အိန္ဒိယမှာ MTV သွားရာက်ရိုက်ကူးမယ့် လူငယ် တေးသံရှင်လေး သွန်းရွှေလျှံ

0
272

Thon-Shwe-Hlawn

ကလေးသီချင်းပြိုင်ပွဲတွေ ဝင်ပြိုင်ရာမှ ပရိသတ်သိခဲ့တဲ့ လူငယ်အဆိုရှင် သွန်းရွှေလျှံကတော့ သူ့ရဲ့ တေးစီးရီး ထွက်ဖြစ်ဖို့လည်း စီစဉ်နေပါပြီ။ သူကတော့ ‘ဂီတတံခါးလေး ဖွင့်ပါဦး’ အစီအစဉ်မှာ ပထမဆု ရရှိခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ တေးစီးရီး စီစဉ်နေပြီဖြစ်တဲ့  သူက တေးစီးရီးနဲ့ ပတ်သက်ပြီး…
“တေးစီးရီးက အခုအသံ စသွင်းနေပါပြီ။ သားက Rock Crazy ပေါ့။ ဦးဇော်ဝင်းထွဋ် Crazy ဆိုတော့ Rock သီချင်းတွေ ပါတယ်။ တေးစီးရီး နာမည်ကတော့ မစဉ်းစားရသေးပါဘူး။ MTV အနေနဲ့ ထွက်ဖြစ်မှာပါ။ ၁ဝ လပိုင်းလောက် ဆိုရင်တော့ MTV စရိုက် ဖြစ်မှာပါ။ ‘ဝေသာလီ’လို့ အမည် ပေးထားတဲ့ သီချင်းတစ်ပုဒ်ကို အိန္ဒိယမှာ MTV သွား ရိုက်ကူးဖို့ရှိပါတယ်” လို့ ပြောခဲ့ပါ တယ်။အဋ္ဌမတန်းကျောင်းသားတစ်ဦးဖြစ်တဲ့ သူကအနုပညာနဲ့ ပညာရေးကို မျှတပြီးလုပ်နေတယ်လို့ ဆိုပါတယ်။

” ကျောင်းသားတစ်ယောက် အနေနဲ့အနုပညာအလုပ်တွေ လုပ်ရတဲ့ အခါမှာတော့ အခက်အခဲကသိပ်မရှိပါဘူး။ခရီးသွားရင်းနဲ့ စာတွေ လုပ်ဖြစ်တယ်။  အချိန်ရရင် ရသလောက် စာတွေလုပ်ဖြစ်တယ်။ သီချင်း နားထောင်ရင်းလည်း စာတွေလုပ်ဖြစ်တယ်။ ပညာရေးနဲ့ ပတ်သက်ပြီး ဆရာဝန်လုပ်ဖို့တော့ စိတ်ကူးရှိပါတယ်” လို့ ပြောခဲ့ပါတယ်။

“သူကတော့ အသက်ငယ်သေးပေမယ့်လည်း ပရဟိတ လုပ်ငန်းတွေ မှာ ပါဝင်ဆောင်ရွက်နေပြီး ပရဟိတနဲ့ပတ်သက်ရင် လိုရင်လိုသလို ပါဝင်ကူညီသွားမှာ ဖြစ်ကြောင်းလည်း ပြောပြပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here