ရှေ့ကမှားခဲ့တဲ့ အမှားတွေကိုသင်ခန်းစာယူပြီး အဖွဲ့ကို မပြိုကွဲအောင် လုပ်ဆောင်သွားမယ့် အင်ပါယာ အဖွဲ့

0
118

လွန်ခဲ့တဲ့ ဆယ်စုနှစ် ကာလတစ်ခုက အလွန်အောင်မြင် ကျော်ကြားခဲ့တဲ့ လူရွှင်တော် အဖွဲ့တစ်ဖွဲ့ကို ပြောပါ ဆိုရင် ရွှေညီကို အဖွဲ့ကို ညွှန်းဆိုရမှာ ပဲဖြစ်ပါတယ်။ ဒီအဖွဲ့မှာတော့ ငြိမ်းချမ်း၊ ကောင်းကျော်၊ ထက်ထက်၊ ဝိုင်းချစ်၊ ရှဲဒိုးတို့ ပါဝင်ပြီး သူတို့ရဲ့ အတွဲညီလှတဲ့ ဖျော်ဖြေ တင်ဆက်မှု တွေကြောင့် အောင်မြင်မှုတွေ ရရှိ ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့အဖွဲ့ ဟာ ၇နှစ်တာ ကာလအထိ စည်း လုံးညီညွတ်စွာ နဲ့ အောင်မြင်မှု သရဖူကို ဆောင်းနိုင်ခဲ့ပေမယ့်လည်း အကြောင်းကြောင်း တွေကြောင့် အဖွဲ့ဟာ ကွဲခဲ့ရပါတယ်။ ဒီအပေါ် မှာလည်း အားလုံးက စိတ်မကောင်း ကြီးစွာ ဖြစ်ခဲ့ရပြီး နှမြောတသစိတ် တွေလည်း ရှိခဲ့ကြပါတယ်။ အခု ချိန်မှာတော့ ရွှေညီကို အဖွဲ့မှာ ပါဝင် ခဲ့တဲ့ လူရွှင်တော် ကောင်းကျော်က အဖွဲ့တစ်ခုကို ထပ်မံ တည်ထောင်ခဲ့ ပြီး ဒီအဖွဲ့ရဲ့ နာမည်ကိုတော့ အင်ပါယာ အဖွဲ့လို့ နာမည်ပေးခဲ့ပါ တယ်။ ဒီအဖွဲ့မှာတော့ ဝိုင်းချစ်၊ ချာလီ၊ ဇာနည်၊ ရဲထက်တို့ ပါဝင်ပြီး မင်းသမီးအဖြစ် ဆုရတီ ပါဝင်ပါ တယ်။ အင်ပါယာ အဖွဲ့ အနေနဲ့ အခု လက်ရှိမှာတော့ ၂နှစ်ကျော် ကာလ ကို စည်းလုံးညီညွှတ်စွာ နဲ့ ဖြတ်သန်း ခဲ့ကြပြီးပြီ ဖြစ်သလို ယခင်မှားခဲ့တဲ့ အမှားတွေ ကို သင်ခန်းစာယူပြီး လက်ရှိ အဖွဲ့ကို မပြိုကွဲအောင် နှင့် ရေရှည် တည်တံ့အောင် ဆောင်ရွက် သွားကြဖို့ အားလုံးက စိတ် ဆန္ဒတွေ ရှိနေကြပါတယ်။ ဒါကြောင့်လည်း အင်ပါယာ အဖွဲ့ပေါ် ထားရှိတဲ့ စိတ် ခံစားချက်တွေကို သိရှိရနိုင်ဖို့ အတွက် အဖွဲ့သား တစ်ဦးချင်းစီ ကို အင်တာ ဗျူးဖြစ်ခဲ့ပါတယ်။

