မွေးနေ့အလှူ အဖြစ် ရခိုင်လူမျိုးများ အတွက် လှူဒါန်းခဲ့တဲ့ နေတိုး

0
191

သရုပ်ဆောင် အကယ်ဒမီ နေတိုးရဲ့ မွေးနေ့အလှူ အဖြစ် ဘင်္ဂါလီ အကြမ်း ဖက်ကျူးကျော် သူများကြောင့် ဒုက္ခရောက်နေကြတဲ့ ရခိုင် လူမျိုးများနှင့် ရခိုင် မျိုးနွယ်စုများ စစ်ဘေးရှောင် ဒုက္ခသည်များ၊ အပြစ်မဲ့ ပြည်သူများ ၊အသက် ပေး ကာကွယ်နေကြတဲ့ တပ်မတော် သားများ၊ ရဲတပ်ဖွဲ့ဝင် များအတွက် အလှူ ငွေကျပ် တစ်ရာ တစ်ဆယ့်သုံးသိန်းသုံးသောင်းကျပ်ကို စက်တင်ဘာလ ၉ ရက်နေ့ မနက်ပိုင်း က အလိုတော်ပြည့် ဆရာတော်ကြီး၏တပည့် လက်ထောက် ဦးပဉ္စင်းကုမာရ (ခ) uzinblue အားပေးအပ် လှူဒါန်းခဲ့ပါတယ်။

“အလှူငွေ အားလုံး စုစုပေါင်း တစ်ရာတစ်ဆယ့် သုံးသိန်း သုံးသောင်း လှူ ဒါန်းတာပါ။ နှင်းဆီ အဖွဲ့က ကျပ်သိန်း ၅ဝ၊ အရီးတို့က ကျပ်ခြောက်ဆယ့်သုံးသိန်း သုံး သောင်းလှူတာပါ။ ကိုယ့်ရဲ့ ရခိုင်ကျောင်းမှာ သံဃာတွေကို ဆွမ်းကပ်တယ်။ သင်္ကန်းကပ်ခဲ့ပါတယ်” လို့ သားဖြစ်သူရဲ့ မွေးနေ့အလှူ လုပ်ဖြစ်ပုံ အကြောင်း ကို မိခင်ဖြစ်သူ ဒေါ်သန်းမြိုင်က ပြောပါတယ်။ နေတိုးက မွေးနေ့ ညပိုင်းမှာတော့ သဘင်မင်းသားကြီး ရွှေမန်း ဦးချမ်းသာရဲ့သဘင်သက် နှစ် ၄ဝ ဖျော်ဖြေပွဲမှာ နှင်းဆီအဖွဲ့နဲ့အတူ တေးသီချင်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here