ဝိတ်ချဖို့ အတွက် Boxing လေ့ကျင့်နေတဲ့ သက်မွန်မြင့်

0
203

အခု လတ်တလော မှာတော့ သက်မွန်မြင့် က ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူး နေတဲ့ “သခင်ကြီးနှင့် ငါးပိတို့စရာ” ရုပ်ရှင်ဇာတ် ကားကြီးကို ထွန်းကိုကိ၊ု ရွှေသမီး တို့နဲ့အတူ အခြားအနုပညာရှင် များစွာတို့နဲ့ အတူပါဝင် သရုပ်ဆောင်ကာ ရိုက်ကူးနေပါတယ်။

ဒီ ရုပ်ရှင်ဇာတ်ကားက သက်မွန်မြင့် အနေ နဲ့ ဒုတိယရင်သွေး သမီးလေးကို မွေးဖွားပြီးမှ ဒုတိယ အကြိမ်မြောက် ပြန်လည်လက်ခံ ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား ဖြစ်တယ်လို့ သိရ ပါတယ်။

ကလေး ၂ယောက် မိခင်ဖြစ်တဲ့ သက်မွန် မြင့်က အခုအချိန်မှာက လေးတွေကိုသာ ဦးစားပေး ဂရုစိုက်နေဖြစ်တာကြောင့် သူ့ရဲ့ အလှအပ နဲ့ ခန္ဓာကိုယ် ထိန်းသိမ်း မှုဘက်ကို ဂရုမစိုက်နိုင်သေး ဘူးလို့ သိရပါတယ်။

သူမရဲ့ ခန္ဓာကိုယ် ဝလာမှုအတွက် ဝိတ်ချဖို့ပြောနေ ကြတဲ့ ပရိသတ် တွေကို သက် မွန်မြင့်က…

“သက်မွန်အနေနဲ့က တစ်ဖက်မှာက နို့တိုက်နေရတဲ့ မိခင်ဆိုတော့ သက်မွန် ဘာကို ရွေးချယ်ရမလဲ။ ဒီ ကြားထဲမှာလည်း ကလေးနို့ မပြတ်သေးလို့ လက်လွတ်လိုက် ရတဲ့ ဇာတ်ကားတွေ အများကြီးပဲ။ အခုလို လက်လွတ် လိုက်ရပေမယ့်လည်း အခုလို ဇာတ်လမ်းကောင်း တွေကတော့ လာမှာပဲ။ ကိုယ်ကြိုးစားရင် ကြိုးစား သလောက်က တော့ ကိုယ့်ပရိသတ်က အားပေးနေရင် အခွင့် အရေး ကတော့ ရှိမယ်။ ဒါပေမယ့် ကလေး နို့တိုက် တာကျတော့ သူသောက်တဲ့ အချိန်လေးပဲ နို့တိုက်လို့ ရတာဆိုတော့ သူ့ ကိုပဲ ဦးစားပေးရမယ်။ ကိုယ်က ရုပ်ရှင် မင်း သမီး ဖြစ်နေတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် လှတယ်၊ မိုက်တယ် လို့ပြောတာပဲ ကြားချင်တာ ပေါ့။ ကိုယ့်ပရိသတ် ကလည်း ငါတို့ အားပေးတဲ့ မင်းသမီး လှတယ်လို့ပဲ ပြောချင်ကြမှာပဲ။ ဒါကိုနားလည်တယ်။ ဒါပေမဲ့ ကိုယ့်ဘက်မှာ အခက်အခဲလေး နည်းနည်း ရှိနေတော့ အချိန် တစ်ခု ပဲပေးပါလို့ ပြောချင်တယ်။ မလုပ်ဖူး မဟုတ်ဘူး။ လုပ်ပါ့မယ်။ ကိုယ်ကလည်း နဂို ကထည်းက ထွားထွား ကြိုင်းကြိုင်း။ မြန်မာပြည် အနေအထားနဲ့ အဝတ်အစား ဝယ်မယ်ဆို တိုင်က ပတ်ပြီ။ ကိုယ်နဲ့တော်တဲ့ အဝတ်အစားက မရှိ၊ တော်တဲ့ဖိနပ်က မရှိ။ စတိုင်မိုက်မိုက် ဝတ်ချင် လည်း ကိုယ်နဲ့က မတော်ဘူး။ ဘာဝတ်ဝတ် လိုက် ဖက်တဲ့အထဲမှာ သက်မွန် မပါဘူး။ ကိုယ်ကိုယ် တိုင်လည်း ဒုက္ခတော် တော်ရောက်တယ်။ တစ်ဖက်မှာလည်း စိတ်ဖိအားတော့ ရှိ တယ်။ အဲဒီလို ဖြစ်နေတဲ့ အခါကျတော့ အချိန်တစ်ခု တော့ပေး။ အခုအချိန်မှာ တော့ ကလေးကိုပဲ အဓိက ဦးစားပေး ပြုစု စောင့်ရှောက်သွားမှာမို့ ဒါ လေးကို နာလည်ပေးစေချင်ပါတယ်။ သက်မွန် အနေနဲ့ သရုပ်ဆောင်ပိုင်း အနေနဲ့က တော့လုံးဝ အာမခံတယ်၊ အကောင်းဆုံး လုပ်ပြနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် တအားလှနေမှ ဆိုတာကိုတော့ အချိန် ခဏ လေးပေးပါလို့ သက်မွန် ပြောချင်ပါတယ်”လို့ ပြောပြပါတယ်။

အခု လတ်တလော မှာတော့ သက်မွန်မြင့်က မျက်နှာ ဝိတ်ချဖို့ အ တွက် Boxing လေ့ကျင့် နေတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သက်မွန်မြင့် က..

“Boxing က နဂိုကတည်းက ကြိုက် တာ။ ကြမ်းကြမ်းရမ်းရမ်း ကြိုက်တာပေါ့နော်။ ကိုယ်ကလည်း ငယ်ငယ် ကတည်းက ကာရာ တေးဆော့ ချင်ခဲ့တာ ဆို တော့လေ။ Boxing က လည်း တကယ် ဝိတ်ကျ တယ်ဆိုတော့ ဆော့ဖြစ် တာပါ။ လူကလည်း ကလေး မွေးထားတဲ့ မိခင်ဖြစ်သွား တော့ သွေးသားတွေ အကုန် လုံးက ပြောင်းလဲနေချိန်မှာ ငယ် ငယ်တုန်းက လောက်လည်း သိပ်ပြီး မလုပ်နိုင်ဘူး။ ၂ရက်လောက် ကစား တယ်။ ပြီးရင် ပြန်ဖျားတယ်။ ပြန် နားတယ်။ ပြန်ပြည့်တယ်။ ပြန်ဆော့ တယ်။ အဲဒီလိုဖြစ်နေတော့ တရားပဲ မှတ်တော့မယ်လို့ ဆရာ့ကို ပြောနေ ရတာ။ ဝိတ်ကတော့ တဖြည်းဖြည်းနဲ့ ချသွား ရမှာပေါ့နော်” လို့ ပြောပြပါတယ်။

ဇင်မာနွယ်
ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here