အိမ်ထောင်ပြုပြီးမှ လမ်းခွဲတာမျိုး မဖြစ်ချင်တဲ့ ချစ်စနိုးဦး

0
161

Chit-Snow-Oo

ပရိသတ်တွေ သိရှိပြီးသားဖြစ်တဲ့ အဆိုတော်တစ်ဦးနဲ့ သရုပ်ဆောင် ချစ်စနိုးဦးတို့ရဲ့ Relationship ကတော့ လေးနှစ်အတိုင်းအတာကို ရောက်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေနဲ့အတူ ရှေ့ဆက်ပြီး လက်ထပ်ဖို့တော့ အချိန်ယူ ပြင်ဆင်ရဦးမယ်လို့ ချစ်စနိုးက ဆိုပါတယ်။

“အစ်မတို့ relationship ကတော့ ၄ နှစ်ရှိပါပြီ။ အစ်မတို့နှစ် ယောက်က အနုပညာသမား အချင်းချင်းဆိုတော့ သိပ်ပြီး ပြောစရာမ လိုပါဘူး။ သူလည်း အဆိုဘက်မှာလုပ်တယ်။ အစ်မလည်း ကိုယ့်အနု ပညာ ကိုယ်လုပ်တယ်။ ဒီအတွက် တကူးတကကြီး ပြောနေစရာ မလိုပါ ဘူး။ လူတွေလည်း သိကြတဲ့အတွက် သီးသန့်ပြောစရာမလိုဘဲ နားလည် ပေးပါတယ်။ မင်္ဂလာဆောင်ကတော့ လိုပါသေးတယ်။ အချိန်တန်ရင် တော့ အစ်မတို့ ယူကြမှာပါ။ လူတစ်ယောက်နဲ့ တစ်ယောက် ချက်ချင်း ကြိုက်၊ ချက်ချင်းယူတာမျိုးကို အစ်မအားမပေးဘူး။ သူများတွေ ယူ ကြရင် ပြောသလို ကိုယ်ကိုယ်တိုင်လည်း ဒီလိုမဖြစ်ချင်ဘူး။

လူတစ် ယောက်နဲ့ တစ်ယောက်ဆိုတာ တွဲတာကြာပြီးမှ သူဘာလဲ၊ ကိုယ် ဘာလဲဆိုတာ သိတာပါ။ ပထမ သမီးရည်းစားဘဝ ကြိုက်ကြိုက် ချင်းမှာ လူတိုင်း ဟန်ဆောင်ကြတယ်။ နှစ်တွေကြာမှ ဟန်ဆောင် တာတွေ ကွာပြီး ဒီလူကို တစ်သက်လုံးစာအတွက် ငါယူနိုင်လား။ ဒီလိုမျိုး အစ်မကတွက်တယ်။ မိန်းကလေး ဆိုတာက မြန်မာပြည်မှာ အဆင်မပြေကြလို့ ကွဲကြရင်တောင်ကိုယ်တွေပဲနစ်နာကြတာပါ။ တစ် ခုလတ် ဆိုတဲ့အမည် ကိုယ်ပဲရတာလေ။ ဒီလိုမျိုး အိမ်ထောင်ကျ ပြီးမှလည်း အစ်မ မကွဲချင်ဘူး။ ဒါကြောင့်ကိုယ့်ဘက်ကိုသေချာ အောင် အဘက်ဘက်က သေချာအောင် ပြင်ဆင်ပြီးမှယူကြမှာပါ”လို့ ပြောပြပါတယ်။ချစ်စနိုးဦးရဲ့ အနုပညာလှုပ်ရှားမှုတွေကတော့ နောက်ပိုင်းမှာ အနည်းငယ် ကျဲပါးလာတာကို တွေ့ရပါတယ်။ ဖခင် ဖြစ်သူ နေမကောင်းဖြစ်ခဲ့တာကြောင့် အနုပညာလောကနဲ့ လည်း ကာလအတန်ကြာ အဆက်အသွယ် ပြက်သွားခဲ့တယ် လို့ ချစ်စနိုးဦးက ဆိုပါတယ်။ လှလှပပ ဝတ်စားပြီးရိုက် ကူးရတာထက်သဘာဝဆန်ပြီး ပရိသတ်တွေ ရင်ထဲစွဲ ကျန်စေမယ့် ဇာတ်လမ်းတွေ ရွေးချယ်ရိုက်ကူးနေတယ် လို့ ချစ်စနိုးဦးကပြောပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here