အဲလက်စ်ရဲ့ သမီး ဒိုရာအဲလက်စ် တေးစီးရီး စီစဉ်ပြီ

0
354

အဆိုတော် အဲလက်စ်ရဲ့သမီးဖြစ်တဲ့ ဒိုရာအဲလက်စ် က အနုပညာ အလုပ်တွေ များစွာ မလုပ်ဖြစ်ပေမယ့် အနုပညာ ဓာတ်ခံ ပါရှိသူ ဖြစ်တာကြောင့် သီချင်းတွေ ကိုယ်တိုင်ရေး သားနိုင်သူ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒိုရာအဲလက်စ်က သူမရဲ့ သီချင်းတွေကို စီးရီး အဖြစ် ပုံဖော်တော့မှာ ဖြစ် ပါတယ်။ EP Album အဖြစ် သီချင်းပုဒ်ရေ နည်း နည်းနဲ့ ထွက်ရှိလာမယ့် သူမရဲ့ စီးရီးမှာတော့ သီချင်း ၈ပုဒ် ပါဝင် မှာ ဖြစ်ပြီး သူမကိုယ်တိုင် ရေးသားတဲ့ သီချင်း တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။ “EP Album အနေနဲ့ ၈ပုဒ်လောက် ပါမယ့် စီးရီးခွေ ထုတ်ဖြစ်မယ်။ အခု လောလောဆယ်တော့ အသံသွင်းနေ တာ ၄ ပုဒ်လောက် ပြီးပြီ။ အဲ့ဒီလေး ပုဒ်မှာတော့ ဦးကျားပေါက်က တစ် ပုဒ်ရေးပေး ပါတယ်။ ဦးကျားပေါက် တို့ စတူဒီယိုမှာပဲ အသံ သွင်းနေပါတယ်။ ဦးကျားပေါက်က Music Producer လုပ်ပါတယ်။ တီးခတ်တာ ကလည်း ဦးရဲဇော်တို့ ဦးကျားပေါက် တို့ပါပဲ။ နောက်၎ပုဒ် မှာလည်း ဒိုရာရေးတဲ့ သီချင်းတွေပဲ ဖြစ်ဖို့များပါ တယ်”လို့ ပြောတဲ့ ဒိုရာ အဲလက်စ်က လက်ရှိမှာတော့ ဒီအခွေက ဘယ်လို Music ပုံစံထဲမှာ ဝင်နေမလဲ ဆိုတာ သေချာပြောလို့ မရသေးဘူး လို့ ပြောပါ တယ်။

“အခု ပြီးတဲ့ သီချင်း ၄ ပုဒ်ကတော့ တစ်ပုဒ်နဲ့ တစ်ပုဒ် ကွဲထွက်နေ တယ်။ တချို့သီချင်းတွေက Pop ပုံစံသွားတယ်။ တချို့သီချင်းတွေ ကလည်း Lana Del Rey တို့လို လိုင်းမျိုးသွားတယ်။ အားလုံးပြီးသွားမှပဲ ဘယ်လို ပုံစံတွေ ဒီအခွေထဲမှာ ပိုများနေမလဲ ဆိုတာ သိရပါမယ်” လို့ ဒိုရာအဲလက်စ် က ပြောပါတယ်။

ဒိုရာအဲလက်စ်က မကြာခင်မှာ လည်း ပြည်ပမှာ ကျောင်းသွားတက်ဖို့ ရှိနေပြီး ကျောင်းသွား မတက်ခင်မှာတော့ ဒီ Ep ကို ထုတ်ဖြစ်အောင် ထုတ်သွားမယ် လို့လည်း သိရပါတယ်။

“ညီမနောက်နှစ်ထဲမှာ ကျောင်းသွားတက်ဖို့ရှိတယ်။ကျောင်းသွား မတက်ခင်မှာ ဒီအခွေလေးကို ထုတ်ပါမယ်။ ဒီအခွေလေး ထွက်လာ ရင်တော့ ပရိတ်သတ်တွေ နားထောင်ကြမယ်ဆိုရင် ခံစားမှု တစ်ခုခုတော့ ရပါလိမ့်မယ်လို့ ပြောချင်ပါတယ်။ အခွေနာမည် အနေနဲ့တော့ မပေးရ သေးဘူး။ အားလုံးပြီးမှပဲ ခေါင်းစဉ် ကို စဉ်းစားမှာပါ”လို့ ဒိုရာအဲလက်စ် က ပြောပြခဲ့ပါတယ်။

ရဲရဲ
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here