တင်ဇာမော် တစ်ကိုယ်တော်ပွဲကို စီစဉ်မယ့် Nine Planet

0
209

9+ အောက်တိုဘာလ ၇ ရက်နေ့မှာ ပြုလုပ် မယ့် တင်ဇာမော်ရဲ့ တစ်ကိုယ်တော် ဂီတပွဲကို စီစဉ်ပြုလုပ်မယ့် သူကတော့ Nine Planet Entertainment ပဲ ဖြစ်ပါတယ်။ ဒီပွဲကို စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး Nine Planet Entertainment မှ ကို သက်ဖုန်းနိုင်က…

“ကျွန်တော့် အနေနဲ့ရှေ့မှာပွဲတွေ အများ ကြီး လုပ်ခဲ့ဖူးပါတယ်။ရော့ခ်ဂီတပွဲတွေကို အဓိက စီစဉ်တဲ့ Entertainment တစ်ခုလို့ လည်း သိကြပါတယ်။ ဒီကြားထဲမှာ  ရသမတူ တဲ့ပွဲအနေနဲ့ Back to millenniun ဆိုတဲ့ ၂ဝဝဝ ပြည့်နှစ်ဝန်းကျင်က ဟစ်ဟော့ပ်အဖွဲ့ တွေနဲ့လည်း ပွဲတွေ လုပ်ခဲ့ပါတယ်။ ဒီတစ် ခေါက်မှာတော့ Legendar မှ Pop Queen တစ်ယောက်ဖြစ်တဲ့ မတင်ဇာ မော်ရဲ့ပွဲ ကို စီစဉ်မှာ ဖြစ်ပါတယ်။

ဒီပွဲ မှာတော့ 7 Concert လို့  နာမည်ပေး ထားတဲ့အတိုင်း မတူညီတဲ့ရသ ခုနှစ်မျိုး နဲ့ တင်ဆက်သွားမှာ ဖြစ်ပါတယ်” လို့ ကိုသက်ဖုန်းနိုင် ကပြောပါတယ်။

တင်ဇာမော်ရဲ့တစ်ကိုယ်တော် ဂီတပွဲကို Dream Lover တီးဝိုင်း က တီးခတ်ပေးမှာ ဖြစ်ပြီး အောက်တိုဘာ ၇ ရက်နေ့ သုဝဏ္ဏဘူမိ ကွင်းမှာ ပြုလုပ်မှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။

ပွဲမတိုင်ခင်မှာတော့ 7 concert ဆိုတဲ့ နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာ တစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ပရိသတ်များ အတွက် ပဟေဠိများလည်း မေးမြန်းကာ အထူးလက် ဆောင်များ ပေးသွားဖို့ အစီအစဉ်ရှိတယ် လို့လည်း ကိုသက်ဖုန်းနိုင်က ပြောပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here