေကို သေသေချာချာလုပ်နေပြီးတော့ တချို့သီချင်းတွေ ဆိုရင် မကြိုက်တာတွေကို ဖြုတ်ပစ်တယ်။ သီချင်းတွေ ထပ်လုပ် နေရတဲ့အတွက် အချိန်လေးနည်းနည်းကြာသွားတာပေါ့။ အခု ဒီကြားထဲမှာ မရရအောင်လို့ ကျွန်တော် သီချင်းလေးတွေ ထွက် နိုင်အောင်ကြိုးစားနေပါတယ်။ ကျွန်တော် Immortal နဲ့ တီးထားပါတယ်။ Oxygen နဲ့ တီးထားပါတယ်။ မကြာခင်မှာ ပရိသတ်တွေလက်ထဲကို အရောက်ပို့ပါမယ်။ အဲဒါတော့ စိတ်ချ ပါ”လို့ အစ္စဏီကပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here