ဆရာဝန်ဖြစ်ချင်တဲ့ သားကို အားပေးကူညီသွားမယ့် ရဲအောင်

0
556

 

Ye-Aungသရုပ်ဆောင် အကယ်ဒမီ ရဲအောင်ရဲ့ သားလေးဖြစ်တဲ့ မောင်ကောင်း တေဇာနိုင်အနေနဲ့ ဆယ်တန်းကို ၅ဘာသာဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပါတယ်။ အခုလို တစ်ဦးတည်းသော သားဖြစ်သူက အောင်မြင်မှုတွေနဲ့ ဘဝကို စတင် လျှောက်လှမ်းလာတာကို ပီတိေ တွ  ဖြစ်ေ နတဲ့ ရဲအောင်က သားဖြစ်သူ ဆယ် တန်းကာလက အပြည့်အဝစောင့်ကြည့်မပေးနိုင်ခဲ့ကြောင်းလည်း အခုလို ပြော ပါတယ်။

“သူ ၉တန်း၊ ၁ဝတန်း ၂နှစ် ဆက်တိုက်မှာ ကျွန်တော်ကတော့ အနုပညာအလုပ်တွေနဲ့ဆိုတော့ အိမ်ပြန်လာလိုက်၊ သူစာ ကျက်နေတာ ကြည့်လိုက်၊ ရှုတင်အတွက်ခရီးတွေ ထွက်လိုက်နဲ့ သူဆယ်တန်းစာမေးပွဲ တစ်နှစ်လုံးဆိုရင် ကျွန်တော်ရန်ကုန် မှာရှိတဲ့အချိန်နည်းပါတယ်။ နယ်တွေပဲသွားပြီး ရိုက်ကူး ရေးထွက်နေတာပါ။ သူဆယ်တန်းဖြေတဲ့လမှာလည်း ကျွန်တော်ရန်ကုန်မှာမရှိပါဘူး။ အဓိကကတော့.. သူ့အမေနဲ့ သင်ကြားပေးတဲ့ဆရာ ၊ဆရာမတွေကြောင့်ပါ။ ကျွန်တော့် အမျိုးသမီးကလည်း ဘေးကနေ ပြုစုစောင့်ရှောက်ပေါ့။ နောက်ပြီး ကျန်းမာရေးကလည်း အရေးကြီးပါတယ်” ရဲအောင်က ပြောပါတယ်။သူ့လို အနုပညာရှင်တစ်ယောက် ဖြစ်စေချင်သလားလို့မေးတဲ့အခါ

“ကျွန်တော့်သားကတော့ အနုပညာနဲ့ ပတ်သက်လာ ရင် ရုပ်ရှင်ကြည့်တာတို့၊ သီချင်းနားထောင်တာတို့ကိုတော့ ဝါသနာပါပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်ဝင်ပြီး သရုပ်ဆောင်ဖို့ တော့ သူ့မှာဆန္ဒမရှိပါဘူး။ ကျွန်တော်တို့ကတော့ သူကဆရာဝန် ဖြစ်ချင်တဲ့ဆန္ဒရှိတဲ့အတွက် ဆရာဝန်ဖြစ်လာစေဖို့ကိုပဲ အားပေးကူညီ စောင့်ရှောက်သွားမှာပါ”လို့ ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here