တရုတ်နိုင်ငံမှာ ဇာတ်လမ်းတွဲ သွားရောက်ရိုက်ကူးခဲ့တဲ့ စင်ဒီမြတ်

0
225

Cindi-Myat

သရုပ်ဆောင် စင်ဒီမြတ်က တော့ ခုလတ်တလောမှာ ဒါရိုက်တာ နိုင်မျိုးထွန်း (ရန်ကုန်တက္ကသိုလ်) ရိုက်ကူးတဲ့ ‘တစ်နေ့မှာမောင့်ကို အဲဒီ အကြောင်းတွေ ပြောပြရဦးမယ်’ ဇာတ်ကားမှာ အေးချမ်းမောင်၊ ခင်စန်းဝင်း (မိတ်ကပ်)တို့နဲ့အတူ ပါဝင်သရုပ်ဆောင်နေပါတယ်။ ဇာတ်ထားထဲမှာ ပါဝင်တဲ့ကာရိုက် တာပိုင်းနဲ့ သူမကိုယ်တိုင် သရုပ် ဆောင်ချင်နေတဲ့ ကာရိုက်တာကို လည်း ခုလိုပြောပြခဲ့တာက …..

“စင်ဒီ ဒီဇာတ်ကားထဲမှာ ဗီ လိန်တော့ နည်းနည်းဆန်ပါတယ်။ ဒီကာ ရိုက်တာက စင်ဒီလုပ်ချင်တဲ့ ကာရိုက်တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့လုပ်ရဲပါတယ်။ စင်ဒီလုပ် ချင်နေတဲ့ ကာရိုက်တာ ကတော့ ဒရာမာပေါ့။ မိသားစုရဲ့ တာဝန်တွေ အကုန်လုံးကို ကြိုးစားပြီး ထမ်း ဆောင်ရတဲ့ အစ်မ တစ်ယောက်ပေါ့။ အဲဒီလိုမျိုးကာရိုက်တာ လုပ်ချင် ပါတယ်”လို့ ပြောပါတယ်။

သူကတော့ ဇူလိုင်လက တရုတ် နိုင်ငံမှာ ဇာတ်လမ်းတွဲတစ်ခု သွား ရောက်ရိုက်ကူးခဲ့ပါတယ်။ ပြည်ပမှာ ဇာတ်လမ်းတွဲ ရိုက်ကူးခဲ့ရတာနဲ့ ပတ်သက်ပြီး…

“ဆရာဂျွန်လွင် ကမ်းလှမ်းတာနဲ့ စင်ဒီကလည်း ရိုက်ကူးချင်တယ်။ ရွေး ချယ်ခံပြီး ရိုက်ကူးချင်တာပါ။ ကာ ရိုက်တာကတော့ ဘုရင်မရဲ့ ညီမနေ ရာက သရုပ်ဆောင်ရပါတယ်။ မြန်မာနိုင်ငံက ဦးနေအောင်နဲ့ ညီမ နှစ်ယောက်ပါဝင်တာပါ။ ဇာတ်လမ်း တွဲက အရှည်ကြီးဆိုတော့ ညီမနဲ့ ဦးနေအောင်ပါဝင်တဲ့ အခန်းက တော့ မတူပါဘူး။ ဘာသာစကားက ကျတော့ စင်ဒီက မြန်မာလိုပြော တယ်။ သူတို့က တရုတ်လိုပြောတာ ပေါ့။ အဲဒီဇာတ်လမ်းတွဲကတော့ တရုတ် channel CCTV မှာ ထုတ် လွှင့်ပြသမှာပါ။ ပြည်ပကသရုပ် ဆောင်တွေနဲ့ သရုပ်ဆောင်ရတဲ့အ တွက်အတွေ့အကြုံတွေလည်း ရခဲ့ပါ တယ်” လို့ ပြောပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here