တောင်ပေါ်ဒေသရဲ့ ရနံ့တွေသင်းနေတဲ့ ချယ်ရီလွင်ပြင် ပန်းချီပြပွဲ

0
276

 c

ရှမ်းပြည်တောင်ပိုင်း ပန်းချီပညာရှင်များရဲ့ ချယ်ရီလွင်ပြင် (Cherry Space) ပန်းချီပြပွဲကိုတော့ သြဂုတ်လ ၂၃ ရက်နေ့မှ ၂၇ ရက် နေ့အထိ ရန်ကုန်မြို့ ဗိုလ်ချုပ် အောင်ဆန်းဈေးရှိ မြန်မာနိုင်ငံ ပန်းချီ၊ ပန်းပု အစည်းအရုံးပြခန်းမှာ ပြသခဲ့ပါတယ်။ ချယ်ရီလွင်ပြင် ပန်းချီပြပွဲ ပြသရခြင်းအကြောင်းကို ပန်းချီပြပွဲ တာဝန်ခံပန်းချီ ကိုဆို (KO SO) က  ပြောပြခဲ့တာကတော့…

“ဒီချယ်ရီလွင်ပြင်မှာတော့ ပန်းချီဆရာတွေက သူ့သန်ရာ သန်ရာပေါ့။ ဒေသရှုခင်းတွေလည်းပါမယ်။ တိုင်းရင်းသားပုံတွေလည်း ပါမယ်။ ကျန်တဲ့ ပုံတူတို့အကြောင်း အရာမျိုးစုံ ပါ ပါတယ်။ ချယ်ရီ လွင်ပြင်နာမည်နဲ့က တတိယအကြိမ်မြောက်ရှိပါပြီ။ ရန်ကုန်မှာ ချယ်ရီလွင်ပြင်အနေနဲ့ နောက်ထပ်လည်း ဆက်လက်ပြသသွားဦးမှာ ပါ” လို့ ပန်းချီ ဆရာကိုဆို (KO SO))က ပြောပါတယ်။

ချယ်ရီလွင်ပြင်ဆိုတဲ့ နာမည်အတိုင်း တောင်ပေါ်ဒေသရဲ့ ရနံ့တွေ သင်းနေတဲ့ ရှုမျှော်ခင်းတွေနဲ့ တိုင်းရင်းသား ရိုးရာဓလေ့တွေ ထုံမွမ်း ထားတဲ့ ဒီပြပွဲမှာတော့ ပန်းချီဆရာ ၂၃ဦးရဲ့ လက်ရာ ပန်းချီကား ၈၉ကားကို ပြသထားပါတယ်။ ပန်းချီကားများရဲ့ ဈေးနှုန်းကိုတော့ အနည်းဆုံး ဒေါ်လာတစ်သိန်းမှ ၈သိန်းအထိ သတ် မှတ်ထားကြောင်း သိရပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here