မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ နောက်ဆုံး အဆင့်သို့ တက်ရောက် သွားသော အငြိမ့်အဖွဲ့ များကို ထုတ်ပြန်ကြေညာ

0
299

Democracy-Operaပြန်ကြားရေး ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် Forever Group မှစီစဉ်သည့် မြန်မာ့ ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ ပဏာမအဆင့် အုပ်စုပြိုင်ပွဲ များ ကို အောက်မြန်မာပြည်၊ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ တွင် သြဂုတ် ၂၇ ရက်နေ့ မှ ၃၀ရက်နေ့ အထိ လည်းကောင်း ၊ အထက်မြန်မာပြည်၊ မန္တလေးမြို့ အမျိုးသား ဇာတ်ရုံတွင် သြဂုတ် ၂၈ ရက်မှ ၃၀ ရက်နေ့ အထိ လည်းကောင်း ကျင်းပခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြတဲ့ အငြိမ့်အဖွဲ့ (၃၄)ဖွဲ့ မှ နောက်ဆုံး အဆင့် တက်ရောက်သွားသော အငြိမ့်အဖွဲ့ (၈)ဖွဲ့ ကို သြဂုတ်လ (၃၁) ရက် က အငြိမ့်ပြိုင်ပွဲ ကျင်းပရေးကော်မတီ က ထုတ်ပြန်ကြေညာ လိုက်ပါတယ်။

နောက်ဆုံး အဆင့်ပြိုင်ပွဲသို့ တက်ရောက်သွားတဲ့ အငြိမ့်အဖွဲ့ များမှာ အထက်မြန်မာပြည် မန္တလေးမြို့မှ မန်းစတား အငြိမ့်အဖွဲ့၊ စကားဝါမြေ အငြိမ့်အဖွဲ့၊ မော်ဒယ်လ်ဟား အငြိမ့်အဖွဲ့ တို့ဖြစ်ပြီး အောက်မြန်မာပြည် ရန်ကုန်မြို့မှ လူငယ်စတား အငြိမ့်အဖွဲ့၊ ဖူးသစ် ကြယ်စင် အငြိမ့် အဖွဲ့၊ ရွှေညာမြေ မှကြယ်ပွင့်လေးများ အငြိမ့်အဖွဲ့၊ ဇွဲ အငြိမ့် အဖွဲ့နှင့် ခေတ်သစ်ကြေးမုံ အငြိမ့်အဖွဲ့ တို့ ဖြစ်ကြောင်း သိရှိရပါတယ်။ နောက်ဆုံး အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၂၀ နှင့် ၂၁ ရက်နေ့ တွင် ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ၌ ည ၆ နာရီမှ စတင် ၍ ဆက်လက်ကျင်းပ သွားမှာဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရှိရပါတယ်။

မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲ တွင် ပြိုင်ပွဲဆုများ ကို ပထမဆု ၊ ဒုတိယဆု နှင့် တတိယဆု များ ချီးမြှင့် ပေးသွားမည် ဖြစ်သည့် အပြင် အကောင်းဆုံး မင်းသမီးဆု၊ အကောင်းဆုံး လူရွှင်တော်အဖွဲ့ဆု၊ အကောင်းဆုံး ဆိုင်းအဖွဲ့ဆု၊ ပရိသတ် အကြိုက်ဆုံး ဆု များအပါဝင် အထူးဆု များချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်း၊ ဓာတ်ပုံ -ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here