ဇာတ်လမ်းတွဲ ရိုက်ကူးဦးမယ့် ခင်ဝင့်ဝါ

0
189

K-W-Warသရုပ်ဆောင် ခင်ဝင့်ဝါကို ဇေရဲထက်နဲ့ အတူတွဲဖက် သရုပ်ဆောင်ထားတဲ့ “မြို့သား တောသူ” ဇာတ်ကားမှာ Tom Boy ကာရိုက်တာနဲ့ ဒုတိယအကြိမ် ထပ်မံ မြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။ ယောက်ျားလေး တစ်ယောက်လို အပြင် အဆင်နဲ့ သရုပ်ဆောင် ပုံစံက ခင်ဝင့်ဝါ အတွက်တော့ ခက်ခဲမှု မရှိပေမယ့် ဇေရဲ ထက်ကို မိန်းမ တစ်ယောက်လို ကြိုက်ရတဲ့ပုံစံမျိုး သရုပ်ဆောင်ရတော့ ကိုယ့် ကိုယ်ကိုယ် ရယ်ချင်မိတယ်လို့ ဆိုပါတယ်။ ခင်ဝင့်ဝါက…

“ညီမက ဒီဇာတ်ကားထဲမှာ  ယောက်ျားလျာ ပုံစံလေးနဲ့ပါ။ ညီမအတွက် ယောက်ျားလေး ပုံစံ သရုပ်ဆောင်ရတာ ဒီဇာတ်ကားနဲ့ဆို ဒုတိယ အကြိမ် မြောက်ပေါ့။ ပထမတစ်ကားက ဦးညီညီထွန်းလွင် ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ် ကားမှာပါ။ အခုကတော့ ယောက်ျားလေး တစ်ယောက် လို ကိုယ့်ကိုယ် ကိုယ် လုံးဝခံယူထားတဲ့ ပုံစံပါ။ ဒီလို Tom Boy ကာရိုက်တာက ညီမအတွက် mood သွင်းစရာ သိပ်မလို ပါဘူး။ ပုံမှန် ရှိနေတာလေးကိုပဲ ထပ်ပိုးပြီး သရုပ်ဆောင် ထားတာပါ။ အဝတ်အစား၊ အပြင်အဆင်လေးနဲ့ တော့ မွန်းမံတဲ့သဘောပေါ့။ ယောက်ျားလျာ မဟုတ်ဘဲ တကယ့်ယောက်ျား လို စိတ်သွင်းပြီး ကိုဇေရဲထက်ကို မိန်းမ တစ်ယောက်လို မြင်ပြီး ကြိုက် တဲ့ ပုံစံမျိုးဆိုတော့ ဘယ်လိုလုပ်ရင် ကောင်းမလဲတော့ တွေးပြီးရယ် ချင်မိပါတယ်” လို့ ပြောပြပါတယ်။

ခင်ဝင့်ဝါ အနေနဲ့ “ဆယ်လီ” ရုပ်ရှင်ဇာတ်ကားမှာ ကလေး အမေ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး နောက်ထပ် လည်း ဒါရိုက်တာ မီးပွားနဲ့အတူ ဇာတ်ကားတွေ ရိုက်ကူးဦး မယ့်အပြင် ဇာတ်လမ်းတွဲရိုက်ကူးဖို့ အစီအစဉ်ရှိတယ်လို့ သိရ ပါတယ်။ အောက်တို ဘာလ လောက်မှာ ဆရာမ မေသင်္ကြန်မိုးရဲ့ ဝတ္ထုကို ဇာတ်လမ်းတွဲ ရိုက်ကူးမယ်ဆိုတဲ့ ခင်ဝင့်ဝါ အတွက် ဒီဇာတ် ကားကတော့ သူ့ရဲ့ပထမဆုံး ဇာတ်လမ်းတွဲ ဖြစ်လာမှာပါ။ ဒါကြောင့် နောက်ပိုင်းမှာ ဇာတ်လမ်းတွဲ ရိုက်ကူးမှု များပြားလာခြင်းအပေါ် သရုပ် ဆောင် ခင်ဝင့်ဝါ ရဲ့ အမြင်ကို မေးမြန်းတော့…

“ဇာတ်လမ်းတွဲတွေ ဒီမှာရိုက်ကူးလာတာ ကောင်းပါတယ်။ တီဗီမှာ လည်း ကိုရီးယား၊ အိန္ဒိယ ဇာတ်လမ်းတွဲ စတာတွေကို ပရိသတ်က အမြဲ ကြည့်နေကြပဲလေ။ မြန်မာဇာတ်လမ်းတွဲတွေ ရိုက်ကူးပြီး မြန်မာပရိသတ်တွေ အားပေးတော့ ပိုကောင်းတာပေါ့။ ဒါကြောင့် ဇာတ်လမ်းတွဲတွေ ရိုက် ကူးလာကြတာ ကောင်းတယ်။ သေချာသွားရင် ပရိသတ်တွေလည်း အားပေးကြပါဦး” လို့ ပြောပြပါတယ်။

မြတ်မိုးပွင့်၊

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here