သီချင်းတွေ ဆိုဖြစ်ခဲ့ပေမယ့် သရုပ်ဆောင်အလုပ်ကိုပဲ ပိုဝါသနာပါတဲ့ မိုးယံဇွန်

0
207

Moe-Yan-Zun1

MNTV ရုပ်သံလိုင်းမှ အပတ်စဉ် တနင်္ဂနွေညတိုင်း ထုတ်လွှင့် ပြသလျက်ရှိတဲ့ ‘ရတနာပုံ’ ဇာတ်လမ်းတွဲမှာ မိုးယံဇွန်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲမှာတော့ မိုးယံဇွန်က အေးဝတ်ရည်သောင်းနဲ့ ချစ်သူစုံတွဲအဖြစ် ပါဝင်သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး မိုးယံဇွန်က….

“ဒီဇာတ်လမ်းတွဲ အနေနဲ့ဆိုရင် ကျွန်တော်တို့က အဓိက ဇာတ်ကောင်တွေ မဟုတ်ဘူး။ ဇာတ်ပို့အနေနဲ့ပါပဲ။ ဒါပေမဲ့ ပရိသတ်တွေအနေနဲ့ သတိထားမိပြီး စိတ် ဝင်စားခြင်းခံရတဲ့ အတွက်လည်း ဝမ်းသာပါတယ်။ ဇာတ် လမ်းတွဲ သဘောအရတော့ အားလုံးက ဒီဇာတ်လမ်းကို ကောင်းအောင် ဝိုင်းဝန်း ပုံဖော်ရတဲ့ အတွက် တာဝန် လည်းကြီးပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှု ရရှိတဲ့             အတွက်လည်း ပျော်ပါ တယ်” လို့  မိုးယံဇွန်က ပြောပါတယ်။

မိုးယံဇွန်က သရုပ်ဆောင်တစ်ဦးအဖြစ် မရပ် တည်ခင်မှာ သီချင်းတွေလည်း သီဆိုခဲ့ပြီး ဂီတနယ် ပယ်မှာလည်း တွေ့ ခဲ့ရပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ တော့ သီချင်းဆိုခြင်းတွေ မလုပ်ဖြစ်တော့တာနဲ့  ပတ် သက်ပြီး သူက “သီချင်းဆိုတာက ကျွန်တော် သရုပ် ဆောင် လောကထဲ မရောက်ရှိခင်ကတည်းက ဆိုခဲ့ဖူး တာပါ။ ဒါကလည်း ကျွန်တော့်အမေက အဆိုတော် တစ်ဦး ဖြစ်တာကြောင့် အမေ့စကားကို နားထောင်ပြီး ဆိုဖြစ်ခဲ့တဲ့ သဘောပါ။ တကယ်က ကျွန်တော့်အနေနဲ့ သရုပ်ဆောင်ကို ပိုပြီး ဝါသနာပါတဲ့အတွက်ကြောင့် သရုပ်ဆောင်ဘက်ကိုပဲ သွားဖြစ်မှာပါ” လို့ မိုးယံဇွန် က ပြောပါတယ်။

လတ်တလောမှာတော့ မိုးယံဇွန်က ပရဟိတ ဖျော်ဖြေပွဲအစီအစဉ်နဲ့ နယ်ဘက်တွေဆီ သွား ရောက်ဖို့ ရှိနေပြီး နိုဝင်ဘာလထဲကျကာမှ သူ့ရဲ့ ဇာတ်ကား ရိုက်ကူးမှုတွေကို ပြန်လည်စတင်လုပ် ကိုင်သွားဖို့ရှိတယ်လို့လည်း ပြောပြခဲ့ပါတယ်။

P-054


LEAVE A REPLY

Please enter your comment!
Please enter your name here