အမေရိကားက ပြန်လာတာနဲ့  သူသိစေ Music Video ထွက်ရှိမယ့် ရတနာမိုင်

0
249

Yadanar-My

အဆိုတော်ရတနာမိုင် နဲ့မိခင်ဖြစ်သူ မိုင်တို့က အမေရိ ကန်နိုင်ငံကို ဖျော်ဖြေရေးခရီးစဉ် အဖြစ် တစ်လကြာသွားရောက် နေပြီး လက်ရှိအချိန်မှာတော့ ဂီတပွဲ ၄ပွဲသီဆိုပြီးဖြစ်ပြီး ရခိုင် ဒေသရန်ပုံငွေအတွက် ဂီတပွဲ တွေလည်း သီဆိုဖြစ်တယ်လို့ သိရပါတယ်။

“အခုတော့ ဂီတ ပွဲ၃ပွဲ သီဆိုပြီးပြီ။တခြား Gathering ပွဲလေး တွေလည်း ဆိုဖြစ် ပါတယ်။ ရခိုင်ပွဲတွေ လည်း သီဆိုဖြစ်ပါ တယ်။ Gathering ပွဲတွေကရရှိတဲ့ ရန်ပုံငွေတွေကိုလည်း ရခိုင်စစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းဖြစ်ပါတယ်။ စက်တင်ဘာ လထဲမှာ မြန်မာပြည်ကို ပြန်လာပါမယ်”လို့  ရတနာမိုင် က ပြောပါတယ်။

ရတနာမိုင်က အမေရိကားက ပြန်လာ ချိန်မှာတော့ သူမရဲ့စီးရီး ‘သူသိစေ’နဲ့ ပြောသားပဲ Mini Album  နှစ်ခုကို ပေါင်းပြီး Music Video အဖြစ် ထွက်ရှိလာမယ်လို့ သိရပါတယ်။ “ညီမက တစ်ခွေ ချင်းစီမထွက်တော့ဘူး။ ‘သူသိစေ’နဲ့ ’ပြောသားပဲ’ နှစ်ခွေကိုပေါင်းပြီး ‘သူသိစေ’ထဲက သီချင်း အကုန်မရိုက်ဘူး။လက်ရွေးစင်အနေနဲ့ ၆ ပုဒ် လောက်ရွေးပြီးရိုက်မယ်။ ပြီးရင် အဲဒီ Music Video လေးကို အောက်တိုဘာလ အတွင်း မှာ ထွက်နိုင်အောင်လုပ်ပါ့မယ်”လို့ ပြောပြ တဲ့ရတနာမိုင်ကို သူမရဲ့အချစ်ရေးအကြောင်း လည်း အနည်းငယ်ဆက်မေးကြည့်တော့ …

“အခုလောလောဆယ်ကတော့ အေးအေးဆေးဆေးပါပဲ။ ဘာမှထွေထွေထူးထူးမရှိပါဘူး။ အချိန်တန်ရင်တော့ အားလုံးကို အသိပေးပါ့ မယ်”လို့ ရတနာမိုင်က ပြောပြခဲ့ပါတယ်။

ရဲရဲ


LEAVE A REPLY

Please enter your comment!
Please enter your name here