ထက်ထက်မိုးဦး အတွက် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တာ ဘာလဲ

0
244

MRTV-4 က ရိုက်ကူးတဲ့ “မိုးကောင်းကင်အိပ်မက်” ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင် နေတဲ့ ထက်ထက်မိုးဦးက ဒီဇာတ် ကားဟာ ပထမဦးဆုံး ပြန်လည် ရိုက် ကူးတဲ့ ဇာတ်ကားဖြစ်တာကြောင့် စိန်ခေါ်မှုတစ်ခုဖြစ်ခဲ့တယ်လို့ ပြော ပါတယ်။

“အခုပြန်ရိုက်ကူးတဲ့အခါမှာ ထက်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာပါတယ်။ ပထမဦးဆုံး စရိုက်ကူးတဲ့နေ့ ကဆို ငိုတောင် ငို ချင်တယ်။ ခက်ခဲတယ်။ ကိုယ့်ကြောင့် သူများ စိတ်အနှောင့် အယှက်ဖြစ် မလား၊ ကိုယ်လုပ်ရော လုပ်နိုင်ပါ့ မလားဆိုပြီး အများကြီး စိတ်ပူခဲ့ရ တယ်။ တော်တော်ကို ရင်ခုန်ခဲ့ရပါ တယ်” လို့ ပြောပါတယ်။

တစ်ချိန်တုန်းက အနုပညာ လောကမှာ ဇာတ်ကား ရိုက်ကူးမှု၊ ကြော်ငြာရိုက်ကူးမှု တို့မှာ နေရာ တစ်နေရာကို အချိန်ကြာမြင့်စွာ ဆုပ်ကိုင်နိုင်ခဲ့တဲ့ ထက်ထက်မိုးဦးက အခု ဇာတ်ကားရိုက်ကူးမှု အပိုင်းနဲ့ အရင်တုန်းက ရိုက်ကူးခဲ့ပုံတွေ ကွာ ခြားမှုတွေ ရှိသွားကြောင်း ပြောပါ တယ်။

“အများကြီး ကွာခြားပါတယ်။ ရိုက်တာကအစ အရင်တုန်းက အနုပ ညာရှင်တွေဆို အစစ အရာရာ ပိုဂရု စိုက်သလိုပဲ။ ပြီးတော့ အချိန်လည်း ပိုပေးရတယ်။ အခုကျတော့ ရိုက်ရင် လည်း အရမ်းကိုလောတာပဲ။ သူတို့ ဘက်ကမြန်မြန်ပြီးချင်တာလား။ ကိုယ်ကပဲ စိတ်ကျေနပ်မှု မရှိ တာလား။ ဒါပေမဲ့ ထက် ထက်တို့က quality ကိုထိန်းထားစေချင် တာပါ။ ထက်တို့တုန်း ကဆိုရင် ၆ နှစ်လောက် လေ့လာပြီးမှ အလုပ် ထဲကို စဝင်တာ။ အခု ချက်ချင်း မင်းသမီး လုပ်ချင်တယ်၊ ချက် ချင်း မင်းသမီးဖြစ် တာတော့ မဟုတ် ဘူး။ သရုပ်ဆောင် တစ်ယောက်မှာ သတိထားစရ တွေ အချက်ပေါင်း မြောက်မြားစွာရှိ တယ်။ တစ်ခါတလေ ဆိုရင် ကိုယ့်ကိုယ် ကိုယ် အသက်ရှူဖို့ တောင် မေ့နေတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here