ယောက်ျားတစ်ယောက်ကို အားကိုးစရာ မလိုအပ်တဲ့အတွက် အိမ်ထောင်ထပ်ပြုမှာ မဟုတ်တော့ ဘူး ခင်သဇင်

0
204

သရုပ်ဆောင် ခင်သဇင်ကကိုယ့် အနာဂတ်ကို ကိုယ်ပဲ ပိုင်ဆိုင်ချင်တော့တဲ့ အတွက် နောက်ပိုင်းမှာ  အိမ်ထောင် ထပ်ပြုတော့မှာ မဟုတ် ဘဲ တစ်ယောက်တည်းပဲ နေသွားဖြစ် တော့မယ်လို့ ဆိုပါတယ်။ သရုပ်ဆောင် ခင်သဇင်ကကိုယ့် အနာဂတ်ကို ကိုယ်ပဲ ပိုင်ဆိုင်ချင်တော့တဲ့ အတွက် နောက်ပိုင်းမှာ  အိမ်ထောင် ထပ်ပြုတော့မှာ မဟုတ် ဘဲ တစ်ယောက်တည်းပဲ နေသွားဖြစ် တော့မယ်လို့ ဆိုပါတယ်။ “တစ်ယောက်တည်းပဲ နေသွားမယ်ဆိုတာက ချစ်သူမထားတာမျိုးတော့ မဟုတ်ဘူး။ အိမ်ထောင်ထပ် မပြုတာကိုပြောတာ။ ချစ်သူက ရှိရင်လည်း ရှိလာမယ်။ မရှိရင်လည်း မရှိလာဘူးပေါ့။ ဒါကြီးကိုအတင်း အကျပ် ကိုယ့်နှလုံးသားကို တံခါးပိတ်ပြီး နေရလောက်တဲ့အထိလည်း အသည်းမမာဘူး။ သဇင်ကအိမ် ထောင်မပြုတော့ဘဲ နေသွားဖြစ် တော့မယ်ထင်တယ်။

သဇင့်အနေ အထားက ယောကျာ်းတစ် ယောက် မလိုအပ်တော့ဘူး။ အားကိုးစရာလည်း မလိုအပ်ဘူး။ တအားမချမ်းသာရင်နေမယ်။ ကိုယ့်ကိုယ်ကိုယ် ခေတ်ပညာ တတ်အောင်သင်တယ်။ ကိုယ်ပိုင်စီးပွားရေးရှိတယ်။ အနု ပညာ မောင်နှမတွေနဲ့ အနုပညာ အသိုင်းအဝိုင်းရှိတယ် ဆိုတော့ ဇင့်အတွက်က ငွေကယောကျာ်းတစ်ယောက်ကို ဘဝအတွက် အားကိုးပြီး ယူရ လောက်အောင် မလိုအပ်ဘူး။ တွေး ကြည့်လို့ရတယ်။ ခန့်မှန်းကြည့် လို့ ရတဲ့အခါကျတော့ ဇင်လက်မထပ် ဖြစ်လောက်တော့ဘူး။ တစ်ယောက်တည်း ပဲ နေသွားဖြစ်တော့မယ်။ အဲဒါမှ ကိုယ့်အနာဂတ်ကို ဇင်ကိုယ့်ဘာသာ ကိုယ်ပိုင်ချင်တယ်။ ဇင့်ရဲ့ အနာဂတ်က သူများပေါ်မှာ မူတည် နေတာ ဇင်မလိုချင်ဘူး။  ဇင်လုပ်ချင်တဲ့ အလုပ်တွေကို အများကြီးရှိတယ်။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်း ကျင်အတွက် အများကြီးရှိတဲ့ အချိန်မှာ ဒါတွေအတွက်ကို ဇင့်စိတ်က အချိန် မပေးချင်တော့ဘူး”လို့ပြောပါတယ်။  ခင်သဇင်က လတ်တလောမှာ ပရိသတ်တွေကို ကျေးဇူးဆပ်ဖို့အတွက်Mini Album သီချင်းခွေ ကို နိုဝင်ဘာလမှာ ထွက်ရှိဖို့ စီစဉ်နေပြီး ရရှိတဲ့အကျိုးအမြတ်တွေကို လှူဒါန်းသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

ခိုင်ဝေလွင် 

ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here