တစ်ယောက်တည်း ဆိုပေမယ့် ပြည့်စုံတဲ့ဘဝပါပဲ ဆိုတဲ့ စိုးမြတ်သူဇာရဲ့ ၄၆ နှစ်ပြည့်မွေးနေ့

0
345

Ma-Gyi-SOe.-2jpgသရုပ်ဆောင် စိုးမြတ်သူဇာ က သြဂုတ်လ ၃၁ရက်မှာကျရောက်တဲ့ ၄၆နှစ်ပြည့် မွေးနေ့ အလှူ အဖြစ် နေအိမ်လမ်းထိပ်က ဓမ္မာရုံမှာ သံဃာ များနဲ့ သီလရှင်များကိုအရုဏ် ဆွမ်းလောင်းလှူ ခဲ့ပါတယ်။ မွေးနေ့ တိုင်း အရုဏ်ဆွမ်း လောင်းလှူတာ အခုဆိုရင် ၂၄နှစ် ရှိပြီဖြစ်ကြောင်း ပြောတဲ့မွေးနေ့ရှင် စိုးမြတ်သူဇာက

“ဒီနေ့ ကျွန်မ ၄၆ နှစ်ပြည့်ပါ တယ်။ ၂ဝ၁၇ က ကျွန်မ အတွက် အလုပ်များတဲ့ နှစ်ပါပဲ။ အိမ်မှာနေ ရတဲ့ အချိန်တွေ အရမ်း နည်းလို့ပါ။ လာ သမျှ အလုပ်တွေကို မညည်းမညူ ပျော်ပျော်ရွှင်ရွှင် နေ့နေ့ညညလုပ် ရင်း တစ်နှစ်ဆိုတဲ့ အချိန်တွေ ကုန်ခဲ့ တယ်။၃၁  မနက်ဓမ္မာရုံမှာ ဆွမ်း လောင်းပြီးတာနဲ့ မေမြို့ တက်ခဲ့ တယ်။ နောက်နေ့ အလုပ် အတွက် ပြင်ဆင်ပြီး ညမိုးချုပ်အိပ်ကာ နီးမှ ကျွန်မအတွက် ဆုတောင်း စာတွေကို ဖတ်ရပါတယ်။ ကျွန်မကို ချစ်တဲ့သူ တွေကျွန်မ ချစ်ရသူတွေရဲ့ ဆုတောင်း စာတွေကို ဖတ်ရတဲ့ အချိန်က ကျွန်မ တစ်ယောက် တည်း ဆိုပေမဲ့ ကျွန်မ အတွက်ကတော့ ဒီအချိန်ကပြီးပြည့် စုံတဲ့ဘဝပါပဲ”လို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here