ရခိုင်ပြည်သူတွေ အတွက် ထောက်ပံ့သွားမယ့် ၀ိုင်းလေးတို့ Miss Myanmar Charity Group

0
237

စက်တင်ဘာ ၂၃ရက်နေ့မှာ ဖျော်ဖြေမယ့်Romantic Opera ပွဲမှာ ဝိုင်းလေးက ပါဝင် ဖျော်ဖြေမှာပါ။ တစ်ကိုယ်တော်အခွေထဲက သီချင်းရယ်၊ လတ်တလော ထွက်ရှိထားတဲ့အထဲက သီချင်း ရယ်၊ Musical သီချင်းတွေရယ် ဖျော်ဖြေဖို့ စီစဉ်ထားတယ်လို့ဆိုတဲ့ ဝိုင်းလေးကို သူမဖန်တီးနေတဲ့ ဒုတိယတစ်ကိုယ်တော် အခွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။

“ဒုတိယ တစ်ကိုယ်တော်အခွေကို  Forever Group ကနေ ထုတ်လုပ်ပြီးတော့ Music Producer  အနေနဲ့ ကိုကျားပေါက်က လုပ်ပေး နေပါတယ်။ အခွေမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ်ခန့်မှန်းထားတယ်။ လောလောဆယ် ၃ပုဒ်တီးပြီးသွားပြီ။ ၂ပုဒ်က အသံသွင်းပြီးသွားပြီ။ သီချင်းရွေးချယ်မှုအပိုင်းကတော့ ညီမ ရယ်၊ ညီမရဲ့ Music Producerရယ်၊ Producer ရယ် ၃ယောက် တိုင်ပင်ပြီးတော့ ရွေးချယ်ဖြစ်ပါ တယ်။ တေးရေးအနေနဲ့ကတော့ ကိုကျားပေါက်ရယ်၊ ကိုဝေကြီးရယ်၊ ဆလိုင်းရယ်၊ ညီမရေးထားတဲ့ သီချင်းတွေရယ်ပါပါတယ်” လို့ ဝိုင်းလေးကပြောပါတယ်။

အဆိုတော် တစ်ယောက်လည်း ဖြစ်သလို Miss တစ်ယောက်လည်း ဖြစ်တဲ့ ဝိုင်းလေးက သူမတို့ရဲ့ ပရဟိတအဖွဲ့ဖြစ်တဲ့Miss Myanmar Charity Group  အနေနဲ့လှူဒါန်းမှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝိုင်းလေးက…

“ညီမတို့ Miss Myanmar Charity Group  အဖွဲ့ထဲမှာပါတဲ့ သူတွေက အဆိုတော်တွေ၊ မင်းသမီးတွေ၊ ကိုယ့်အလုပ်နဲ့ကိုယ် များနေကြတဲ့သူတွေပေါ့။ တကယ်လို့ ညီမတို့ မသွားရောက် နိုင်သေးဘူးဆိုရင် အလှူငွေထည့်တယ်။ သွားလှူနိုင်တဲ့သူကတော့ သွားရောက်လှူတယ် ပေါ့နော်။ အဲဒီလို အနေနဲ့လုပ်ဖြစ် နေပါတယ်။ အခုလည်းနောက်ထပ် အလှူတစ်ခုအတွက် ညီမတို့ ရန်ပုံငွေကောက်နေတယ်။ ရခိုင်က ပြည်သူတွေအတွက်လည်း ညီမတို့ထောက်ပံ့ဖို့အလှူခံနေပါ တယ်ရှင့်” လို့ ဝိုင်းလေးက ပြောပြခဲ့ပါတယ်။

မျိုးမောင်
ဓာတ်ပုံ -အော်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here