အဆိုတော် ၇ယောက်ပေါင်းပြီး အနုပညာဖန်တီးမှုတွေ ပြုလုပ်နေတဲ့ ဖြိုးပြည့်စုံ

0
195

Phyo-Pyae-Sone

တစ်ခေတ်တစ်ခါက အောင်မြင် ကျော်ကြားခဲ့တဲ့ ခရီးသွား၅ယောက်အဖွဲ့၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ အဲလက်(စ်)တို့ရဲ့ 19:18 စတဲ့ အနုပညာ ရှင်တို့ရဲ့ အနုပညာဖန်တီးမှုတွေကို Inspiration ယူပြီး ရဲလေး၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ M  ဇော်ရိန်၊ အိမ့်ချစ်၊ Jewel၊ ဂေဂေး စတဲ့ အဆိုတော် ၇ဦးက အနုပညာဖန်တီးမှုတွေ ပြုလုပ်နေပြီး သီချင်းတွေ ထွက်ရှိလာဖို့ရှိကြောင်း အဆိုတော် ဖြိုးပြည့်စုံက ပြောပါတယ်။ သူတို့ဘယ်လိုဖန်တီးဖြစ်မှာလဲဆိုတာကိုတော့ ဖြိုးပြည့်စုံက…

“အဓိကပြဿနာ တက်နေတာက အဆိုတော်တွေလည်း မြန်မြန်နဲ့များများ အနှစ်သာရရှိတဲ့ သီချင်းတွေထွက်ရှိဖို့ အခက်အခဲရှိနေတယ်။ ပရိုဂျူဆာတွေကလည်း ပင်တိုင် ထုတ်ပေးဖို့ အခက်အခဲရှိနေတယ်။ ဒါကို ဖြေရှင်းတဲ့အနေနဲ့ ပထမဦးဆုံးစတဲ့အနေနဲ့ အဆိုတော်၇ယောက်ရယ်၊HyBird Music Band ရယ်၊ M United ရယ်စပြီးတော့ အနုပညာဖန်တီးမှုလေးတွေ လုပ်နေပါ တယ်။ လောလော ဆယ်အွန်လိုင်းမှာ အနုပညာရှင်၇ယောက်ပေါင်းဆို ထားတဲ့ Group Song လေး၂ပုဒ်ကို အွန်လိုင်းကနေ စပြီးတော့ ထွက်လာဖို့ရှိပါတယ်” လို့ ပြောပါတယ်။

 စက်တင်ဘာလထဲမှာ ပထမဦးဆုံးအနေနဲ့ USA Tour အဖြစ် အမေရိကကို တစ်လခွဲကြာ ဖျော်ဖြေရေးခရီးသွားဖို့ရှိ တဲ့ ဖြိုးပြည့်စုံက Visa အတွက် အခက် အခဲဖြစ်နေသေးပေမယ့် အကယ်၍ Visa ကျလို့ ခရီးသွားဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ‘မျှော်နိုင်သမျှ’ Music Video အခွေကိုပြန်လာမှ ထွက်ရှိနိုင် တော့မယ်လို့ ပြောပြခဲ့ပါ တယ်။

    မျိုးမောင် 


LEAVE A REPLY

Please enter your comment!
Please enter your name here