လိင်ပြောင်းလဲ ခွဲစိတ်လိုက်ရခြင်း အကြောင်း အလှမယ် မျိုးကိုကိုစန်း ရှင်းပြ

0
298

Myoe-Ko-Ko-Tin-SanMiss International Queen Myanmar 2015 ဂေးအလှမယ် မျိုးကိုကို စန်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ Komol Cosmetic & Plastic Surgey  ဆေးရုံမှာ လိင်ပြောင်းလဲ ခွဲစိတ်မှုပြုလုပ်နေကြောင်း သိရပါတယ်။ အခုလို လိင်ပြောင်းလဲ ခွဲစိတ်ဖြစ်ရခြင်း အကြောင်း ကိုတော့ …

“အခုလို လုပ်ဖြစ်တာက ဆေးရုံရဲ့ ပင်တိုင်မော်ဒယ်လ် အနေနဲ့ ရွေးချယ်ခံ ရပြီး ဆေးရုံက အစအဆုံး အကုန်အကျခံပြီး Free လုပ်ပေးလို့ လုပ်ရခြင်း ဖြစ်ပါတယ်။ ကိုယ့်ဘာသာ လုပ်ရင်တော့ မြန်မာငွေကျပ်သိန်း တစ်ရာလောက် တော့ ကုန်မယ်ထင်တယ်။ ခွဲစိတ်ပြီးသွားပါပြီ။ အားလုံး အဆင်ပြေပါတယ်။ ခွဲစိတ်ပေးတဲ့ ဆရာဝန်က တစ်ကမ္ဘာလုံးမှာ ဒုတိယဆု ရထားတဲ့ဆရာဝန် ကိုယ်တိုင် လုပ်ပေးတာဆိုတော့ အေးဆေးပါပဲ။ ဘာမှမဖြစ်ပါဘူး။ အရမ်းလည်း သက်သာပါတယ်။  နာလည်းမနာပါဘူး။ အစပ်တွေတော့ စားလို့မရသေးပါဘူး။ ၂၃နှစ်ပြည့် မွေးနေ့မှာ မိန်းမပျိုတစ်ဦး အဖြစ်တစ်ဖန် မွေးဖွားခြင်းပါ”လို့ သူ့ရဲ့ အွန်လိုင်း စာမျက်နှာထက် ကနေ ပြောပြခဲ့ပါတယ်။

လိင်ပြောင်းလဲ ခွဲစိတ်လိုက်ပြီ ဖြစ်တဲ့ အလှမယ်မျိုးကိုကိုစန်းက ဆေးရုံမှာ ၇ရက်လောက် နေရမှာဖြစ်ပြီး ဆေးရုံရဲ့ apartment  မှာ တစ်လလောက် နေရဦးမှာဖြစ်ကြောင်း သိရပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here