ခဲတံ ပုစ္ဆာ

0
212

cat

(၁) သူု ကတော့ ခေတ်ကိုသာ အပြစ်တင်ချင်မိတော့ တာပါပဲ။ ဟုတ်တယ်လေ။ ရုံးစာရေးတစ်ယောက်ရဲ့သားက သူများပစ္စည်း ခိုးစရာလား။ သားတို့ ကျောင်းက ဆရာမလေးပေးလိုက်တဲ့ စာရွက်လေးကို ဒုတိယအကြိမ် ထပ်ဖတ်ကြည့်မိပြန်တယ်။ “ဒီနေ့ လူကြီးမင်းရဲ့ကလေး အတန်းဖော် တစ်ယောက်ရဲ့ခဲတံယူခဲ့တယ်။ ကလေးကို သွန်သင်ပါဦး” ဆိုတဲ့ စာကြောင်းတိုလေးက သူ့စိတ်ကို တစ်ဖန်ပြန်နှိုးဆွလိုက်သလို ဖြစ် သွားပြန်တယ်။

“တောက်”
သူရဲ့ ဒေါသတကြီး တောက် ခေါက်သံကြောင့် သူ့ရင်ခွင်ထဲ မှိန်းနေတဲ့ အိမ်ကကြောင်ဝါကြီး တောင်လန့်ပြီးခုန်ဆင်းသွားတယ်။ သူကတော့ စေ့စေ့တွေးလေ ခေတ်ကို မကျေနပ်လေပဲ။ ဆိုင်ဆိုင်မဆိုင်ဆိုင် သူတို့မဲပေးရွေးချယ်ခဲ့တဲ့ လက်ရှိ အစိုးရရော။ ဟို-အခြေခံဥပဒေ ဆိုတာ ကြီးကိုရော။ သားရဲ့ခုလို ကိစ္စမှာ မကျေနပ်ဘူး။

(က) သူ့အပေါ်ကနေခုန်ဆင်းသွား တဲ့ ကြောင်ဝါကြီးကတော့ ဧည့်ခန်း နဲ့အိပ်ခန်းကို ကာရံထားတဲ့ကြောင် အိမ်ကြီးကို လှည့်ပတ်အနံ့ခံနေတယ်။ပြီးတော့ စေ့ရုံသာစေ့ထားတဲ့ ကြောင်အိမ်တံခါးကိုအသာလေး ပုတ်ဖွင့်လိုက်ပြီး အထဲကငါးကြော် တွေကို တကြွပ်ကြွပ်နဲ့ အမှောင်ကို အားပြုစားနေတော့တယ်။ ငါးကြော် မကြိုက်ရင် ကြောင်မိုက်တဲ့။ရွှေဝါကြီး လည်း ကြောင်မိုက်တော့ ဘယ်အဖြစ် ခံပါ့မလဲ။

(၂) တကယ်တော့ လူတွေလည်း မကောင်းဘူး။ သူ့သားခုလိုဖြစ် ရတာဟာ ဒီအိမ်မှာနေတဲ့လူတွေ လည်း တာဝန်ရှိတယ်။ ဦးကြီး၊ဦးလေး၊ ဒေါ်ကြီး၊ဒေါ်လေး ဒီအိမ်မှာနေကြ တာမှအများကြီး။ တကယ်ဆို ကိုယ့် တူလေးကို ပြောဆိုဆုံးမကြပါတော့ လား။ တာဝန်ရှိရက်နဲ့တာဝန်ယူမှုမရှိကြတဲ့သူတွေ။ ပြီးတော့ ပတ်ဝန်း ကျင်။ ပတ်ဝန်းကျင်လည်း မကောင်း ဘူး။ ဒီလိုအကျင့်စာရိတ္တဆိုတာ ပတ်ဝန်းကျင်ကနေ အများဆုံးကူး စက်တာ။

(ခ) ကြောင်ဝါကြီးကတော့ အမှောင်ထဲမှာ ငါးကြော်တွေ စား ကောင်းနေတုန်း။

(၃) သူ့သားအတွက်နဲ့ တွေးမိသမျှ လိုက်ပြီးအပြစ်တင်လို့ မဆုံးခင်မှာပဲ မြေးအဘွားနှစ်ယောက် မုန့်ဆိုင် ကနေ ပြန်လာတယ်။သူ့မျက်နှာကို အမေကကြည့်ပြီး “ဘာဖြစ်နေတာ လဲ” လို့မေးတော့….

