သစ်ပင်တစ်သောင်းကျော်ကို ရွှေဆံပင်ဆရာတော် ဦးဆောင်၍ သရုပ်ဆောင်ဝေဠုကျော်နှင့် အဖွဲ့သည် ဒေသခံများဖြင့် ပူးပေါင်းကာ သြဂုတ်၂၇ရက် နေ့တွင် စိုက်ပျိုးမည်

0
202

Aa-Laung-Taw

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အတွင်း ရှိအလောင်းတော်ကဿဖပင်မလမ်းဖြစ်သည့် ရွှေဆံပင်တံတားလမ်း လမ်းဘေး ဝဲယာတွင် သစ်ပင်၁သောင်းကျော် စိုက်ပွဲကြီးကိုသြဂုတ်လ၂၇ရက်နံနက်ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းရွှေဆံပင်ဆရာတော် အရှင်ဝေပုလ္လ ထံမှ သိရသည်။ရွှေဆံပင်ဆရာတော် ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ရုပ်ရှင်သရုပ် ဆောင်ဝေဠုကျော်နှင့်ပရဟိတအဖွဲ့များ၊ အလှုရှင်များ၊ ဒေသခံများစုပေါင်းကာ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်သည့်အနေဖြင့်သစ်ပင် ၁ဝဝဝဝ ကျော်စိုက်ပွဲကြီးကိုပြုလုပ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ရွှေဆံပင်ဆရာတော် ကမိန့်ကြားသည်။

“သစ်ပင်တစ်သောင်းကျော်ကို အလောင်းတော်ကဿဖ ပင်မလမ်း ဖြစ် တဲ့ရွှေဆံပင်တံတားလမ်းဘေးဝဲယာမှာစိုက် ဖို့စီစဉ်ထားပါတယ်။ ယင်းမာပင် မြို့နယ်ရင်ပေါင်တိုင်ရွာနဲ့ဆင်စွယ်ရွာကြားစိုက်မှာဖြစ်သလို ပုလဲမြို့နယ် ပုပ္ပာရွာနဲ့ပုထိုးသာရွာကြားမှာစိုက်ကြမှာပါ။ ပုထိုးသာရွာက ရွှေမေတ္တာရွှေ ဆံပင်တံတားစခန်းမှာစုရပ်ထားပြီး သစ်ပင်သွားစိုက်ကြမှာ ဖြစ်ပါတယ်။သြဂုတ် လ၂၆ရက်ည၇နာရီမှာ သရုပ်ဆောင်ဝေဠုကျော်နဲ့အနုပညာရှင်တွေက ဟောပြောသီဆိုဧည့်ခံမှာဖြစ်ပြီး ၂၇ရက်မနက်၇နာရီမှာ သစ်ပင်၁သောင်း ကျော်ကို စိုက်ကြမှာဖြစ်ပါတယ်။အဲဒီနေ့မှာ ရွှေဆံပင်အကျိုးတော်ဆောင်အဖွဲ့နဲ့ ဒေသခံတွေက စတုဒိသာထမင်းဟင်းတွေနဲ့ ဧည့်ခံကျွေးမွေးဖို့စီစဉ်ထားပါ တယ်” ဟုရွှေဆံပင်ဆရာတော်အရှင်ဝေပုလ္လကမိန့်ကြားသည်။

သစ်ပင်၁သောင်း ကျော်စိုက်ပျိုးရာတွင်မန်ဂျန်ရှားပင်၇ဝဝဝနှင့်ကျွန်းပင်၃ဝဝဝ အပါအဝင် ပျိုးသစ်ပင်များ၊ ဝေဠုကျော်နှင့်အဖွဲ့လှူသော ဝါးပျိုးပင်၅ဝဝဝကျော်ကိုစိုက် ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။ ရွှေဆံပင်ဆရာတော်ဦးဆောင် ကာ ရွှေဆံပင်လမ်း တစ်လျောက် အရိပ်ရပင်များကိုလွန်ခဲ့သည့်၆နှစ်မှ စတင်ကာ တစ်နှစ်လျင် အပင်၁ဝဝဝစီစိုက်ပျိုးထားရာ လက်ရှိတွင် အရိပ်ရ နေပြီဖြစ်သလို ယခုသစ်ပင်တစ် သောင်းစိုက်ပြီးပါကပြုစုပျိုးထောင်ရန် ဝန်ထမ်း၃ဦးကိုရွှေဆံ ပင်အကျိုးတော် ဆောင်အဖွဲ့ကခန့်ထားကာ ရေသယ်ကား၊ မီးသတ်ကားများ ဖြင့်ရေလောင်းရေဖြန်းကာပြုစုစောင့်ရှောက်သွားရန်စီစဉ်ထားကြောင်း သိရ သည်။

လှိုင်ဝင်းကို


LEAVE A REPLY

Please enter your comment!
Please enter your name here