ရဲထက်

ကျွန်တော့် အနေနဲ့ ဟိုးအရင် ကတည်းက အဖွဲ့တစ်ခု လုပ်ချင်ခဲ့ တယ်။ စည်းလုံးလုံး နဲ့ပေါ့။ အဝတ် အစား ဆိုရင်လည်း ဆင်တူတွေ ဝတ် ပြီးပေါ့။ အဲဒီလိုမျိုး အရင်တုန်းက တည်းက လုပ်ချင်ခဲ့တယ်။ အခုအင် ပါယာ အဖွဲ့ကို ရောက်တော့ ကျွန် တော့် အနေနဲ့ အတိုင်းမသိ ကို ဝမ်း သာတယ်။ ဘာကြောင့်လဲ ဆိုတော့ အင်ပါယာ အဖွဲ့က လူရွှင်တော်က ရင်လည်း အဝတ်အစား ဆင်တူ၊ အလှူပွဲတွေဘာတွေ သွား ခဲ့ရင် လည်း ဆင်တူဝတ်ပြီးတော့ သွားကြတယ်။ စည်းစည်းလုံးလုံး လည်းရှိတယ်။ ကျွန်တော့်ကိုတခြား လူရွှင်တော် အဖွဲ့တွေ လာခေါ်ရင် တောင်မှ ကျွန် တော်က မသွားချင်ဘူး။ ဘာကြောင့် လဲ ဆိုတော့ အင်ပါယာ အဖွဲ့နဲ့ ကျွန်တော် လုပ်မယ်။ ကျွန်တော်က အဖွဲ့ထဲမှာ အငယ် ဆုံးဖြစ်နေတယ်။ ကျွန်တော် မှားတာတွေလည်း ရှိမယ်။ ကျွန်တော်မှားတာကို ဆရာသမား တွေက မင်းဒီဟာ မှားတယ်၊ ဒီဟာ မှန်တယ်ဆိုတာကို ပဲ့ပြင်နိုင်တဲ့လူ တွေရှိတဲ့နေရာမှာ နေတာက ပိုကောင်းတယ်လို့ ထင်ပါတယ်။ ဆရာသမားတွေရဲ့ ဆုံးမ ပဲ့ပြင်မှု အောက်မှာ နေတာ ကိုယ့်အတွက် လည်း အလားအလာရှိမယ်လို့ ထင် ပါတယ်။ ဖြစ်နိုင်ရင်တော့ ကျွန်တော် ကတော့ ကျွန်တော် တို့အဖွဲ့ကို ဘယ် တော့မှ မကွဲစေချင်ဘူး။ ဘာကြောင့် လဲဆိုတော့ အင်ပါယာ အဖွဲ့က ကျွန် တော့် အရင်မှာလည်း အဖွဲ့ဝင် တွေရှိ တယ်။ ထွက်သွားကြတယ်။ ကျွန် တော်လည်း သိနေတာပဲ။ အခု လက်ရှိ အင်ပါယာအဖွဲ့ကို မကွဲ အောင် ဘယ်လိုတွေ စည်းရုံးမယ်၊ ဘယ်လိုတွေ ရှေ့ဆက်သွားကြမယ် ၊ တစ်ယောက်နဲ့ တစ်ယောက်ကျော် တာခွတာ မရှိဘဲနဲ့ အမှန်တရားနဲ့ သွားမယ် ဆိုရင်တော့ ကျွန်တော် တို့အဖွဲ့တည်တံ့မယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ အင်ပါ ယာအဖွဲ့ရဲ့ အားလုံးရဲ့စိတ်ကတော့ ပရိသတ်ကို ပျော်စေချင်တယ်။ ရယ် စေချင်တယ်။ စိတ်ချမ်းသာစေ ချင် တယ်။ ဒီအဖွဲ့ကိုလည်း အားလုံးက စောင့်ကြည့်ပေးပါ။ အားပေး ပေးပါ။ ပရိသတ် ရဲ့မေတ္တာ ကိုပဲ ခံယူ လိုတဲ့ အတွက် ပရိသတ်ကို ကျွန်တော် တို့ က ဘယ်တော့မှ မစော်ကားပါဘူး။ ပရိသတ်တွေရဲ့ ချစ်ခြင်းတွေကိုပဲ လိုချင်ပါတယ်။

