စက်တင်ဘာ ၂၃ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲပြုလုပ်မည်

0
200

[spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]

[/spb_text_block] [spb_text_block animation=”none” animation_delay=”0″ padding_vertical=”0″ padding_horizontal=”0″ width=”1/1″ el_position=”first last”]


လာမည့် စက်တင်ဘာ ၂၃ရက်နေ့နှင့် ၂၄ရက်နေ့ တို့တွင် ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး နာယကတစ်ဦးလည်းဖြစ်သလို ရုပ်ရှင်အစည်းအရုံး အလုပ်အမှုဆောင်သစ်ရွေးကောက်ပွဲ ကောက်မရှင် အတွင်းရေးမှူးလည်းဖြစ်သူ ဦးနှင်းမိုးကို မေးမြန်းဖြစ်ရာ…


“ ၂၃နဲ့ ၂၄ရက်နေ့ ၂ရက်ပေါ့။ စနေ၊ တနင်္ဂနွေကျတယ်။ မနက် ၉နာရီကနေ၊ ညနေ ၃နာရီအထိပြုလုပ်မှာပေါ့။ ၃နာရီမှာ မဲတွေစရေမယ်။ အားလုံး ၁၀ဖွဲ့မှာ ၈ဖွဲ့ပဲ အရွေးချယ်ခံမယ်။ ကျန်တဲ့ ၂ဖွဲ့က တစ်ဖွဲ့မှာ ၂ယောက်စီပဲရှိတော့လေ။ သီးခြားမရွေးတော့ဘူး။ အဲဒီ အဖွဲ့ ၂ဖွဲ့က ထုတ်လုပ်သူ အခြေခံအလွှာရယ်၊ ပြဇာတ်နှင့် ရုပ်ရှင်နောက်ခံတေးဂီတအလွှာပါ” ဟုသူကပြောသည်။
လက်ရှိဆောင်ရွက်နေသည့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး အမှုဆောင်သက်တမ်းကုန်ဆုံးရန် လပိုင်းလောက် လိုသေးသော်လည်း လုပ်ဆောင်ရမည့် လုပ်ငန်းဆောင်တာများ အဆင်ပြေချောမွေ့စေရန် ရွေးကောက်ပွဲကို စောပြီးပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။


“ ရွေးကောက်ပွဲကစောပြီးလုပ်လိုက်တာပေါ့။ အောက်တိုဘာမှာ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ ရှိတယ်။ နောက်ပြီးတော့ အကယ်ဒမီအတွက်ကိုလည်း လုပ်ဖို့က အခုတောင်ရက်တွေက လွန်လာခဲ့ပြီ။ အဲဒါတွေရှိနေတော့ နောက်အဖွဲ့က ကြိုပြီးလုပ်နိုင်အောင် ရွေးကောက်ပွဲကို စောပြီးလုပ်လိုက်တယ်” ဟုဦးနှင်းမိုးကပြောပြခဲ့သည်။


မျိုးမောင်

[/spb_text_block]


LEAVE A REPLY

Please enter your comment!
Please enter your name here