Maldives ကိုသွားရောက်ပြီး သီချင်းဖျော်ဖြေမှု အသစ်တွေ ပြုလုပ်သွားမယ့် ဂျက်ဆန်ထွန်း

0
195

Jack-San-Tun

Ushido ရဲ့ ၁ဝနှစ်ပြည့်ပွဲမှာ Brand Ambrassador တစ်ယောက်အနေနဲ့ တေးသီချင်းတွေနဲ့သီဆိုဖျော်ဖြေခဲ့တဲ့ အဆို တော်ဂျက်ဆန်ထွန်းနဲ့ တွေ့ဆုံခိုက် သိပ်မကြာသေးခင်က ထွက်ရှိ ထားတဲ့ သူ့ရဲ့တတိယတစ်ကိုယ်တော်အခွေအကြောင်း မေးမြန်းဖြစ် ခဲ့ပါတယ်။ ‘မင်းရဲ့အနားမှာ’လို့အမည်ပေးထားတဲ့ အဆိုပါ တေးစီး ရီးမှာ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့တဲ့ ‘ကိုယ်ရံတော်တပ်မှူး လေး’၊’မျှော်တော်ယောင်’ စတဲ့ တေးသီချင်းတွေကို ဂျက်ဆန်ထွန်းက ပြန်လည်ဆန်းသစ်သီဆိုထားခြင်း ဖြစ်ပါတယ်။

“ကျွန်တော့်ရဲ့တစ်ကိုယ်တော်တေးစီးရီး အယ်လ်ဘမ်အသစ် ဟာဆိုလို့ရှိရင် လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းက ကျွန်တော် USHIDO နဲ့ လက်တွဲပြီး တော့ သီချင်းလေးတွေလုပ်ခဲ့တာပါ။ အခု ဆိုလို့ရှိရင် Audio ရော၊ VCD ရောတစ်ပါတည်း ထွက်ရှိနိုင်ခဲ့ပြီ။ ဒီအထဲမှာ သီချင်းအဟောင်းလေးတွေလည်း ပါတယ်။ ဒီအခွေ ထဲမှာ သီချင်းဟောင်း၊ သီချင်းကောင်းလေးတွေလည်း ပါသလို Own Tune သီချင်းလေးတွေလည်း ပါဝင်ပါတယ်။ ကျွန်တော့် ရဲ့အခွေကိုလည်း ပရိသတ်ကြီးအချိန်ရလို့ရှိရင် နားဆင်ပေးပါ။ အားပေးပါ”လို့ သူက ဆိုပါတယ်။ ၂ဝ၁၇-၂ဝ၁၈ခုနှစ်အတွင်းမှာ တေးသီချင်းအသစ်တွေ နဲ့ဖန်တီးမှုအသစ်တွေပြုလုပ်သွားမယ်လို့ဆိုတဲ့ ဂျက်ဆန်ထွန်းက…

“ကျွန်တော့်ရဲ့ အယ်လ်ဘမ်သစ်အတွက် ဒီလကုန်ပိုင်း လောက်မှာ ကျွန်တော်  Maldives ကို သွားပါမယ်။ ပရိသတ်အတွက် တင်ဆက်မှုအသစ် ရရှိနိုင်ဖို့အတွက် တောက်လျှောက် ကျွန်တော်  Run နေပါပြီ။ ပွင့်လင်းရာသီမှာ သီချင်းဆိုဖို့ နယ်ရှိုးတွေလည်း လက်ခံထားပါတယ်။ ဒီ၂ဝ၁၇-၂ဝ၁၈ ခုနှစ် တောက်လျှောက် လှုပ် ရှားမှုတွေကတော့ သီချင်းဆိုရင်းနဲ့ သီချင်းအသစ်တွေ ဖန်တီးရင်း နဲ့ကျွန်တော်ဆက်ပြီးရှိနေမှာပါ” လို့ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here