ရွှေနန်းတော် စိန်ရွှေရတနာ မိသားစု ဒေါက်တာ သက်သက်ခိုင်၏ ရွှေရတုမွေးနေ့ပွဲ

0
509

MIN_6828

 ဒေါက်တာအောင်ကျော်ဝင်း၊  ဒေါက်တာ သက်သက်ခိုင်၊ သမီး သက်ရတနာကျော်ဝင်း ရွှေနန်း တော် စိန်ရွှေရတနာဆိုင် မိသားစုမှ ဒေါက်တာသက်သက်ခိုင်ရဲ့” ရွှေရတု မွေးနေ့အထိမ်းအမှတ် ကုသိုလ်” ပွဲကို သြဂုတ်လ ၁၉ရက်နေ့က Sedona Hotel မှာ ကျင်းပခဲ့ပါ တယ်။

Shwe-Nan-Taw

အဆိုပါ ရွှေရတုမွေးနေ့ မင်္ဂ လာမှာတော့ ပါမောက္ခချုပ် ဆရာ တော်၊ အဂ္ဂမဟာ ပဏ္ဍိတ၊ ဒေါက်တာ အရှင် နန္ဒမာလာဘိဝံသ ရဲ့ တရား တော်ကို နာယူပြီး သာသ နာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေး အပါးတစ်ထောင့်တစ်ရာတို့အား နေ့ဆွမ်းကပ်ခြင်း၊ သာသနာ့ နုဂ္ဂဟ ကုသိုလ် ဓမ္မဒါနကုသိုလ်၊ ပညာဒါန ကုသိုလ်၊ စတုပစ္စယဒါန ကုသိုလ်၊ အာယုဒါန ကုသိုလ်၊ ပရဟိ တ ကုသိုလ် လှူဒါန်းမှုအစုစုတို့ အတွက် ရေစက်ချအလှူတော် မင်္ဂလာ ကျင်း ပပြုလုပ်ခဲ့ပါတယ်။ ဒီ့အပြင် ပါမော က္ခချုပ် ဆရာတော် ဘုရား ကြီးအား

SHwe-Nan-Taw-2

နဝကမ္မအလှူငွေကျပ်သိန်း ၁ဝဝ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓ တက္ကသိုလ်အတွက် အလှူငွေ ကျပ် သိန်း ၁ဝဝ၊ ဓမ္မဒူတ ဆေကိန္ဒာ ရာမ ကျောင်းတိုက် ဝင်းအတွင်းတည ဆောက်လျက်ရှိသော ဓမ္မဒူတ ဗုဒ္ဓ တက္ကသိုလ်အတွက် အလှတော်ငွေ ကျပ်သိန်း  ၂ဝဝ၊ သမိဒ္ဓေါဒယ သုခိ တာရာမ ဒေါ်ဥာဏစာရီမြန်အောင် ကျောင်းတိုက်၊ စမ်းချောင်း ကျပ်သိန်း ၅ဝ၊ ရွှေမြိုင် သီရိ (သီ) စာသင်တိုက်၊ မရမ်း ကုန်း သိန်း ၅ဝ၊ သမိဒ္ဓေါဒယ မော်လမြိုင်(သီ) စာသင်တိုက်၊ သက္ကနိမ္မိတာရုံ (သီ) စာသင်တိုက်၊ ဗဟန်း ကျပ်သိန်းက ၅ဝ၊ သမိဒ္ဓေါ ဒယသုခကာမီ (သီ) စာသင်တိုက်၊ အသောကာရာမ (သီ) စာသင်တိုက်၊ မင်္ဂလာဒုံကျပ်သိန်း ၅ဝ၊ ဓမ္မဝါဒီ (သီ) စာသင်တိုက်၊ အင်းစိန်၊ သာသနော ဒယ (ပြည်) စာသင်တိုက်၊ မရမ်းကုန်း ကျပ်သိန်း ၅ဝ၊ မိုးကုတ်မြို့အ နောက် ပိုင်းတွင်တည်ဆောက်လျက် ရှိသည့် ကျပ်ပြင် ဆေးရုံအတွက် အလှူငွေ ကျပ်သိန်း ၂ဝဝ၊ ရှင်သန်ရေး ကူညီမှု အသင်း ပညာ ရေးဖွံ့ဖြိုးမှု မတည် လှူဒါန်းငွေ ကျပ်သိန်း ၂ဝဝ၊ ဒဂုံ မြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဆိုလာမီးတိုင် ၅တိုင် တန်ဖိုးငွေ ကျပ်သိန်း ၆ဝ ၊ ရှင် သန်ရေး ကူညီမှု အသင်း Oxygen ဗူး ၁ဝဝ အတွက် အလှူငွေကျပ် ၅၆ သိန်း၊ ဇီဝိတဒါန သံဃာဆေးရုံ အတွက် လှူဒါန်း ငွေကျပ်သိန်း ၅ဝ၊ တောင်ကုတ်မြို့နယ်၊ ဝပြည့်ကျေးရွာ မူလတန်းကျောင်း အတွက် အလှူငွေကျပ် ၃၆ သိန်း၊ သီလရှင်ဆရာကြီး၊ ဆရာလေး အပါး တစ်ထောင့် တစ်ရာတို့အတွက် နေ့ ဆွမ်း ဆက်ကပ်ခြင်းနှင့် ဧည့် ပရိသတ် များအား ဧည့်ခံကျွေးမွေးခြင်း အပါ အဝင်စုစုပေါင်း အလှူတော် ငွေကျပ် သိန်း ၁၉ဝဝကျော်တို့ကို လှူဒါန်းခဲ့ပါ တယ်။

ချယ်ရီ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here