Miss Universe Pyin Oo Lwin 2017 အလှမယ် ထွဋ်မြတ်ရွှေရည် ရဲ့ ၁၆ နှစ် ပြည့်မွေးနေ့ပွဲ

0
313

ZAW_7625Miss Universe Pyin Oo Lwin 2017  အလှမယ်ထွဋ်မြတ် ရွှေရည်ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ ပွဲကို သြဂုတ်လ ၃ဝ ရက်နေ့ ည ၆နာရီ ခွဲက ဆီဒိုးနားဟိုတယ်က Chinese Restaurant မှာ ကျင်းပ ခဲ့ပါတယ်။ အဆိုပါ မွေးနေ့ ပွဲကို မွေးနေ့ရှင်ရဲ့ သူငယ်ချင်း မိတ်ဆွေများနဲ့ ဂုဏ် သရေရှိ ဧည့်သည်တော် များစွာ တို့က တက်ရောက် ဂုဏ်ပြုပေးခဲ့ကြပါ တယ်။ ၁၆ နှစ်ပြည့် မွေးနေ့ပွဲနဲ့ ပတ်သက်ပြီး အလှမယ် ထွဋ်မြတ်ရွှေရည်က …

“ညီမမွေးနေ့က တကယ်တော့ သြဂုတ်လ ၂၉ ရက်နေ့ပါ။ အဲဒီ နေ့က တခြား အလုပ် ကိစ္စလေးတွေ ရှုပ်နေတာနဲ့ တစ်ရက်ရွေ့ ပြီး ဒီညမှ လုပ်ဖြစ်တာပါ။ ညီမက မွေးနေ့ ပွဲတွေ နှစ်တိုင်း မလုပ်ဘူး။ ဒီနှစ်က တော့ ၁၆ နှစ်ပြည့်မို့ မွေးနေ့ပွဲ လုပ်ဖြစ်သွားတယ်။ ၁၃ နှစ်တုန်း ကတော့ တစ်ခါမွေးနေ့ပွဲ လုပ်တယ်။ ၁၈ နှစ်ပြည့်မှာ တစ်ခါထပ် လုပ်ချင် လုပ်မယ်။ အဲဒီလောက်ပါပဲ။ ၁၆နှစ်ပြည့်ပြီ ဆိုတော့ ကလေး အသက် မဟုတ်တော့ ဘူးပေါ့နော်။ ၁၅ နှစ်တုန်းက ကလေးဆန်နေသေးတယ်။  ၁၆နှစ်ဆိုတော့ နည်းနည်း လူကြီးဆန် လာသ လို ခံစားရ တယ်”  လို့ ပြောပါတယ်။

အလှမယ် ထွဋ်မြတ်ရွှေရည်က ISM (International School of Myanmar) မှာ ကျောင်းတက်နေ တာဖြစ်ပြီး ကျောင်း တက်ရင်းနဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင် ဆောင်ရွက် နေသူဖြစ်ပါ တယ်။ ပညာရေးနဲ့ အနုပညာကို မျှတအောင် ဆောင် ရွက်နေဖြစ်ပုံကို တော့ ထွဋ်မြတ် ရွှေရည်က…

“ညီမက အခု ISM  မှာ ၁၁တန်း တက်နေတာ ပါ။ ၁၂တန်းပြီးရင်တော့ American ဒါမှမဟုတ် Australian  မဟုတ်ရင် England တို့မှာ ကျောင်းသွား တက်ဦးမယ်။ အဲဒီအခါကျရင်လည်း သွား လိုက်လာ လိုက်နဲ့ပဲ အနုပညာ အလုပ်ကို လုပ် သွားမယ်။ အခုလောလောဆယ်တော့ ကျောင်းနဲ့ ညှိပြီး အနုပညာအလုပ်တွေ လုပ်နေတယ်။ MTV တွေ ကြော်ငြာတွေကို လက်ခံ ရိုက်ကူးပေး ဖြစ်နေပါတယ်။ အနုပညာ အလုပ်ချည်းပဲ တစိုက် စိုက်မတ်မတ် လုပ်ဆောင် သွားဖို့ကတော့ အချိန်ကြာ ပါဦးမယ်။ပြီးတော့ ညီမက အနုပညာဘက်ဆိုရင် Music ဘက်လည်း ဝါသနာပါတယ်။ Actor  ဘက်လဲဝါသနာပါတယ်။အဲဒီတော့ အသက်ကြီးလာ တဲ့တလျောက် မှာတော့ ကိုယ်အားသာတဲ့  ဘက်ကို ကူးဖို့တော့ စိတ်ကူးထားပါတယ်” လို့ ပြောပါတယ်။

အလှမယ် ထွဋ်မြတ်ရွှေရည်က အခုနှစ်ကျင်းပတဲ့ Miss Universe Myanmar 2018 ပြိုင်ပွဲကြီးကို ဝင် ရောက် ယှဉ်ပြိုင်နေတာဖြစ်ပြီး အကောင်းဆုံး ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးစားပြင်ဆင်နေ ကြောင်း သိရပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here