ဝတ်မှုံရွှေရည် ရဲ့ ချစ်သူနေရာကနေ သရုပ်ဆောင်ထားတဲ့ သားစိုး ရဲ့ ဇာတ်လမ်းတွဲအကြောင်း

0
193

Thar-Soe

အဆိုတော်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိထားတဲ့ သားစိုးကတော့ သရုပ် ဆောင်တစ်ဦးအဖြစ် ရုပ်သံဇာတ်လမ်းတွဲများမှာ ပါဝင်သရုပ်ဆောင်နေပြီ ဖြစ်ပါ တယ်။ သူကတော့ ခုလက်ရှိ MNTV မှာ ထုတ်လွှင့်ပြသလျက်ရှိတဲ့ ‘ဂျော်နီငပိနှင့် တော်ကီချက်ကြီး’ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ် လမ်းတွဲကတော့ သူ့ရဲ့ ‘တစ်နှစ်သုံး’ မီဒီယာမှ စီစဉ်တင်ဆက်တာဖြစ်ပြီး လူငယ် ပရိသတ်များကြား ရေးပန်းစားနေတာလည်း တွေ့ရပါတယ်။ ဒီဇာတ်လမ်းတွဲ ရိုက် ကူးပုံဖော်တာနဲ့ပတ်သက်ပြီး …

“ဒီဇာတ်လမ်းတွဲက ကျွန်တော်ရဲ့ ဇာတ်လမ်းတွဲပါ။ဇာတ်ဝင်ခန်း တစ်ခန်းနှစ် ခန်းမှာ မျက်နှာလောက်ပဲ ကျွန်တော် ပါဝင်ပါတယ်။ ကိုရွှေမိုးသက်က ဇာတ်ညွှန်း ရေးတယ်။ သူဇာတ်ညွှန်းပြန်ခွဲလိုက်တဲ့အခါမှာ စိန်ပူစီဆိုပြီးထည့်လိုက်တာ အများကြီး ဖြစ်သွားတယ်။ အဲဒီ စိန်ပူစီ ဆိုတာကလည်း ကျွန်တော့်ရဲ့ Studio နာမည်ပါ။ ကာရိုက်တာကတော့ ရွာထဲက အရက်ပုန်း ဆိုင်ရှင်ပေါ့။ ဂျော်နီငပိနဲ့ တော်ကီချက်ကြီးကို ကြပ်တဲ့နေရာက ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းတွဲ ရိုက်ကူးတဲ့အခါမှာလည်း အခက်အခဲ ဘာမှမရှိခဲ့ပါဘူး။ ပျော်ပျော်ရွှင်ရွှင်နဲ့ အမှတ်တရလည်း ဖြစ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

လူငယ်ပရိသတ်ကြား ရေပန်း စားနေတဲ့ ‘ဂျော်နီငပိနှင့် တော်ကီ ချက်ကြီး’ကို အရသာခံပြီး ထိုင်ကြည့်နေတယ်ဆိုတဲ့ သားစိုးက..
“ဒီဇာတ်လမ်းတွဲကို ကလေးတွေ ကြားထဲမှာ အဲဒီလောက် ပျံ့နှံ့ မယ်လို့ မခန့်မှန်းခဲ့ပါဘူး။ ခုကလေးတွေက စောင့်ကြည့်ကြတယ် ပြောကြတယ်။ ဂျော်နီငပိလိုမျိုး လုပ်နေကြတာတွေ့တော့ အရမ်း လည်း ဝမ်းသာပါတယ်။ ကျွန်တော်လည်း အရသာခံပြီး ထိုင်ကြည့် နေပါတယ်။ ဘာတွေလိုအပ်ခဲ့လဲဆိုတာပေါ့။ အပတ်စဉ် ကြည့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

နောက်ထပ်သူ့ရဲ့’တစ်နှစ်သုံး’ မီဒီယာမှ ရိုက်ကူး ထုတ်လုပ်တဲ့ ဇာတ်လမ်းတွဲ တစ်ခုမှာ ဝတ်မှုံရွှေရည်ရဲ့ ချစ်သူနေရာက တစ်ခန်းပါဝင်ထားပြီး သူ့ရဲ့ Production  ကထုတ်လုပ်ပြီး သူစီစဉ် ရိုက်ကူးတဲ့ ဇာတ်လမ်းတွဲမှာ အမှတ်တရဖြစ်အောင် ပါဝင် သရုပ် ဆောင်ခြင်း ဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here