“အမေ့မြေးကိစ္စပါအမေရယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စ။ လူတွေလည်း မကောင်းဘူး။ မူတွေလည်းမကောင်း ဘူး။ ပတ်ဝန်းကျင်လည်း မကောင်း ဘူး။ အို ခေတ်ရော၊ စနစ်ရောကို မကောင်းတာအမေ။ ကျွန်တော်ကိုယ် တိုင် ဆုံးမမှဖြစ်တော့မယ်”

အမေက သူ့ကိုဘာမှမပြော သေးဘဲ အိမ်ဦးခန်းမှာ သင့်တော် တဲ့ခုံတစ်လုံးယူကာ ထိုင်နေတယ်။ပြီးတော့ သူ့ကိုပြုံးကြည့်နေတယ်။

(ဂ) ကြောင်ဝါကြီးက အမေ့ကိုမြင် တော့ အမေ့နားလာကာတိုးဝှေ့ ပွတ်သပ်နေတယ်။သူမဟုတ်တဲ့အ တိုင်း တညောင်ညောင်နဲ့ လိမ္မာချင် ယောင်ဆောင်နေလေရဲ့။ပြီးတော့ စားလက်စငါးကြော်တွေကို တစ်ချက် ဝေ့ကြည့်ပြီး ကြောင်အိမ်နားထ သွားပြန်တယ်။စောစောကလို အမှောင်ကိုအားပြုပြီးတော့ အားရ ပါးရ မစားရဲရှာတော့ဘူး။ လင်းတစ် ဝက်မှောင်တစ်ဝက် ဧည့်ခန်းနဲ့အိပ် ခန်းကြားက ကြောင်အိမ်နားမှာ မျက်နှာက အမေ့ကိုကြည့်ပြီး လက် တစ်ဖက်ကငါးကြော်ကို ပုတ်ဆွဲ နေတယ်။

(၄)
သူခေါ်လိုက်တော့ သားလေးက သူ့ရှေ့ကို မျက်နှာငယ်လေးနဲ့ လာ ရပ်တယ်။ သူက “ငါ့သားရယ်၊ ဘာဖြစ် လို့ အဲဒီလိုလုပ်ရတာလဲ။ ငါ့သား ခဲတံလိုချင်ရင် အဖေ့ကို ပြောပေါ့။ ခါတိုင်းလည်း ရုံးကနေအဖေ ခဲတံ တွေ ဒါဇင်လိုက်ယူပေးထားတာပဲ။ ငါ့သားလိုချင် အဖေရုံးကနေ ထပ် ယူလာမှာပေါ့”

သူ့ စကားကြားတော့ အမေက ထိုင်ရာကနေ ရုတ်တရက်ထရပ် လိုက်တယ်။ပြီးတော့ ကြောင်ဝါကြီး ကိုတစ်လှည့် သူ့ကိုတစ်လှည့်ကြည့် နေတယ်။

(၅) + (ဃ)
အိပ်ခန်းထဲက မီးကို အမေဖွင့် လိုက်တော့ တစ်အိမ်လုံးလင်းသွား တယ်။ ပြီးတော့ အလင်း၊ အမှောင် ကြားမှာ ပါးနပ်စွာ စားသောက်နေတဲ့ ကြောင်ဝါကြီးကို အသာအယာပွေ့ ချီလိုက်ရင်း သူ့ဘက်ကိုမျက်နှာ ချင်းဆိုင် လှည့်လိုက်တယ်။ ပြီးတော့ “သားရယ်၊ မြေးလေးကို ရိုးသား စေချင်ရင် သားကစပြီး ရိုးသားရမှာ ပေါ့။ ပတ်ဝန်းကျင်ကောင်းပိုင်ဆိုင် ချင်ရင် သားကစပြီးကောင်းရမှာပေါ့။ ခေတ်တွေစနစ်တွေဆိုတာလည်း လူတွေဖန်တီးထားတာပါသားရယ်။ ခေတ်တွေစနစ်တွေ ပြုပြင်ပြောင်းလဲ စေချင်ရင် သားကစပြီးပြောင်းလဲရမှာ ပေါ့။ ဒီမယ်သား၊ လက်ညှိုးဆိုတာ သူများကိုညွှန်းထိုးနေရတာ ပင်ပန်း ပါတယ်သားရယ်၊ တစ်ခါတလေ အဲဒီလက်ညှိုးလေးကို သားနားထင်ကိုပြန်ထောက်ကြည့်ပါလား”

ကြောင်ဝါကြီးတော့ ဘယ်လို နေမယ်မသိ။ အမေပြောသလို ကိုယ့် နားထင်ကိုလက်ညှိုးနဲ့ ပြန်ထောက် ကြည့်လိုက်တော့ ဘယ်သူမှမသိ အောင်ယူလာတဲ့ ရုံးက ခဲတံချောင်း ကလေးတွေက သူ့နှလုံးသားကို စိုက်ဝင်လို့။

ကြယ်လွဲမိုး


LEAVE A REPLY

Please enter your comment!
Please enter your name here