ဝိုင်းချစ်

ကျွန်တော်တို့ ရွှေညီအစ်ကို အဖွဲ့ ကွဲရတာကတော့ သဘာဝ တရားကြီးကြောင့်ပါ။ ဆုံချင်တန်ဆုံမယ်၊ ကွဲချိန်တန်ကွဲမယ်ဆိုတဲ့ သဘောဝ တရားပေါ့။ ကျွန်တော်တို့ သက်တမ်းနုနု နဲ့ ကွဲသွားတဲ့အတွက် နှမြောတယ်။ ကျွန်တော်တို့ သူငယ်ချင်း ၅ ယောက် ညီညွတ်တဲ့ ပုံစံမျိုး နောင် လည်း မရတော့ဘူး။ ကျွန်တော်တို့ ကောင်းလို့ ရယ်မဟုတ်ပါ ဘူး။ ညီကြလို့ရယ်ပါ။ ကိုငြိမ်းချမ်းက ကျွန်တော်တို့ထက် အသက် ကြီးတယ်။ ဝါလည်းကြီးတယ်။ ကျွန်တော် တို့ကို သွန်သင်ဆုံးမတယ်။ ကျွန်တော်တို့ အားလုံး တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းမှုတွေနဲ့ အတူတူ အောင်မြင်လာကြတာပေါ့ဗျာ။ ကြိုးစားရင်း နဲ့ အောင်မြင် လာကြတာမျိုးပေါ့။ အောင်မြင်လာတဲ့ အပိုင်းမှာ ကျွန်တော်တို့ အနေနဲ့ သက်တမ်း အရှည်ကြီး မနေလိုက်ရဘူး။ မနေလိုက်ရတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ နှမြော လည်းနှမြော ပါတယ်။ ဒါလည်း ဘယ်သူ့ အပြစ်လည်း ပြောရရင် တစ်ယောက်တည်း မဟုတ်ပါဘူး။ အကုန်လုံး အပြစ်ပါ။ ကျွန်တော့် အပြစ်လည်း ပါပါတယ်။ ၅ယောက်စလုံး အပြစ် ပါပါတယ်။ ဘယ်သူ့ အပြစ်မှလို့ ကျွန်တော်တို့ ပုံချလို့ မရပါဘူးဗျာ။ ဒါကကျွန်တော် တို့အတွက် သင်ခန်းစာ တစ်ခုပေါ့။ ကျွန်တော်တို့ မကောင်းခဲ့လို့ ကွဲခဲ့တာ။ ထိန်းသိမ်း မှုညံ့ဖျင်းလို့ ကွဲခဲ့တဲ့အတွက် နောင် အဲဒီလိုပုံစံမျိုး မဖြစ်အောင် ကျွန်တော်တို့ အနေနဲ့ နေထိုင်ကျင့်ကြံ ဆောင်ရွက်ပါမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ် ထားပါတယ်။ အခု လက်ရှိ ကျွန်တော်တို့ အင်ပါယာ အဖွဲ့သားတွေရဲ့ စိတ်ထဲမှာ ထားရ မယ့် စိတ်တစ်ခုပေါ့။ အသင်းအဖွဲ့ကိစ္စလေး ကအစ မယုံသင်္ကာ မဖြစ် မကောင်းမမြင်ဘဲနဲ့ အရာအားလုံးကို သူသည် အားလုံးအတွက် ကောင်းဖို့ လုပ်နေပါလား ဆိုပြီး အဲဒီစိတ်လေး ကို ထားကြဖို့ပေါ့။ မကောင်းမြင် စိတ်လေးကို ဘေးဖယ်ပြီးတော့ အကောင်းမြင် စိတ် လေးနဲ့ ကျွန်တော်တို့ ပျော်ပျော်ပါးပါး တစ်ယောက်စကား တစ် ယောက် နားထောင်ပြီးတော့ စုစုစည်းစည်း နဲ့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ အင်ပါ ယာအဖွဲ့က ရေရှည် တည်မြဲမှာ ဖြစ်ပါတယ်ဗျာ။

