ယိတ်စ်ရဲ့ ကန်သာဆီသို့တခေါက်

0
244

y

အသံတွေကြားရလား။ အသံ  တွေနဲ့အသားတကျပဲလား ရှင်။ အထူးသဖြင့် မြို့ပြနေလူတို့ဘဝ မှာ စကားသံ၊ ကားသံ၊ ဂီတသံ၊ ဆူညံ သံ အသံအမျိုးစုံကြား နေ့စဉ်ဘဝ ဖြတ်သန်းနေကြရတာပါ။ ပြင်ပကဆူညံသံက တစ်မျိုး၊ ကိုယ့်ရင်တွင်းမှာ လည်း ဆူညံသံတွေနဲ့ (လိုတာရှိလို့/ မလိုတာရလို့၊ လိုချင်လို့ စတဲ့ခေါင်းစဉ် အဖုံဖုံနဲ့) တိတ်သွားတဲ့ ခဏဆိုတာ မရှိ သလောက် ရှားကြပါတယ်။ တစ် ခါတစ်ခါ အားလုံးကိုပစ်ချ လိုက်ပြီး၊ တစ်နေရာရာ နားအေးပါးအေး နေ ချင်ပါတယ်လို့ မပြောမိသူမရှိသလောက် ပဲလို့ မှန်းဆမိပါတယ်။ ဒီလိုအဖြစ်ဟာ အခုမှ မဟုတ်ပါဘူး။ အပြောင်းအလဲ ထွက်ပေါက်တစ်ခုခုကို တောင့်တ တတ်ကြတဲ့အဖြစ်ဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဒီလိုပဲ စိတ်ကူးစိတ်သန်း ရှိခဲ့ကြပါတယ်။ William Butler Yeats ရေးသား ခဲ့တဲ့ The Lake Isle of Innisfree   (အင်နစ်ဖရီကန်သာ) ကဗျာလေးကို ဖတ်ပြီးချိန်မှာ ရာစုအဆက်ဆက် လွတ်မြောက်မှုကို တမ်းတကြတာ မြင်လိုက်ကြမှာပါ။

William Butler Yeats ဟာ ၂ဝ-ရာစုရဲ့ တောက်ပလှသော စာပေ ပညာရှင် ကြယ်တစ်ပွင့်ပါပဲ။ ၁၉၂၃ ခုနှစ်ရဲ့ စာပေဆိုင်ရာ နိုဘယ်လ် ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီအင်နစ် ဖရီကန်သာ ကဗျာကိုတော့ သူ့လူငယ် ဘဝ အသက် ၂၃ နှစ်အရွယ်မှာ ရေးဖွဲ့ခဲ့တာလို့ ဆိုပါတယ်။ အင်နစ်ဖရီ (ရေကန်) ဟာ အိုင်ယာလန်နိုင်ငံက တကယ်ရှိသော ကျွန်းမြေလေးတစ်ခု ဖြစ်ပါတယ်။ သူကလေးဘဝ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ မိသားစု လိုက်သွားရောက်အ နားယူနေကျနေ ရာလို့လည်း သိရပါတယ်။ ကဗျာမှာ စာပိုဒ်သုံးပိုဒ် သာပါဝင်တဲ့ ကဗျာတို လေးဖြစ်ပေမယ့် နက်ရှိုင်း လွမ်းမော ဖွယ် ကောင်းလွန်းလို့ တခြားကဗျာ ဆရာတွေကပါ သိပ်နှစ်သက်ကြောင်း ဖွင့်ပြောရတဲ့အထိ ထင်ရှားလှတဲ့ ကဗျာလက်ရာမွန်တစ်ပုဒ်ပါ။

I will arise and go now.
and go to Innisfree.
And a small cabin build there, of clay and wattles made;
Nine bean-rows will I have there.
a hive for the honey-bee.
And live alone in the
bee-loud glade.

မတ်တက်ထရပ်လို့
အခုပဲ အင်နစ်ဖရီကို
ငါသွားတော့မယ်၊
ရွှံ့နဲ့မံ၊ ကျူရိုးနဲ့ကာ၊
အဲလိုတဲကိုဆောက်၊
ပဲကိုလည်း ကိုးလိုင်းလောက်စိုက်၊
ပျားရည်အတွက်
ပျားအုံပါထားလို့
တဝီဝီပျားသံသာစီနေတဲ့
အဲဒီတော တွင်းနေရာမှာ
ငါတစ်ယောက်တည်း
နေတော့မယ်ကွယ်။

And I shall have some
peace there.
for peace comes
dropping slow.
Dropping from the veils of the morning to where the cricket sings;
There midnight’s all a glimmer, and noon a purple glow.
And evening full of the linnet’s wings.

