Romantic Opera ပွဲမှာ ၀ါရင့်အဆိုတော်တွေနဲ့ ဆိုရမှာဖြစ်လို့ ရင်ခုန်နေတဲ့ Sophia Everest

0
164

Sophia-Everest

စက်တင်ဘာလ၂၃ ရက်နေ့မှာ အမျိုးသမီးအဆိုတော် ၄ယောက်နဲ့ ကျင်းပမယ့်Romantic Opera Show မှာ အဆိုတော်မလေး Sophia Everest လည်းပါဝင်ဖျော် ဖြေမှာ ဖြစ်ပါတယ်။

“စက်တင်ဘာလ ၂၃ ရက်နေ့၊Rose Garden Hotel မှာ ကျင်းပမှာပါ။ အဖွင့်ကို Opera သီချင်းတွေ သီဆိုပြီးတော့ Acoustics Version ပုံစံကို ညီမတို့ တစ်ယောက် တစ်ပုဒ်ဆိုမယ်။ ပြီး သွားရင် ညီမတို့ရဲ့ကိုယ်ပိုင် သီချင်းတွေကို ဆိုမယ်။ သူကတော့ Classics ရယ်၊Opera ရယ်၊Fashion ရယ် ရသ၃မျိုးကို ပြသမှာပေါ့။ အဓိက ကတော့ အချစ်ကို ကိုယ်စားပြုတဲ့ပုံစံပေါ့”လို့

သူမက ဖျော်ဖြေမယ့်ပွဲနဲ့ ပတ်သက်ပြီးပြောပြပါတယ်။ မိမိ ထက်ဝါရင့်တဲ့ အစ်မတွေနဲ့ သီဆိုရမှာဖြစ်တဲ့အတွက် သေသေချာချြာ ပင် ဆင်ထား ပါတယ်လို့ ဆိုဖီယာက ပွဲနဲ့ပတ်သက်ပြီး ဖွင့်ဟပါတယ်။

“သီချင်းတွေက Opera သီချင်းတွေ သီဆိုရမှာ ဆိုတော့ ညီမ သေသေချာချာ ပြင်ဆင်ထားပါတယ်။ မဝိုင်းလေး ရော၊ မနီရော၊ မဖြူဖြူကျော်သိန်းရော တကယ့်ကို ကိုယ့်ထက်ဝါရင့်တဲ့ အဆိုတော်တွေနဲ့အတူ သီဆိုရမှာဆိုတော့ ရင်ခုန်ပါတယ်။ ညီမက အမှန်အတိုင်းပြောရရင် တက်သစ်စအဆိုတော် ဆိုတော့ သေသေချာချာ တော့ လေ့လာနေပါတယ်။ ကိုယ်ဆိုမယ့် သီချင်းတွေကိုလည်း လေ့ကျင့်နေပါ တယ်”လိှု့Sophia က ပြောပြပါတယ်။ ၂ဝ၁၇ခုနှစ်ထဲမှာပဲ ထွက်ရှိမယ့်သူမရဲ့ ဒုတိယတစ်ကိုယ်တော်အခွေနဲ့ ပတ်သက်ပြီးလည်း ဆိုဖီယာက”ပထမ Album တုန်းက Crush On You ထွက်သလိုပဲ ဒီတစ်ခေါက်သီချင်းတစ်ပုဒ်ကိုလည်း အွန်လိုင်းပေါ်တင်လိုက်မယ်။ စက်တင်ဘာလဆန်းလောက်ကို ညီမတင်ဖို့ စဉ်းစားထားပါတယ်။ ပရိသတ်တွေကိုSecond Album အနေနဲ့ Promo အနေ နဲ့အရင် တင်ပေးထားတဲ့ သဘောလေးပေါ့”လို့ ပြောပြခဲ့ပါတယ်။

                                     
မျိုးမောင်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here