Miss Compalitan World 2017 ပြိုင်ပွဲကို မြန်မာပြည်ကိုယ်စားပြုအနေနဲ့ ပါဝင်ယှဉ်ပြိုင်မယ့် အလှမယ် မြတ်နိုးချစ်

0
275

IMG_6063

မလေးရှားနိုင်ငံ ပူတရာဂျာရာ မြို့မှာ တတိယအကြိမ်မြောက် ကျင်း ပမယ့် Miss Compolitan World 2017 ပြိုင်ပွဲကြီးကို  မြန်မာကိုယ်စားပြု အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အလှမယ် မြတ်နိုးချစ်ရဲ့ စာနယ်ဇင်း မိတ်ဆက်ပွဲကို သြဂုတ်လ ၃ဝ ရက်နေ့က Orchid Hotel မှာ ကျင်းပခဲ့ပါတယ်။

အဆိုပါပြိုင်ပွဲကို စက်တင် ဘာလ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ကျင်းပမျာဖြစ်ပြီး နိုင်ငံပေါင်း ၃၈ နိုင်ငံ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေပြီဖြစ်ကြောင်းကို အလှမယ် မြတ်နိုးချစ် က…

“ဒီပြိုင်ပွဲကို အကောင်းဆုံး ယှဉ်ပြိုင် ဖို့အတွက် အစစအရာရာ ပြင်ဆင်ထား ပါတယ်။ မြတ်နိုးရဲ့ အသက်က အခုမှ ၁၇နှစ်ပဲ ရှိသေးတယ်။ ဒီအသက် အရွယ်နဲ့ ကိုယ့်နိုင်ငံအတွက် မြန်မာ နိုင်ငံကိုယ်စားပြုဆိုတဲ့ ခေါင်းစဉ် အောက်မှာ ယှဉ်ပြိုင်ရမှာဖြစ်တဲ့ အတွက် အရမ်းဂုဏ်ယူမိတယ်။ ပြီးတော့ ဒီပွဲက Miss Universe တို့လိုအမည်မကြီးဘူး။ ဒါပေမဲ့ တကယ့်နိုင်ငံကြီးတွေ အကုန်လုံးက ပြိုင်တဲ့ အတွက်ကြောင့်မို့ အရမ်းကြိုးစားပြီး ဝင်ပြိုင်သွားမှာပါ။ ညီမအရင်က ပြိုင် ပွဲတွေလည်း ဝင် ပြိုင်ဖူးတယ်။ အရင်တစ်ခေါက် ကလည်း Face  Of Myanmar  ကိုယ်စားပြုအဖြစ် သွားပြိုင်ဖူးတယ်” လို့ ပြောပါတယ်။

အလှမယ် မြတ်နိုးချစ်ကို Style Plus H မှ ရွေးချယ် ထားတာ ဖြစ်ပြီး ပြိုင်ပွဲအတွက် ဘန်ကောက်မှ Training ၂ပတ် လောက်သွားလုပ် ထားတာဖြစ်ပါ တယ်။

  ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here