အဆိုတော်ကြီးတွေ အသက်ရှင်နေစဉ် ကာလမှာ ကူညီဖေးမပေးစေချင်တဲ့ မေခလာ

0
163

May-K-Lar

“ကိုခိုင်ထူး ဆုံးသွားတဲ့ အချိန်မှာ အစ်မနောင်တမရဘူး။ ဘာလို့လဲဆိုတော့ ကိုခိုင်ထူး အသက်ရှင်နေတဲ့ ကာလမှာအစ်မ အနေနဲ့  သူ့ကိုတတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ ဒါကြောင့်မို့  နောက်အဆို တော်တွေ အားလုံးလည်း နောင်တ မရစေချင်ဘူး။ တကယ်တော်တဲ့ ပညာရှင်ကြီးတွေ အများကြီးရှိသေးတယ်။ ဂုဏ်ပြုပေးပါလို့ အစ်မအနေနဲ့  ပြောချင်တယ်။သူတို့သေသွား မှ သွားပြုစုချင်နေလို့ မရတော့ဘူး။ အခု ကိုခိုင်ထူးကို သွားပြီး တော့ တမ်းတနေလို့လည်း သူမကြားတော့ဘူး။ အသက် ရှင်စဉ်ကာလမှာ သွားပြီးကူညီတဲ့အခါ ဘာပဲဖြစ်ဖြစ် သူ တအား ဝမ်းသာမယ်လေ။ အဲဒါလေးကို အစ်မတောင်း ဆိုတာပါ”လို့ အဆိုတော်ကြီး တွေနဲ့ ပတ်သက်လို့  မေခလာက သူ့ခံစားချက်ကို ပြောပြပါတယ်။

အဆိုတော်ကြီးတွေ အားလုံးက ပရိသတ်အခိုင်အမာ ရှိပြီးသားတွေ ကြီးပဲဖြစ်ပြီး အကြောင်းအမျိုးမျိုး တွေကြောင့်၊ စီးပွားရေးကြောင့်၊ တိုင်းပြည်ရဲ့ အခြေအနေတွေကြောင့် ဖျော်ဖြေပွဲတွေက မလုပ်ဖြစ်တဲ့ အတွက်ကြောင့် အလိုလိုနေရင်း နောက်ကိုဆုတ်သွား ရတာပဲဖြစ်ပြီး သူတို့တွေအားလုံးက တကယ်အရည်အချင်း ရှိတဲ့ အဆိုတော်ကြီးတွေပဲဖြစ်တဲ့အတွက် အားပေးကြပါလို့ ပြောချင်ကြောင်း မေခလာ က ဆိုပါတယ်။

ဒီလိုအဆိုတော်ကြီးတွေကို နိုင်ငံတော်နဲ့အတူ ပရိသတ်တွေ ကလည်း ကူညီဖေးမပေးကြပါလို့ဆို လာတဲ့ မေခလာက…

“အစ်မတို့ တိုင်းပြည်ကလည်း ဘာပဲပြောပြော ရုန်းကန်နေရတဲ့ အချိန်လေ။ စိတ်တော့ရှည်ရမှာပေါ့။ နိုင်ငံတော်ကကော၊ ပရိသတ်တွေ ကကော အားပေးရင်ဘယ်လောက် ကောင်းမလဲ။ နိုင်ငံခြားမှာဆိုရင် ဘယ်လောက်အားကျဖို့ ကောင်း လိုက်လဲ။ အဆိုတော် တစ်ယောက်အနေနဲ့ သူတို့ဘဝတစ်သက်တာ လုံးကို အေးအေးချမ်းချမ်းလေးနဲ့ပဲ သူတို့နေထိုင်သွားရတယ်။ ဆွေစဉ် မျိုးဆက်လည်း သူတို့အဆင်ပြေတယ်။ အစ်မတို့ကဒီနေ့ သီချင်းမဆိုရင် ဒီနေ့ ထမင်းစားဖို့မရှိတော့ဘူး။ ဒါက အစ်မက ကိုယ့်ဘဝကို နှိမ်တာမဟုတ်ဘူး။ အမှန်တရားကို ပြောပြတာ။ ရှက်စရာလည်းမလိုဘူး။ ကြောက်စရာ လည်းမလိုဘူး။ အစ်မ တို့ခေတ်က ပိုဆိုးသေးတယ်။ ဘာစီး ပွားရေးမှမလုပ်တတ်ကြဘူး။ ရှေ့ရေးဆိုတာ လည်း မသိဘူး။ အနုပညာကိုပဲ ရူးသွပ်တယ်။ အနုပညာအတွက် မာနကြီးတယ်။ နောင်တစ်ချိန်မှာ ဒီလိုဖြစ်လာမယ်လို့ မတွေးထားကြ ဘူး။ စီးပွားရေး စိတ်လည်း မရှိကြဘူး။ ရိုးကြတယ်။ အဲဒီတော့ အခက် အခဲတွေဖြစ်လာကြတာပေါ့။ ဒါကြောင့်အစ်မ အနေနဲ့လည်း တတ်နိုင်သမျှ အလုပ်လုပ်ပြီး ကြိုးစား တယ်။ ဘာပဲပြောပြောကိုယ့် အနုပညာရှင်ကြီးတွေ အားလုံးကိုလည်း တတ်နိုင်သမျှအားပေးပါ၊ ကူညီကြပါ” လို့ ပြောပါတယ်။

 မေခလာက နောက်ပိုင်းမှာ သူတိွု့နညနမအေငသညက အဆိုတော်ကြီး တွေနဲ့ သူသိပ်ကြိုက်တဲ့ အဆိုတော် တွေနဲ့လည်း တွဲဆိုသွားဖို့ အစီစဉ် တွေရှိ တယ်လို့ ပြောပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here