ဂီတအမျိုးအစား မခွဲခြားဘဲ အသံတွေကိုပဲ နားထောင်တယ် ကျားပေါက်

0
282

kyar-pout

Big Bag အဖွဲ့က ကျား ပေါက်ကို ဒီဘက်နောက် ပိုင်းမှာတော့ သူတို့ ဝိုင်း ရဲ့  ဂီတပုံစံတွေအပြင် အခြားဂီတ အမျိုးအစားမတူတဲ့ အနုပညာ ရှင်တွေနဲ့လည်း ပူးပေါင်းပြီး အနု ပညာဖန်တီးမှုတွေ ပြုလုပ်လာတာ တွေ့ ရပါတယ်။ ဒီ အကြောင်းကို ကျားပေါက်က…

“မတူတာ၂ ခုပေါင်းလုပ်ရင် ထွက်လာမယ့် ရလဒ်ကို စိတ်ဝင်စား တယ်။ ကျွန်တော် ကိုယ်တိုင်ကလည်း အဲ့ဒီလို လုပ်ချင်တယ်။ ဘာဖြစ်လာ မလဲသိချင်တာပေါ့။ အဲ့ဒါရဲ့ နောက် မှာ တခြားမျှော်လင့်ချက် သိပ်မရှိ ဘူး။ ပြီးတော့ နှစ်ပိုင်းရှိတာက ကျွန်တော်က Music Producer အနေနဲ့လည်း လုပ်တယ်။ အဲ့ဒီအခါ အခြား Artist တွေနဲ့လည်း တွဲလုပ် ရတယ်။ အဲ့ဒီအခါ ငါက Rock Producer ဆိုတာပဲ မလုပ်ချင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တခြားဟာတွေလည်း လုပ်နိုင်တာပဲ။အဲ့ဒါတွေ လုပ်နေရတာကိုက ကျွန်တော် ကြိုက်တယ်။ ဒါက Big Bag ကိုလည်း မထိခိုက်ဘူး။Music အမျိုးအစားမတူတဲ့ အတွက် ကျွန်တော် Big Bag အတွက် ထည့် ရမယ့် Riff တွေ မယ်လိုဒီတွေ အကုန်က ဟိုဘက်ကိုလည်း မထိ ခိုက်ဘူး။ ဟိုဘက်မှာ ကျွန်တော် စမ်းသပ်ချင်တာက သတ်သတ်။ အဲ ဒီအတွက် Music အမျိုးအစား အ ပေါ်မှာ ကျွန်တော် လိုက်ခံစားမနေ နိုင်ဘူး။ ကျွန်တော့်နားထဲမှာ အသံ တွေပဲရှိတယ်။ ရေဒီယိုက လာတဲ့ သီချင်းတွေဆိုလည်း အမျိုးအစား ထက် ကီးဘုတ်သံ ၊ဂစ်တာသံ စသ ဖြင့်အသံတွေပဲ ခံစားတယ်။ကျွန် တော်က အသံတွေ အများကြီးနဲ့ က စားချင်တယ်။ ဥပမာပေးရရင် ကင်း ဗတ်စတစ်စ အနီရောင်ပေါ်မှာအဖြူ အစိမ်းနဲ့ ဆရာမပုံ ဆွဲခိုင်းရင် အနီ ရောင် ရောနေမှာပဲ။ သူကအစက တည်းက အနီရောင် ဖြစ်နေတာ ကိုး။ ကိုယ်က ဗလာကင်းဗတ်စ ဖြစ်နေတဲ့အခါ အခြား Artist တွေနဲ့ ပေါင်းပြီး အလုပ်လုပ်တဲ့ အခါ သူတို့ လည်းဝင်ဆွဲ ကိုယ်လည်း ပေါင်းဆွဲ မယ်ပေါ့။ ကိုယ့်မှာ အမျိုးအစား အစွဲ ရှိထားတယ်ဆိုရင် အဲ့ဒီတစ်မျိုးတည်း မှာတော့ အောင်မြင်ချင် အောင်မြင် မှာပေါ့။ ကျွန်တော်ကတော့ ဇ ရှိတဲ့ Artist တွေနဲ့ဆိုရင်တော့ Welcome ပါပဲ” လို့  ကျားပေါက်က ပြောပါ တယ်။

ကျားပေါက်က လတ်တလောမှာ တော့ Bipolarbear ဆိုတဲ့ နာမည်နဲ Hrecord တစ်ခု လုပ်ထားပြီး ဒီ Bipolarbear ကတစ်ဆင့် အနုပညာ ရှင် အသစ်တွေရဲ့ဂီတတွေကို ပူး ပေါင်းဖန်တီး ထုတ်လုပ်သွားဖို့ လည်း ရှိတယ်လို့ သိရပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here