၁ဝနှစ် အကြာမှာ အနုပညာ လောကထဲကို ဒုတိယအကြိမ် ပြန်လည် ဝင်ရောက်မယ့် ဇင်ဇင်ဇော်မြင့်

0
239

အနုပညာလောကနဲ့ ၁ဝနှစ်ကျော်ကြာ ဝေးကွာခဲ့ တဲ့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က “ရာဇဝင်ရိုင်းခဲ့ သည်”ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ဒုတိယအကြိမ် ပြန်လည် ဝင်ရောက်လာတော့မှာ ဖြစ် ပါတယ်။ ဇင်ဇင်ဇော်မြင့်က ခင်ပွန်းဖြစ်သူနဲ့အတူ CKKP ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုကို တည်ထောင် လိုက်ပြီး ဒီထုတ်လုပ်ရေး ကနေ ပရိသတ်အတွက် ရသ စုံလင်တဲ့ ရုပ်ရှင် ဇာတ်ကားကြီးတွေ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ အနုပညာ လောကထဲကို ဒုတိယ အကြိမ် ပြန်လည် ဝင်ရောက်တာ ဖြစ်တဲ့အတွက် သေချာပြင် ဆင်မှုတွေ လုပ်ခဲ့တယ်ဆိုတဲ့ ဇင်ဇင်ဇော်မြင့်က

“အနုပညာလောကထဲကို ဒုတိယအကြိမ် ပြန်ဝင် တာဆိုတော့ တအား အရေးကြီးပါတယ်။ အသက် အရွယ်လည်း ရှိလာတဲ့ အတွက် ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင် အဝတ်အစားတွေ ကအစ တအားကိုသတိ ထားစဉ်းစားရပါတယ်။ နောက်ပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ်၊ ဆံပင်ပုံစံတွေ ဖန်တီးပြီး ပီပီပြင်ပြင်နဲ့ သရုပ် ဆောင်သွားဖို့ အတွက် အချိန်တွေတော့ တော်တော်ယူ ရပါတယ်။ အခုချက်ချင်း ထရိုက်၊ အခုချက်ချင်း ထ လုပ်လို့တော့မရပါဘူး။ ဇာတ်ကောင်ရဲ့ ကာရိုက်တာ အတိုင်း သရုပ်ဆောင်နိုင်ဖို့ အဘက်ဘက်က ပံ့ပိုးပြီး တော့ လုပ်ကိုင်ရပါတယ်” လို့ပြောပါတယ်။ ဇင်ဇင် ဇော်မြင့်က ZZ Gems & Jewellery ဆိုင်ဖွင့် လှစ်ထားပြီး စီးပွားရေးကိုလည်း အချိန်ပေးသလို မိသားစုနဲ့ အနုပညာ ဘက်ကိုလည်း မျှတပြီးလုပ် ဖြစ်သွားမှာပါလို့ ဆိုပါတယ်။ ပရိသတ် ကြိုက် တဲ့ ဇာတ်လမ်းတွေ ရိုက်ကူး သွားမှာပါဆိုတဲ့ ဇင်ဇင်ဇော်မြင့်က

“ကိုယ့်ရဲ့ ပရိသတ်တွေ တောင်းဆိုတဲ့ ဇာတ်လမ်းမျိုး၊ ပရိသတ်တွေ ကြိုက်တဲ့ ဇာတ် လမ်းမျိုးတွေကိုပဲ ရိုက်ကူးသွားမှာပါ။ အစ်မ ကတော့ ပထမဆုံး ရိုက်ကူးတဲ့ ဇာတ်ကားကို ဒရာမာပဲ ဖြစ်ချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ အစ်မပထမဆုံး ရိုက်ကူးခဲ့ဖူးတဲ့ ရုပ်ရှင် ဇာတ်ကားက ဒရာမာဇာတ်လမ်း ဖြစ်ခဲ့ဖူးပါ တယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်လောက်ကပါ။ ဒါကြောင့် ဒုတိယအကြိမ် ပြန်ဝင်တဲ့ ဇာတ်လမ်းကိုလည်း ဒရာမာ ဇာတ်လမ်းလေးပဲ ဖြစ်ချင်ပါတယ်။ နောက် ပိုင်းမှာတော့ ပရိသတ်ကြိုက်မယ့် ဇာတ်လမ်း အစုံကို ရိုက်ကူးသွားမှာပါ” လို့ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here