အဲဒီနေရာမှသာ
ငါဟာ အေးချမ်းရာ၊ တရွေ့ရွေ့ ငြိမ်းချမ်းခြင်းက
သူ့ဘာသာ ငါ့ထံရောက်နိုင်ရဲ့
မနက်စောစောဆို ကန်ထက်မှာ မြူတွေ၊ ပုရစ်တွေကလည်း အော်၊
သန်းခေါင်ညအလင်းနဲ့ကျ
မြင်နိုင်သမျှ
တလက်လက်ပြိုးပြက်လို့၊
နေ့လယ်ကျပြန်တော့
ခရမ်းသွေးရောင်ပြေးပြေး၏နေတတ်မှာရယ်၊
ညနေခင်းလည်း
ငှက်ငယ်လေးတွေ
တောင်ပံဟာတလွှားလွှား
ရှိလိမ့်မယ်။

I will arise and go now,
for always night and day
I hear lake water lapping with low sounds by the shore;
While I stand on the roadwayç
or on the pavements greyç
I hear it in the deep
heart’s core.

မတ်တတ်ထရပ်လို့
အခုပဲငါသွားတော့မယ်၊
နေ့စဉ်ညတိုင်း အမြဲလိုလိုပေါ့၊
ကန်စပ်ကို ရေတို့
ထိပုတ်သံနေသံလေးတွေကို
ငါကကြားနေတတ်တာ
ကားလမ်းပေါ်
ငါရောက်နေချိန်ဖြစ်ဖြစ်
ခပ်မှိုင်းမှိုင်း ပလက်ဖောင်းပေါ် ရပ်နေချိန်ဖြစ်ဖြစ်လေ
နှလုံးသား ဗဟိုမှာကို
ဒီသံစဉ်တွေဟာ
လှိုင်းခတ်ကြားလို့နေရဲ့။

ပထမစာပိုဒ်မှာ ကဗျာဆရာကြီး ဟာ ကျွန်းမြေလေးတစ်နေရာ ရေ ကန်တစ်ခုဘေးမှာ သူဘယ်လိုနေမယ် စိတ်ကူးကို ပုံဖော်ပြီး ရိုးစင်းစွာနေ ထိုင်စားသောက်လိုမှု အာသီသကို ပြောထားပါတယ်။

ဒုတိယစာပိုဒ်မှာတော့ မြို့ပြအ လွန် တောတောင်အရပ်ရဲ့ အေးချမ်း ခြင်း အခြေအနေကို လှပစွာ ရေးပြခဲ့ ပါတယ်။ နေ့မှာ ပူပြင်းလင်းချင်းခြင်း၊ ညမှာမှောင်မိုက်ခြင်းတို့အစား မလင်း လွန်း မမှောင်လွန်းတဲ့ ကန်သာဘေး နေရာ သဘောလေးကိုပြောပြတယ်။ မနက်၊ ညနေတို့မှာလည်း ချစ်စရာ အကောင်လေးတွေ လူးလာခေါက်တုံ့ နေတတ်ပုံစိတ်ကူးကို အသေးစိတ်ဖွဲ့ လို့ ကဗျာဆရာ သူ့စိတ်ကူးဘယ် လောက် ကွန့်မြူးတာကို သိနိုင်ပါ တယ်။                 နောက်ဆုံးစာပိုဒ်ကတော့ သူရဲ့ လက်ရှိ နေရာဆီသာ စာဖတ်သူကို ပြန်ခေါ်သွားပါတယ်။ ကျွန်းမြေကန် သာလေးထံပါး အရောက်သွားလိုက် ချင်တဲ့ စိတ်တွေဆိုတာများ ကန်သာ က လှိုင်းပုတ်သံပါ သူ့ရင်မှာကြား နေရပြီ။ လမ်းပေါ်ရပ်ရင်းကို ကြား ရပါတယ်ရယ်ပြောလို့ အဆုံးသတ် ထားပါတယ်။ ဆူညံသံအပြည့် လက် ရှိလက်တွေ့ ဘဝမှာရှိပေမယ့် စိတ် ကူးထဲက ဆိတ်ငြိမ်ရာနေရာကို လက် မလွှတ်ထားဘူးရယ်လို့ သူ့စိတ်ဆန္ဒ ထွက်ပေါက်လေးကို ကဗျာစာချိုးခဲ့ပါ လေရဲ့ရှင်။

ယဉ်ဝါဖြူ


LEAVE A REPLY

Please enter your comment!
Please enter your name here