ဝိတ်တက်နေလို့ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ ခရစ္စတီးနား

0
204

Cristena

အခု လတ် တလောမှာ သရုပ် ဆောင် ခရစ္စတီးနားက ရှိုး တွေ လျှောက်ဖြစ်နေပြီး ဖျော်ဖြေပွဲ တွေမှာ သီချင်းတွေ သီဆိုဖျော်ဖြေေ နကြောင်း  သိရပါတယ်။ သူ့အနေနဲ့ သီချင်းတွေ သီဆိုရင်း စီးရီးခွေထုတ်သွားဖို့ကတော့ မွေးနေ့အပြီးမှာ စီစဉ်ဖို့ရှိကြောင်းကို…..

“အခုလတ်တလောမှာ အစ်မက ရှိုးပွဲတွေ လျှောက်ဖြစ်နေပါတယ်။ နောက်ပြီး စင်ကာပူ ဖျော်ဖြေရေး သွားဖို့ရှိတယ်။ စင်ကာပူပွဲက စက် တင်ဘာလ ၁ ရက်နေ့မှာ တခြားအနု ပညာရှင်တွေ လည်းပါတယ်။ အစ်မက အဆိုတော် လည်း မဟုတ်တော့ သီချင်း ဆိုရမယ်ဆို စိတ်လှုပ်ရှားတယ်။ ပရိသတ် တွေကလည်း ကိုယ့်ကိုချစ်လို့ ခင်လို့ ဖိတ်ကြား တယ်ဆိုတော့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ဖျော်ဖြေသွားမှာပါ။ အဲဒီလိုမျိုးတွေ လိုက်သီဆိုနေ တော့ အခွေထုတ်ဖို့လည်း စဉ်းစားထားပါတယ်။     အဲဒီအခွေကိုတော့ မွေးနေ့ပြီးမှပဲ အကောင်အထည် ဖော်ဖြစ်လိမ့်မယ်ထင်တယ်။ အောက်တို ဘာ ၆ ရက်      နေ့မှာ ကျရောက်မယ့် မွေးနေ့ကိုလည်း ပရိသတ်တွေ ကို ရည်စူးပြီး အလှူအတန်းတွေ လုပ်သွားဖို့ရှိပါ တယ်”လို့ပြောပါတယ်။

ဒီနောက်မှာတော့ အနုပညာ လှုပ်ရှားမှုတွေ နည်း ပါးသွားရတာနဲ့ ပတ်သက်ပြီးလည်း ခရစ္စတီးနားက အခုလိုပဲ ပြောပြခဲ့ပါတယ်။

“အခုတလော အနုပညာ လှုပ် ရှားမှုတွေလည်း နည်းသွားတယ်။ ဇာတ်ကားတွေလည်း ရိုက်ကူးဖို့ လာ ကမ်းလှမ်းတာတွေလည်း ရှိတယ်။ ပြီးတော့ ရုပ်သံဇာတ်လမ်းတွေ လာခေါ်တယ်။ ဒါပေမဲ့ အစ်မ မရိုက်ဖြစ်လိုက်ဘူး။ မရိုက်ကူးဖြစ်တဲ့ အကြောင်းက မိသားစု ကိစ္စလေးတွေ ရှိနေ လို့ပါ။ နောက်ပြီး သရုပ်ဆောင် အလုပ် ပြန် လုပ်တဲ့ အချိန်မှာ ပရိသတ်ကို သေသေချာချာ အကောင်းဆုံးတွေ ပေးချင်တယ်။ ဒါကြောင့် အခုလည်း ဝိတ်ချနေတယ်။ ကိုယ့်ကိုယ်ကိုယ် ပြည့်နေ ဝိတ်တက်နေတယ်လို့ ထင်တဲ့အချိန်မှာ အားမရလို့ ခဏနားလိုက်တာပါ။ ပြီးတော့ အခုပြန်ရိုက်ကူးတဲ့အချိန်မှာ ကိုယ်စဉ်းစား ထားတာတွေ ရှိတယ်။ အနှစ်သာရရှိတဲ့ ဟာသ တွေ၊ ပြီးတော့ သရဲကားတို့ စိတ္တဇဆန်တဲ့ လူ သတ်ကားတွေ ရိုက်ချင်တယ်” လို့ ဆိုပါတယ်။

သရုပ်ဆောင် ခရစ္စတီးနားက ၂ဝ၁၇ ခုနှစ် မှာ အနုပညာ အလုပ်တွေ ပြန်လုပ်နေတာဖြစ်ပြီး အခုတလောမှာလည်း နယ်ရှိုးပွဲတွေလည်း သီဆိုဖြစ်နေတယ်လို့ သိရပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here