ပြိုင်ပွဲဝင်တွေရဲ့ သီဆိုမှုက ကိုယ့်ရင်ထဲကို လာထိတဲ့အခါ စီးမျောသွားတယ်ဆိုတဲ့ Galaxy Star က အကဲဖြတ်ဒိုင် ဖြူဖြူကျော်သိန်း

0
236

Phyu-Phyu-Kyaw-Theain

အဆိုတော် ဖြူဖြူကျော်သိန်းက လက်ရှိ MRTV-4   မှာ ပြသလျက်ရှိတဲ့ Galaxy Star သီချင်းဆိုပြိုင်ပွဲ မှာ အကဲဖြတ်ဒိုင်အဖြစ် ပါဝင်လျက်ရှိပါတယ်။ ဒီပြိုင်ပွဲကိုတော့ ပြိုင်ပွဲဝင်များရဲ့ သီဆိုမှု အပေါ်မှာ ပရိသတ်စိတ်ဝင်စားမှုရှိကြသလို အကဲဖြတ်ဒိုင်များရဲ့ ဟန်ပန်များကိုလည်း ပရိသတ်များက စိတ်ဝင်စားကြပါတယ်။ဒီအပေါ်မှာမှ အကဲဖြတ်ဒိုင်တစ်ဦးဖြစ်တဲ့  ဖြူဖြူကျော်သိန်းရဲ့  အမူအယာများဟာလည်း ပရိသတ်အတွက် ပြောစမှတ်ပြုစရာ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေခဲ့ပါတယ်။ သူမရဲ့ လျှပ်တစ်ပြက် ဓာတ်ပုံတွေကိုလည်း ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာ မှာ မျှဝေကြတာကို တွေ့ရတာကြောင့် ဒီအပေါ်မှာ ဖြူဖြူ ကျော်သိန်းက..

“ပထမတစ်ခုအနေနဲ့ ပရိသတ်က ကိုယ့်ကို ဂရု တစိုက်ရှိပြီး ဓာတ်ပုံလေးတွေပါ ရိုက်ထားကြတယ်။ အချင်း ချင်းမျှဝေကြတဲ့အတွက် ကျေးဇူးလည်းတင်တယ်။ ဝမ်း လည်းသာပါတယ်။ နောက်တစ်ချက်က ဖြူဖြူ့အနေနဲ့ ဖက်ရှင်ပိုင်းကိုတော့ ပြင်ဆင်ပါတယ်။ ဖက်ရှင်ပိုင်းမှာလည်း ရိုးရိုးရှင်းရှင်း ဖြစ်တဲ့ပုံစံမျိုးကို ဒီအချိန်ကာလမှာ ပိုစိတ်ပါဝင်စား ဝတ်ဖြစ်နေတယ်။ အိုက်တင်ပိုင်းအနေနဲ့က တကူးတက လုပ်ယူ ထားတာမဟုတ်ပါဘူး။ သူတို့ရဲ့ သီဆိုမှုက ကိုယ့်ရင်ကို တိုးထိလာတဲ့အခါ စီးမျောသွားတာပါ။ ဘယ်ကင်မရာက ကိုယ့်ကို ရိုက်နေမှန်းတောင် မသိပါဘူး။ သူတို့ပေးတဲ့ခံစားချက် အတိုင်း စီးမျောတာပေါ့။ တစ်ခါတစ်ခါကျ ကိုယ်က ဟန်မဆောင်ဘဲ လှနေအောင် သတိထားပြီး နေတာမဟုတ်တဲ့အတွက် တော်တော်ရယ်စရာ ကောင်းတဲ့ ပုံလေးတွေပါပါတယ်။ အဲဒီပုံလေးတွေကိုလည်း ပရိသတ်က ချစ်စနိုးနဲ့မျှဝေကြတဲ့အတွက် ဝမ်းသာပါတယ်”လို့  ဖြူဖြူကျော်သိန်းက ပြောပါတယ်။ ဖြူဖြူကျော်သိန်းက သူပါဝင် အကဲဖြတ်ရတဲ့ ဒီပြိုင်ပွဲ အပေါ် ပရိသတ်တွေ စိတ်ဝင်စားမှုရှိပြီး ပြိုင်ပွဲဝင်တွေဟာလည်း တော်ကြတဲ့အတွက် ဝမ်းသာမိကြောင်းလည်း ဆိုပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here