ကောင်းကျော်

အင်ပါယာအဖွဲ့ကို ဖွဲ့ဖို့စိတ်ကူးရခဲ့တာက အသင်းအဖွဲ့ အနေနဲ့ တစ်ခုခုတော့ လုပ်မှရတော့မယ် ဆိုပြီးတွေးမိတယ်။ သူငယ်ချင်း ဝိုင်းချစ် ကလည်း အဲဒီနှစ်က ဖိုးချစ်ဇာတ်ကနေ ထွက်တဲ့နှစ်ပေါ့။ ပြီးတော့ ချာလီရယ်၊ ဒဲ့ဒိုးရယ်၊ ကံပွင့်တို့နဲ့ သူငယ်ချင်း တို့ရေ တို့တွေ အဖွဲ့ လုပ်ကြရအောင်ပေါ့။ စိတ်တူ ကိုယ်တူ နာမည်အသစ်၊ လူအသစ် မှုအသစ်စိတ်အသစ် နဲ့တို့မှားခဲ့ဖူးတဲ့ အမှားတွေကို သင်ခန်းစာ ယူပြီးတော့ လာမယ့် အနာဂတ်မှာ မမှားအောင် တို့တွေ တိုင်ပင်ပြီး တော့ လုပ်ကြမယ် ဆိုပြီးတော့ အင်ပါယာကို စပြီးတော့ ဖွဲ့စည်းဖြစ် တယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် လူဟာ ဦးစီးဦးဆောင် မရှိဘဲနဲ့ တော့မရ ဘူး။ အဲဒီတော့ သူငယ်ချင်း တို့ငါက ခေါင်းဆောင် မဟုတ်ဘူး။ ဦးဆောင်မယ်။ တို့တွေ ပွင့်ပွင့်လင်း လင်းနဲ့ ရွှေညီအစ်ကို တို့တွေမှား ခဲ့ကြတဲ့အမှားတွေ အပေါ်မှာ သုံးသပ်ရင်း အရင်လို မမှားစေ ရအောင်ပေါ့။ အဖွဲ့စည်းတစ်ခုမှာ အဓိကပြဿနာ ကငွေကြေးပဲ။ တော်တော် များများ ကွဲပြဲခြင်းရဲ့ အကြောင်းတရားက ငွေကြေးပဲ။ တစ်ယောက်နဲ့ တစ်ယောက်ကြား မှာ မှန်မှန်ကန်ကန် သစ္စာတရားနဲ့ လုပ်တာ အကောင်းဆုံးပဲ။ တစ်ယောက်နဲ့ တစ်ယောက် အလိမ် အကောက် အညာတွေ မပါကြေး။ ဖြူဖြူစင်စင် ဖြောင့်ဖြောင့်တန်းတန်း လျှောက် ကြမယ်ဆိုတဲ့ စိတ်နဲ့ အားလုံးညှိပြီးတော့ အင်ပါယာကိုစဖွဲ့ခဲ့ပါတယ်။ စဖွဲ့ကတည်း ကနေ အခုအချိန်အထိ ကျွန်တော်တို့ အဖွဲ့ အောင်မြင် တယ်။ ရှေ့ကမှားခဲ့တဲ့ အတွက် အမှားတွေ အတွက် ပြင်ပြီးတော့ သင်ခန်းစာ ယူတယ်။ အဲဒီအပေါ်မှာ အကောင်းဆုံး ဖြစ်အောင် လျှောက်တယ်။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမဆို အားလုံးကို နှစ်ပြီးတော့ကို ယုံပစ်လိုက်တယ်။ ယုံလည်းယုံ ကြည်တယ်။ ဘာကြောင့် လဲဆိုတော့ ကိုယ်ကိုယ်တိုင် ကလည်း သူတို့အပေါ်မှာ သစ္စာမပျက်ဘူး။ မရိုးမသား မလုပ်ဘူး။ သူတို့ကလည်း မလုပ်ကြဘူး။ မှန်ကန်ပြီးသစ္စာ ရှိကြ ရင်ဒီအဖွဲ့က ပျက်စရာ မရှိပါဘူး။ အဲဒီအတွက် အားလုံးကိုလည်း ယုံကြည်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုတွေ နဲ့အတူ သွားတဲ့ အတွက် လက်ရှိမှာ ကျွန်တော်တို့ အဖွဲ့ လှုပ်ရှားမှု အားကောင်း တယ်ပေါ့။ ညှိနှိုင်းမှု အားကောင်းတယ်၊ ညီညွတ်မှု အားကောင်းတယ်။ ကျေနပ်ပါတယ်။ လက်ရှိအဖွဲ့သားအားလုံးအပေါ်မှာ ကျေနပ်ပါတယ်။

