ပဲခူးရိုးမ တောထဲက စိတ်လှုပ်ရှားစရာ ရိုက်ကွင်း

0
248

DSC_0017Celebrity ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ ဒုတိယမြောက် ပွဲဦးထွက် ရုပ်ရှင် ဇာတ်ကားအဖြစ် “တိုးကျော်မန်းနှင့် နန်းဆန်သူတို့ရွာ” ရုပ်ရှင် ဇာတ်ကားကို ပဲခူးရိုးမတောထဲ မှာ ရိုက်ကူးနေပါတယ်။ ဒါရိုက်တာ ကျော်သားကြီး ရိုက်ကူး ပုံဖော်တဲ့ ဒီရုပ်ရှင်ဇာတ်ကား မှာတော့ ကျော်ရဲ အောင်၊  ပြေတီဦး၊ ဗေလုဝ၊ သင်ဇာဝင့်ကျော်၊ အေးမြတ်သူတို့က အဓိက ဇာတ်ကောင် အဖြစ် ပါဝင်သလို၊ အခြားအနုပညာရှင် များစွာနဲ့ အားထုတ်ကြိုးစား ရိုက်ကူးနေတာ တွေ့ရပါ တယ်။ ဒီရုပ်ရှင်ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်နေတဲ့ ကျော်ရဲအောင်က

“ဒီဘက်ခေတ်ထဲမှာ ဒီလိုရိုက် ကူးတာမျိုး ကျွန်တော် မတွေ့တော့ဘူး။ ပြေတီလည်း သူ့နာမည် သူထိန်း တဲ့အချိန်ပေါ့။ ထုတ်လုပ်သူတွေ ဆို တာလည်း အရင်တုန်းကလည်း ဇာတ်ကားကောင်းကောင်းတွေ ကျွန်တော်တို့ ရိုက်ကူး ခဲ့ဖူးတယ်။ ဒီလိုမျိုးက တော်တော်လေး ရှားတယ်။ ဒါကျွန်တော်တို့ အတွက် အခွင့်အရေး ပဲ။ ဒီဇာတ်ကားက ကျွန်တော်လည်း မကြုံခဲ့ဖူးတဲ့ ဇာတ်ကားမျိုး။ သိုက်လို လို၊ နန်းလိုလို၊ စုန်းလိုလိုနဲ့ပေါ့။ ဒီဇာတ်ကားကတော့ ကြည့်ရတဲ့သူ တွေအတွက် ပုံစံ ဖီလင်ပြောင်းသွား မယ် ထင်ပါတယ်”လို့ “တိုးကျော်မန်း နှင့် နန်းဆန်သူတို့ရွာ” ရုပ်ရှင်ဇာတ်ကားမှာ အဓိက ဇာတ်ဆောင်အဖြစ် ပါဝင် သရုပ်ဆောင်နေတဲ့ ကျော်ရဲအောင်က ပြောပါတယ်။
DSC_0040
ဒီရုပ်ရှင် ဇာတ်ကားမှာ အခက်အခဲတွေကြား ကြိုးစားပန်းစားနဲ့ တက်ကြွစွာ သရုပ်ဆောင်နေတဲ့ ပြေတီဦး ကိုလည်း တွေ့မြင်ရပါတယ်။ “တိုးကျော်မန်းနှင့် နန်းဆန်သူတို့ရွာ” ရုပ်ရှင်ဇာတ်ကား ကိုတော့ သြဂုတ်လ ၂၉ ရက်နေ့က စပြီး ပဲခူးရိုးမတော အတွင်း (ပေါက် ခေါင်းမြို့အနီး) ရှိ Bago Yoma Eco Resort  မှာ သွားရောက်ကာ ဇာတ်ဝင်ခန်း တချို့ကို ခက်ခက်ခဲခဲ အပင်ပန်း ခံကာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ-မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here