တေးစီးရီး ရောင်းရငွေများကို ဘုန်းကြီးကျောင်းနဲ့ မိဘမဲ့ကျောင်းတွေမှာ လှူဒါန်းခဲ့တဲ့ အမေရိကန်နိုင်ငံသား ဦးဂျွန်ကြီး

0
129

IMG_1381

အဆိုတော် ဦးဂျွန်ကြီး၏ ဒုတိယ မြောက်တေးစီးရီးကို မေလအတွင်းက စတင်ရောင်းချခဲ့ပြီး သုံးလအတွင်း အခွေ ၁၆ဝဝကျော် ရောင်းချပြီးခဲ့ကြောင်း သိရ ပါတယ်။ ဒီဒုတိယအခွေမှာ မြန်မာနိုင်ငံ ရဲ့လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ သူရဲကောင်းများ၊ ထေရဝါဒဗုဒ္ဓ တရားတော်၊ မြန်မာပြည်တွင်း လည်ပတ်ခဲ့ရာဒေသတို့ကို ကိုယ် ပိုင်ခံစားမှု၊ ကိုယ်ပိုင်သံစဉ် များနဲ့ ခံစားသီဆိုထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အခွေရောင်းရငွေ များကို ဘုန်းကြီးကျောင်းနဲ့ မိဘ မဲ့ကျောင်းတို့ကို လှူဒါန်းခဲ့ ပါတယ်။

ဦးဂျွန်ကြီး၏ ပထမသီချင်း ခွေ ‘ပေးမယ်ယူမလား’ လို့ အမည် ပေးထားတဲ့သီချင်းခွေကို ၂ဝဝ၉ ခုနှစ်က ဖြန့် ချိခဲ့ပြီး အခွေ၁၇ဝဝ လောက်အထိ ရောင်းချနိုင်ခဲ့ပြီး ဒီဗီဒီအခွေကိုတော့ ၂ဝ၁၂ခုနှစ် တွင် ဖြန့်ချိခဲ့ပါတယ်။

ဦးဂျွန်ကြီးဟာ အမေရိကန် နိုင်ငံသားဖြစ်ပြီး မြန်မာနိုင်ငံကို ၂ဝဝ၂ခုနှစ်မှစတင်ကာ ရောက်ရှိ နေထိုင်ခဲ့ပြီး  မြန်မာပြည်သူပြည် သားတို့၏ဘဝနှင့် ယဉ်ကျေး မှုတို့ကို ခံစားသက်ဝင်ယုံကြည်လာ သူ တစ်ဦးလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့သူဟာ ကြော်ငြာ အေဂျင်စီလုပ်ငန်းများလုပ်ကိုင် လျက်ရှိပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here