မြန်မာဝတ်စုံ ဝတ်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ် လက်ဝှေ့မယ် ဘယ်ရောနီကာ

0
232

ba

တိုက်ခိုက်ရေးပညာရပ်က တကယ်တော့ နူးညံ့သိမ်မွေ့ဖို့က သိပ်တော့မလွယ်လှပေ။ အပြင်မှာ နူးညံ့မှုရှိပေမယ့် ပြိုင်ပွဲမှာတော့ ခက်ထန်မာကျောမှုရှိမှ တန်ရာကျပါတယ်။ မြန်မာ့လက်ဝှေ့မယ်လေး ဘယ်ရောနီကာလည်း ထိုနည်းတူ စွာပင်။ အပြင်မှာသိမ်မွေ့ နူးညံ့ပေမယ့် ပြိုင်ပွဲမှာတော့ သူ့ရဲ့ခက်ထန် မာကျောမှုက ဂျပန်လက်ဝှေ့မယ် မိုမိုကိုကို သွား၃ချောင်း ကျွတ်အောင် ထိုးပြခဲ့မှုက သက်သေဖြစ်ပါတယ်။ အရင်အချိန်က အားကစား capm မှာ နေခဲ့ရသူမို့ အားကစားဝတ်စုံသာ အမြဲဝတ်ဆင်ရတဲ့ ဘယ်ရောနီကာက အခုနောက်ပိုင်းမှာတော့ မြန်မာဝတ်စုံလေးနဲ့ လှပလို့နေတယ်။

” မြန်မာဝတ်စုံစဝတ်တော့ ကိုယ့်နဲ့မလိုက်ဖက်ဘူးဆိုပြီး မနေတတ်ဘူးပေါ့။         ဒါပေမဲ့ ဝတ်လိုက်တဲ့အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာတယ်။ အရမ်း လှပသွားတဲ့ မိန်းကလေးတစ်ယောက်လို ခံစားရတယ်။ စိတ်တွေလည်း နူးညံ့ လာတယ်လေ”လို့ ဘယ်ရောနီကာက မြန်မာဝတ်စုံဝတ်ဆင်ရတဲ့ ဖီလင်ကို ပြောပြ ခဲ့ပါတယ်။

အနုပညာဆိုတာကတော့ လူတွေရဲ့ စိတ်နှလုံးကို ဆွဲဆောင်တဲ့ အရာတစ်ခု ပါ။ မြန်မာဝတ်စုံတွေ ဝတ်ဆင်ပြီး နာမည်ကျော်တဲ့ မင်းသမီးတွေလည်းရှိနေခဲ့  ပါတယ်။ ဘယ်ရောနီကာကတော့ သူမရဲ့ ခရေဇီဖြစ်တဲ့ မင်းသမီးအကြောင်းကို အခုလို ပြောပြပါတယ်။

“မြန်မာဝတ်စုံနဲ့ မင်းသမီးထဲကတော့ အေးမြတ်သူကို အရမ်းကြိုက်တယ်။ သူဝတ်တဲ့ပုံစံကြည့်ပြီး သူ့လို ဖြစ်ချင်လိုက်တာ။ သူ့လိုလှချင်လိုက်တာ။ သူ့လိုမြန်မာဆန်ဆန်လေး ဖြစ်ချင်လိုက်တာဆိုတဲ့ စိတ်ဖြစ်မိ တာပေါ့”လို့ ဘယ်ရောနီကာက သူမရဲ့ခရေဇီကို ပြောပြခဲ့ပါတယ်။

မျိုးကျော် (ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here