သားဖြစ်သူကို အနုပညာ ဝါသနာပါစေချင်တဲ့ ကျော်ရဲအောင်

0
314

နှစ်ပေါင်း ၃ဝကျော် သရုပ်ဆောင် အနုပညာအလုပ်တွေ လုပ်ကိုင်ရင်း ယနေ့တိုင် ပရိသတ်အားပေးမှုနဲ့ အောင်မြင်စွာ ခရီးဆက်နေ သူကတော့ စွယ်စုံရ မင်းသား ကျော်ရဲအောင်ပါ။ ဒီနေ့ထိတိုင် အောင်မြင်မှုစွမ်းအား၊ ပရိသတ် အားမှုတွေနဲ့ အတူ အနုပညာဒီဂရီ အရှိန်မြင့်မြင့်နဲ့ မောင်းနှင်နေတဲ့ ကျော်ရဲအောင်က သူ့ရဲ့အောင်မြင်မှု အပေါ်မှာ သူ့ရဲ့ စိတ်ထားနဲ့ လုပ်ဆောင်ချက်တွေကို အခုလို ပြောပြပါတယ်။

“တစ်ဦးစေတနာ၊ တစ်ဦးမှာ ဆိုသလိုပေါ့။ ကျွန်တော်တို့ ပရိသတ် တွေ ဒီနေ့ အထိ ဘာလို့ အားပေးနေ သလဲဆိုတာ ကျွန်တော် လုပ်တာ မှန်ကန်လို့လို့ ကျွန်တော့်ဘက်က ပြောကောင်းလို့ ရနိုင်မယ်။ ကျွန်တော်အလုပ်တစ်ခုလုပ်တယ်။ ဇာတ်ကားတစ်ခု ရိုက် ကူးတယ်ဆိုရင်ပေါ့။ ဒါကျွန်တော့်ရဲ့ အသက်မွေး ဝမ်းကျောင်း၊ အနုပညာလည်း အနုပညာ။ ဒီဇာတ်ကားအပေါ်မှာ သစ္စာရှိတယ်။ အဲဒီအတွက်ကြောင့် လည်း ကျွန်တော့် စေတနာ တုံ့ပြန် တယ်လို့ ကျွန်တော်မြင်တယ်”လို့ ကျော်ရဲအောင်က သူ့ရဲ့အနုပညာ အပေါ် ခံယူတဲ့စိတ်ထားကို ပြောပြခဲ့ပါတယ်။

လက်ရှိအချိန် မှာတော့ ကျော်ရဲအောင်က “တိုးကျော်မန်းနှင့် နန်းဆန်တဲ့ရွာ” ရုပ်ရှင်ဇာတ် ကားကြီး မှာ သရုပ်ဆောင်လျက် ရှိပြီး သူ့ရဲ့ ဝါသနာက သရုပ်ဆောင် ပါလို့လည်း ကျော်ရဲ အောင်က ပြောပါတယ်။

“ကျွန်တော် ဝါသနာ ပါတာက သရုပ်ဆောင် အလုပ်ပဲလေ။ ဒါရိုက် တာပိုင်းကတော့ နောက်ပိုင်းမှ ကျွန်တော် ပိုက်ဆံတွေ ဘာတွေ ဖြုန်းနိုင်တဲ့ အခါကျရင် နည်းနည်း ပါးပါးကြိုက်တဲ့ ဟာလေးတွေ လုပ်ဖြစ်မယ်”လို့ ကျော်ရဲအောင်က ပြောပါတယ်။

လက်ရှိ အချိန်မှာတော့ သူ့ရဲ့ သမီးဖြစ်တဲ့ မှုံနံ့သာ ကျော်ရဲအောင် ကလည်း အနုပညာ အလုပ်တွေလုပ် ရင်း ဇာတ်ကားတွေ ရိုက်ကူးလျက် ရှိပါ တယ်။ ဖခင်တစ်ယောက် အနေနဲ့ သား နဲ့သမီးအပေါ် ခံယူချက်နဲ့ အမြင်ကိုလည်း ကျော်ရဲအောင်က အခုလို ထပ်ဆောင်းပြော ပြခဲ့ ပါတယ်။

“ကျွန်တော်ကသူတို့ကို ဘာဖြစ် ရပါစေလို့ မရှိပါဘူး။ ဝါသနာပါရာ ပေါ့။ မင်းသားရဲ့ သားဖြစ်လို့ မင်းသား ဖြစ်ရပါစေ။ မင်းသားရဲ့ သမီးဖြစ်လို့ မင်းသမီး ဖြစ်ရပါစေ။ အဲဒါမျိုးတော့ မလုပ်ခိုင်းချင်ဘူး။ ဝါသနာပါရင် လုပ်ပေါ့။ ကျွန်တော်က ဖြစ်စေချင်တာ ကတော့ သားကို ဝါသနာပါစေချင်တယ်။ ယောက်ျားလေးဆိုတော့ အပင်ပန်းခံနိုင်တယ်။ မိန်းကလေးကျတော့ သူက လုပ်ချင်တဲ့ စိတ်သာ အရမ်းတက်ကြွနေတာ။ တကယ်တမ်းသူ ဒီအလုပ်ကို လုပ်ရရင် သူလုပ် နိုင်မှာ မဟုတ်ဘူး။ အရမ်းပင်ပန်းတယ်။ အခုက ကျွန်တော်တို့ ရှိနေလို့သာ နည်းနည်း အဝင်လေး ချောင်တာ။ တကယ်တမ်း သူတစ်ယောက်တည်း ရုန်းရတော့ မယ်ဆိုရင် မလွယ်ဘူး။ သားကတော့ မိန်းကလေး ထက်စာရင် အပင်ပန်းခံနိုင်မယ် လို့တော့ ထင် တာပဲလေ။ အခုသားက ဝါသနာ မပါဘူး။ သမီး ဝါသနာ ပါတော့လည်း ချပေါ့။ အတင်းကြီးတော့ ငါ့သမီး ခေါင်းဆောင် မင်းသမီးဖြစ်၊ နာမည်ကြီးရပါ စေ ဆိုတာတော့ မရှိဘူး။ ရှင်း ရှင်း ပြောရရင် ကျွန်တော့်သမီး ရဲ့ ဇာတ်ကားတွေ မကြည့် ဖြစ်ဘူး။ မကြည့်ဖြစ်ဘူး ဆိုတာက သက်သက်လွှတ်ပေး ထား လိုက်တာ။ ကျွန်တော် ဒီအချိန်မှာ သူ့ကိုမဝေဖန်ချင်သေးဘူး။ သူလုပ်တာ သူ့ဘာသာသူ အမှားကို သူပြန်တွေ့မယ်ပေါ့။ တကယ်လို့ မှားတယ်၊ မှန်တယ် ဆိုတာကိုပေါ့။ ကျွန်တော် နောက်မှသာ ဒါလေးက တော့ ဒီလိုလုပ်ရင် ကောင်းတယ်၊ ဒီလိုလုပ်ရင် မကောင်းဘူး ပြောပြဖို့ အစီအစဉ်ရှိပါတယ်”လို့ ကျော်ရဲအောင်က သားနဲ့သမီး အပေါ် ခံယူချက်အမြင်ကို ပြောပြပါတယ်။

မျိုးကျော်(ကနောင်သွေး)


LEAVE A REPLY

Please enter your comment!
Please enter your name here