အခုလအတွင်း ဘန်ကောက်မှာဆေးကုသမှု ထပ်မံခံယူဦးမယ့် သဘင်မင်းသားကြီး ဦးချမ်းသာ

0
160

Chan-Thar

လည်ပင်းအဆီကျိတ်ကို ဘန်ကောက်မှာ ခွဲစိတ်ကုသ ခဲ့တဲ့ သဘင်မင်းသားကြီး ဦးချမ်းသာက စက်တင်ဘာလ ထဲမှာ ထပ်မံသွားရောက်ဆေး ကုသမှုခံယူရဦးမှာဖြစ်တယ် လို့ သိရပါတယ်။

“ဆရာဝန်ကတော့ ဦးချမ်းကို ဆူမှာပဲ။ ဆရာဝန်က တစ်ပတ် သို့မဟုတ် ၁၅ရက်လောက်အနားပေးပါလို့ ပြော ထားတာ။ မအော်ပါနဲ့၊ စကားအကျယ်ကြီးမပြောပါနဲ့ ဆိုပြီး မှာကြားထားတာပါ။ ဦးချမ်းကတစ်ခုမှကို နားမ ထောင်ခဲ့ဘူး။ ဦးချမ်း ဘန်ကောက်မှာ ခွဲစိတ်မှုခံယူပြီး ပြန်ရောက်တာနဲ့ ၄ရက်အတွင်းအလုပ် ထလုပ်ခဲ့တာ။ အခုဦးချမ်းရဲ့ လျှာကနည်းနည်းလေးလေးနေတယ်။ ရေ သောက်ရင် နည်းနည်း နာတယ်။  ဆရာဝန်ပြောသလိုသာ နားလိုက်မယ်ဆိုရင်တော့ ဦးချမ်းအဆင်ပြေပါတယ်။ ကံကောင်းပါတယ်။ မခွဲစိတ်ရင်ကင်ဆာဘက်ကို ကူးသွား မှာပါ။ ခွဲစိတ်လိုက်တဲ့အတွက်ကြောင့် ဦးချမ်းကံကောင်း သွားတယ်”လို့ ကျန်းမာရေးနဲ့ပတ်သက်လို့ ဦးချမ်းသာက ပြောပြပါတယ်။

လက်ရှိမှာတော့ တစ်ရက်ထက် တစ်ရက်နည်းနည်း သက်သာလာ သလိုရှိပြီးသူ့အနေနဲ့ကတော့ ကြောက်ရွံ့မှု မရှိဘဲ ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ဆောင် သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ ဦးချမ်းသာက သူ့ရဲ့ သဘင်သက်နှစ်၎ဝပြည့် ဖျော်ဖြေပွဲကြီးမှာ အားပြည့်အင် ပြည့်တင်ဆက်သွားနိုင်ဖို့အတွက် လည်ပင်းအဆီကျိတ် ကို ပွဲမတိုင်ခင်မှာ သွားရောက်ခွဲစိတ်ကုသခဲ့တာလည်း ဖြစ်ပါတယ်။

သဘင်သက်နှစ်၎ဝပြည့် ဖျော် ဖြေပွဲကြီးကိုတော့ စက်တင်ဘာလ၈ရက်၊ ၉ရက်နေ့တွေမှာ ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံမှာ ခမ်းနားတဲ့ဆက်တင်အပြင် အဆင်တွေနဲ့အတူ တင်ဆက်ကပြသွားမှာဖြစ်ပြီး ဒီပွဲမှာ ဦချမ်းသာနဲ့အတူ ရွှေမန်းမိသားစုဝင်များ၊ သဘင်အနု ပညာရှင်များ၊ ရုပ်ရှင်အနုပညာရှင်များကပါ ပါဝင်တင် ဆက်သွားကြမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here