အိမ်ထောင်ပြုချင် စိတ်မရှိသေးတဲ့ မိစန္ဒီ

0
97

Mi-Sandiအဆိုတော် မိစန္ဒီက သူမရဲ့ သီချင်း MTV တွေမှာ ပါဝင်သရုပ်ဆောင် ဖြစ်ပေမယ့်  သရုပ်ဆောင်ဘက် ကိုတော့ ကူးပြောင်းဖို့ အစီအစဉ် မရှိဘူး လို့ ဆိုပါတယ်။

“အဆိုပိုင်း ကိုပဲ ဝါသနာ ပါတာဆိုတော့ သီချင်းကိုပဲ လုပ်သွားမှာပါ။ သရုပ်ဆောင်ပိုင်း ကိုတော့ ကူးဖို့အစီအစဉ် မရှိဘူး။ ဘာလို့လဲ ဆိုတော့ ဝါသနာလည်း မပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်အမှု မရှိလို့ပါ။ မိစန္ဒီက သီချင်းပဲရေး၊  သီချင်းပဲဆိုတတ်တဲ့အတွက် သီချင်းတွေ ပဲ လုပ် သွားမှာပါ” လို့ မိစန္ဒီက ပြောပါတယ်။

လူငယ်တစ်ဦးဖြစ်တဲ့ မိစန္ဒီက လူငယ် အနေနဲ့ ချစ်တက်တာ ရှိပေမယ့် အိမ်ထောင်ပြုချင်တဲ့စိတ်တော့ မရှိသေးဘူးလို့ ဆိုတဲ့အကြောင်း ကိုတော့ “မိစန္ဒီက အချစ်ရေးကတော့ စိတ် ဝင်စားစရာလည်း မရှိပါဘူး။ မိစန္ဒီက ဒီတိုင်းပါပဲ။ လူငယ်အနေနဲ့ ချစ်တတ် တာတော့ ရှိပါ တယ်။ မိစန္ဒီမှာ အိမ်ထောင်ပြုချင် တဲ့ စိတ်လည်း မရှိဘူး။ မရှိဘူး ဆိုပေမယ့် လူငယ် တစ်ယောက် အနေနဲ့တော့ ချစ်တတ်တယ်။ ဒါပေမဲ့လည်း အဆင်ပြေတဲ့အခါရှိသလို မပြေတဲ့ အခါလည်း ရှိတယ်။ မိစန္ဒီက အချစ် ကိုတော့ ယုံကြည်ပါတယ်။ ဒါပေမဲ့ မိစန္ဒီ အချစ်ကို မရွေးချယ်တာလည်း ပါသလို မိစန္ဒီ ရဲ့ စိတ်ထဲမှာ ချစ်ရမှာကို ကြောက်တာလည်း မဟုတ်သလို ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ ချစ်သူအဖြစ် ရွေးမယ် ဆိုရင်တောင် စံတွေ၊ နှုန်းတွေတော့ မရှိပါဘူး။ ကိုယ်လည်း အားကိုး ပြီး လေးစားရသူပေါ့နော်။ မိစန္ဒီ အားလည်း မကိုးချင်ပါဘူး။ ဒါပေမဲ့ ကိုယ်လေးစားရတဲ့ သူကိုတော့ ယောက်ျား ကောင်းတစ်ယောက်တော့ ဖြစ်စေချင်ပါတယ်” လို့ ပြောပါတယ်။

မိစန္ဒီက သူမထွက်ရှိထားတဲ့  အသဲလေး တေး စီးရီးရဲ့  MTV ကိုတော့ ၂ဝ၁၈ ခုနှစ်အတွင်းမှာ ထွက်ရှိမှာ ဖြစ်ပြီး လတ်တလော မှာတော့ သီချင်း ရေးရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ကီးဘုတ်၊ ပီယာနို၊ ဂစ်တာ စတဲ့ ဂီတပညာများ ကို လေ့လာ သင်ယူနေ တယ် လို့  မိစန္ဒီက ပြောပါတယ်။

“အဆိုပိုင်း အနေနဲ့ ကတော့ မိုးရာသီ လည်း ကုန်တော့မှာ ဆိုတော့ ပွဲတွေက  စက်တင်ဘာလ လောက်ဆို ပြန်စတော့ မှာပေါ့နော်။ အခု အချိန်တော့ ပွဲတွေ ရှားပါးနေတယ်။ “အသဲလေး” အခွေကို တော့ ကြိုက်ကြတယ်။ “အသဲလေး”ကို MTV ရိုက်ဖို့ ကြိုးစားနေပါတယ်။ ဒီ နှစ်ထဲမှာတော့ မထွက်ဖြစ်လောက် ဘူး။ နောက်နှစ်လောက်မှ ထွက်ဖြစ် ပါလိမ့်မယ်။ သီချင်းတွေရဲ့ အနှစ် သာရလေးတွေ ပုံပေါ် အောင်နဲ့ အရင် အခွေတွေနဲ့ မတူ အောင်တော့ မိစန္ဒီ ကြိုးစား သွားမှာပါ။ အခုနောက် ပိုင်း မိစန္ဒီသီချင်း တီးတာ တွေကို လေ့လာနေ တယ်။ ကီးဘုတ်လည်း သေချာသင်နေတယ်။ ပီယာနိုကိုလည်း သင်တယ်။ ဂစ်တာလည်း သေချာသင် နေတယ်။ သီချင်းရေးတဲ့ အပိုင်း မှာ ပိုပြီး အထောက်အကူပြု အောင်လည်း ပါတယ်။ နောက်ပိုင်းမှာ ပရိသတ် တွေအတွက် ကိုယ်တိုင် တီးပြီး ဆိုပြဖို့လည်း လုပ်နေပါတယ်။ မိစန္ဒီ က ပထမအခွေကတည်း ရေးခဲ့တာ ဆိုတော့ နောက်ပိုင်းမှာသီချင်း တွေကတော့ သီချင်း အကြောင်း အရာတွေပုံစံ တွေ မထပ်အောင် တော့ ကြိုးစားပြီး ရေးပါတယ်။ မိစန္ဒီရဲ့ သီချင်းတိုင်း ကတော့ မိစန္ဒီရဲ့ ခံစားချက်တွေပါ ပဲ” လို့ ပြောပြခဲ့ ပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ -အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here