မြန်မာအနုပညာရှင်တွေ အပြင် ဂျပန်နိုင်ငံမှ အနုပညာရှင်တွေပါ ပါဝင် သရုပ်ဆောင်ခဲ့ကြတဲ့ ‘ဇာတိမြေ’ရုပ်ရှင်ဇာတ်ကား

0
347

MyCountryမြန်မာဂျပန်နှစ်နိုင်ငံ ချစ် ကြည်ရေးကို ရည်ရွယ်ပြီး  MNTV  ရုပ်သံလိုင်းနဲ့ JIB တို့ ပူးပေါင်းရိုက် ကူးတဲ့ My Country My Home “ဇာတိမြေ” ရုပ်ရှင် ဇာတ်ကားကြီးကို ဂျပန်နိုင်ငံမှာ စတင် ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ဂျပန်ဘာသာစကား ပြောပြီးသရုပ်ဆောင် ရမှာဖြစ်တဲ့ အတွက် စိုးရိမ် စိတ်တွေ များနေတယ် လို့ ဆိုတဲ့ ဝတ်မှုံရွှေရည်က

“ဂျပန်မှာ ပထမဦးဆုံး ရိုက် ကူးရမှာ ဖြစ်တဲ့ အတွက် ကစ်အနေနဲ့ တအား ရင်ခုန်ပါတယ်။ ဂျပန်ယဉ် ကျေးမှုနဲ့ မြန်မာယဉ်ကျေးမှု ဘယ် လိုတွေ ကွာမလဲ၊ အိုက်တင်တွေ ဘယ် လိုလုပ်ရမလဲ၊ ဂျပန်စကား ကိုတော့ ကြိုပြီးလေ့ကျင့်ထားတယ်။ ဒါပေမဲ့ ရိုက်ကူးတဲ့ အခါမှာ အဆင်ပြေပါ့ မလား ဆိုပြီး စိုးရိမ်စိတ်တွေရော၊ ရင်ခုန်မှုတွေရော ဖြစ်ပါတယ်” လို့  ပြောပါတယ်။ ဒီဇာတ်ကားကို သြဂုတ်လ ၂၈ရက်နေ့က ဂျပန်နိုင် ငံမှာ စတင် ရိုက်ကူးခဲ့ပြီး မြန်မာအနု ပညာရှင်များ သာမက ဂျပန်နိုင်ငံမှ အနုပညာရှင် များလည်း ပါဝင်သရုပ် ဆောင်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားမှာ စာရေးဆရာ၊ ဒါရိုက် တာ ဦးသုခရဲ့သား ဦးသုခရဲအောင် ကလည်း ဂျပန်နိုင်ငံမှာ အနှစ်နှစ် ဆယ်လောက်ရောက်နေတဲ့  မြန်မာ နိုင်ငံသား အဖြစ် ပါဝင်အားဖြည့် ထားကြောင်းလည်း သိရပါတယ်။ “ဇာတိမြေ” ဇာတ်ကားရဲ့ ၇ဝရာခိုင် နှုန်းကိုတော့ ဂျပန်နိုင်ငံမှာ ရိုက်ကူး သွားမှာဖြစ်ပြီး ၃ဝ ရာခိုင်နှုန်းကိုတော့ မြန်မာနိုင်ငံမှာ ရိုက်ကူး သွားမှာ ဖြစ် တယ်လို့ သိရပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here