အသက် ၈ဝ ကျော် မိဘနှစ်ပါးကိုသေချာ ပြုစုပေးချင်တဲ့ အတွက် ကလေးမယူသေးတဲ့ ဂွမ်းပုံ

0
366

GonPooneသြဂုတ်လ ၃၁ ရက်နေ့မှာ ကျ ရောက်တဲ့ ဂွမ်းပုံရဲ့ မွေးနေ့အလှူကို တော့ ဗုဒ္ဓဂယာမှ “အေးချမ်း အောင်မြင်” အုတ်ခွက်ဘုရားအား နေအိမ်တွင် ပင့်ဆောင်ပူဇော် အလှူဒါန ပြုလုပ်ခဲ့ပါတယ်။သူ့ထက် အသက် ၁၃ နှစ်ငယ် တဲ့ ခင်ပွန်းဖြစ် သူ ကိုမြတ်ထွန်းရွှေ က အသက် ငယ်ပေမယ့် သူ့အပေါ် လူကြီးဆန်ပြီး နားလည်မှု ပေးနိုင်တဲ့ ပါရမီဖြည့်ဖက် တစ်ယောက်ဖြစ် ကြောင်း ဂွမ်းပုံက ပြောပါတယ်။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ ဂွမ်းပုံက အသက် ၈ဝ ကျော် အရွယ်ရှိ နေပြီ ဖြစ်တဲ့ မိဘ ၂ ပါးကို အခုအချိန်ထိ ပြုစု စောင့် ရှောက်ပေးရတဲ့ အတွက် ရင်သွေး မယူသေးကြောင်း ဆိုပါတယ်။

“အစ်မအပေါ်မှာ သူက အရမ်း ချစ်တယ်။ အသက်ငယ်ပေမယ့် အစ်မ အပေါ်မှာ သူကလူကြီး ဆန် တယ်။ အစ်က သူ့ထက်လူကြီးဖြစ် တယ်။ ဒါပေမဲ့ ကလေးဆန်တယ်။ သူကလည်း ကလေး တစ်ယောက်လို ချစ်တယ်။ ကလေး မယူတော့ပါဘူး။ ကျန်းမာရေး အခြေအနေ အရရော၊ အစ်မမှာက အသက် ၈ဝ ကျော် မိဘနှစ်ပါးလုံးရှိတယ်။ အစ်မက တစ် ဦးတည်းသောသမီးဆိုတာ မိဘ တွေကို အစ်မကြည့်မှရမှာ။ အဲဒါ ကြောင့် ကလေးမယူတော့ပါဘူး” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here