အချိန်တန်ရင်တော့ ယောက်ျား ယူသွားမှာပါလို့ ဆိုလိုက်တဲ့ အဆိုတော်မလေး Mary

1
199

ဂျပန်မှာကျောင်းတက်နေတဲ့ အဆိုတော်မလေး Mary ကတော့ လက်ရှိအချိန်မှာ ပရိသတ် ချစ်ခင် အားပေးမှုတွေနဲ့အတူ အောင်မြင်မှုတွေ ရရှိနေပါပြီ။ Mary အနေနဲ့ ဟစ်ဟော့ပ် အဆိုတော် Lil’z ရဲ့ “မငိုပါနဲ့” သီချင်းမှာ ဖီးချားရင်း ဝင်ဆိုပေးတာက စလို့ “ဝဲ” ၊ ‘Mask’ ၊ ‘3am’ စတဲ့သီချင်းတွေ လောက်သာ ထွက်ရှိ ထား ပေမယ့် ထွက်ထားတဲ့ သီချင်းတိုင်းမှာ သူမရဲ့ ဆိုပုံဆို ပေါက်၊ မြူးဇစ်စတိုင်တွေကြောင့် ပရိသတ် ကြိုက်နှစ်သက် အားပေးမှု ရရှိခဲ့တာ လို့ဆိုရမှာပါ။ အခုလည်း အဆိုတော် ကျားပေါက်နဲ့ အတူ သီဆိုထားတဲ့ သီချင်း တစ်ပုဒ်ကို ထွက်ရှိတော့မယ် လို့ဆိုတဲ့ Mary က …

“Accident သီချင်းကတော့ နောက်လထဲမှာ ထွက်ဖို့တော့ ရှိတယ် ရှင့်။ Mary နဲ့ ကိုကျားပေါက်နဲ့ စုံတွဲ သီဆိုထားတဲ့ သီချင်းလေးပါရှင့်” လို့ ပြောပါတယ်။

တစ်ကိုယ်တော်အခွေကို ၂ဝ၁၈ ခုနှစ် မွေးနေ့မှာ ထွက် ရှိဖို့ရှိတယ်လို့ Mary ကပြောပါတယ်။ လတ်တလော မှာတော့ ဂျပန်ပြန်ပြီး ကျောင်းပြန် တက်ရတော့မယ့် Mary က…

“သီချင်းကတော့ အေးအေးလေးတွေ ပဲများတော့ နည်း နည်းလေး မြူးတဲ့သီချင်းတွေကို ဆိုသွားဖို့ရှိတယ်။ ဒါပေမဲ့ Mary စတိုင်ထဲကနေတော့ ထွက်သွားဖို့ မရှိပါဘူး။ ဒီကြား ထဲမှာတော့ ကျန်တဲ့ သီချင်း ၂ပုဒ်ထွက်သွားဖို့ တော့ရှိ တယ်။ တခြားကတော့ နည်း နည်းလေး အဆက်အသွယ် ပြတ် သွားဦးမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျောင်းစာတွေ ကလည်း ပြန်လုပ် ရမှာဆိုတော့ ကြားထဲမှာ မအား တော့ဘူး ဆိုတော့လေ” လို့ ပြောပါ တယ်။

မြန်မာနိုင်ငံကို နောက်နှစ် ဖေဖော်ဝါရီလမှာ အပြီးပြန် လာတော့မယ့် Mary က ဂျပန်မပြန် ခင် စက်တင်ဘာ ၂ရက်၊ ညပိုင်းက ရန်ကုန်မြစ်ထဲ မှာ သဘောင်္စီးရင်း ပရိ သတ်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ အဲဒီပွဲ မှာ ပရိသတ်နဲ့ အပြန်အလှန် မေးခွန်း မေး၊ ဖြေကြတဲ့အခါ မမယ်ရီ ဘယ် အချိန် ရည်းစားထားဖို့ ရှိမလဲလို့ ပရိ သတ် တစ်ယောက်က မေးတော့ Mary က…

“အချိန်တန်ရင်တော့ယောက်ျား ယူ သွားမှာပါ” လို့ ပြန်လည် ဖြေ ကြားခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ-မင်းမင်းထွန်း


1 COMMENT

LEAVE A REPLY

Please enter your comment!
Please enter your name here