ချာလီ

အဖွဲ့တွေ မကွဲဖို့ အတွက် တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်း မှုကတော့ လိုတယ်။ ဦးဆောင်သူနောက်ကို သေချာဖြောင့်ဖြောင့် တန်းတန်းလိုက်ပေါ့။ ဥပမာ-ဒီပွဲကတော့ သိပ်မရဘူး။ ဒီလောက်ပွဲ ရတယ်။ ညှိနှိုင်းဈေးနဲ့ပဲ အားလုံး ယူကြမလား။ အားလုံးက သဘော တူတယ်ဆိုရင် လုပ်ကြမယ်။ ဒီလို လေးတွေ ကျွန်တော်တို့ ညှိနှိုင်းပြီး တော့ လုပ်ကြပါတယ်။ ပြက်လုံး တစ်ခုမှာလည်း ဘယ်သူကဘယ် နေရာမှာနေပေါ့။ ကျတဲ့နေရာ ဒါတွေဒါတွေ လုပ်မယ်။ အဲဒီလိုလေး တွေ ညှိုနှိုင်းပေါင်းစပ်ပြီး လုပ်ကြပါတယ်။ အဆင်လည်းပြေပါတယ်။ ကျွန်တော်တို့ အင်ပါယာအဖွဲ့ အနေနဲ့ စည်းမျဉ်း စည်းကမ်းထားတာ တွေလည်း ရှိပါတယ်။ အားလုံး အစည်းအဝေး ထိုင်ပြီးတော့ ဘာ တွေတော့ မလုပ်ရ၊ ပွဲလက်ခံထားတယ် ဆိုရင် အားလုံး မပျက်မကွက် လုပ်ပေးရမယ်။ ပွဲမရှိရင်တော့ အဆင်ပြေတဲ့လမ်း လျှောက်လို့ ရမယ်။ ကြိုက်တဲ့လူ ပွဲလက်ခံပါ။ သတ်မှတ်ထား တဲ့ဈေး မရဘူးလား၊ ပြန်တင် ပြ၊ အားလုံး ညှိုနှိုင်းဈေးနဲ့ လိုက်ကြမယ်ပေါ့။ အဲဒီ လိုလေးတွေတော့ ကျွန်တော်တို့အဖွဲ့ သတ်မှတ်ထားပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာတော့ ကို ကောင်းကျော်ကို ဦးဆောင်သူ အဖြစ် ထားပါတယ်။ သူကလည်း တစ် ခုခုဆိုရင် အားလုံးကိုပြန်လည် ချပြပါတယ်။ သူလည်း အားလုံးနဲ့ ညှိနှိုင်း ပါတယ်။ သူဦးဆောင်တဲ့ နောက်ကို ကျွန်တော်တို့တွေ အားလုံး ညီညီညွတ်ညွတ် နဲ့ တောက်လျှောက် လိုက်မှာပါ။ ကျွန်တော်တို့ အင်ပါ ယာအဖွဲ့ကို ပရိသတ်တွေ အနေနဲ့ အားပေးပါဦး။ ကျွန်တော်တို့ ညီ အစ်ကိုတွေ ညီညီညွတ်ညွတ် နဲ့ စုပေါင်းပြီးတော့ အားလုံးကြိုးစားနေ ပါတယ်။

လင်းအက္ခရာ ၊

ဓာတ်ပုံ – အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here