ဆယ်စုနှစ် တစ်ခုတိုင် ရပ်တည်လာခဲ့တဲ့ Five Star အဖွဲ့ ရဲ့ စည်းလုံးမှု

0
220

လူရွှင်တော် ငါးယောက် ပါဝင် ဖွဲ့စည်းထားတဲ့ Five Star အဖွဲ့က တော့ ပရိသတ် အားပေးမှု နဲ့အတူ ရပ်တည်လာခဲ့တာ ဆယ်စုနှစ် တစ်ခု ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒီအဖွဲ့ဝင် ငါးဦးတို့မှာ လူရွှင်တော် ဖလား ပြိုင်ပွဲမှာ ဆုံခဲ့ကြတာ ဖြစ်ပြီး ၂ဝ၁၇ မှာ Five Star ဆိုပြီး ဖွဲ့စည်းကာ ပရိသတ်ရှေ့မှောက်ကို ရောက်ရှိ လာခဲ့တာလည်း ဖြစ်ပါတယ်။ အခု လို ဆယ်စုနှစ် တစ်ခုကျော် စည်း စည်းလုံးလုံး ရပ်တည်နိုင်ခဲ့တာနဲ့ ပတ်သက်ပြီး Five Star အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူရွှင်တော်ကြာစိ က…

“ကျွန်တော်တို့ ဒီ Five Star အဖွဲ့ စဖွဲ့တုန်းက သိပ်မသိကြဘူး။ ပြက်လုံးတိုက်တဲ့ အခါမှာလည်း အခက်တွေ့တယ်။ အငြင်းပွားတာ လေးတွေ ဖြစ်ခဲ့ကြတယ်ပေါ့။ ကြိုး စားပြီး ညှိနှိုင်းခဲ့ရပါတယ်။ နောက် ပိုင်းမှာတော့ တစ်ယောက်အကြောင်း တစ်ယောက်သိပြီး ညီအစ်ကို လို ဖြစ် သွားတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ ပြက် လုံးလေးတွေ ထုတ်ကြတယ်။ ရန်ဖြစ် တာကတော့ တစ်ယောက်နဲ့တစ် ယောက် ဖြစ်နေကြ တာပဲ။ အသေး အမွှား ကိစ္စလေးတွေနဲ့လည်း ဖြစ်ကြ တယ်။ ကျွန်တော်နဲ့ အောင်သော်နဲ့ ရန်ဖြစ်ပြီး ထိုးမလို လုပ်နေကြတယ်။ ကျန်တဲ့သူတွေက ထိုင်ကြည့်နေကြ တယ်။ ရှောင်နေကြတယ်။ ဒါပေမဲ့ တကယ်တော့ မထိုးကြပါဘူး။ တစ် ယောက် အခက်အခဲကိုလည်း တစ် ယောက်က ဖြေရှင်းကြတာရှိတယ်။ ကျွန်တော်တို့ ငါးယောက်က ငွေရေး ကြေးရေး အလုပ်လုပ်တာတွေ၊ တစ် ယောက်နဲ့ တစ်ယောက် ပိုယူတာ၊ ပိုလုပ်တာ မရှိပါဘူး။ ညီညီမျှမျှ ယူ တယ်။ ညီညီမျှမျှ လုပ်ကြတယ်။ တစ် ယောက် လိုအပ်ချက်ကို တစ်ယောက် က ပြောပေးတယ်။ ပြီးတော့ ကျွန် တော်တို့ အဖွဲ့မှာ ခေါင်းဆောင် ဆို တာလည်းမရှိပါဘူး။ အားလုံး ညီ အစ်ကိုလိုပဲ တန်းတူနေကြပါ တယ်။ အဲဒါကြောင့်လည်း အခုချိန်ထိရပ် တည်နိုင်ခဲ့တာပါလို့ ပြောခဲ့ပါ တယ်။

နောက်ထပ် Five Star အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူရွှင်တော် မျောက်ရှုံး ကလည်း သူတို့ရဲ့အဖွဲ့ ရပ်တည်မှုနဲ့ ပတ်သက်ပြီး…

ကျွန်တော်တို့ Five Star အဖွဲ့မှာပါတဲ့ ငါးယောက်လုံးကတော့ ညီအစ်ကိုလိုပါပဲ။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ ရန်ဖြစ်နေကြ တာပဲ။ ခဏနေပြန်တည့် နေကြပြီး အဲဒီလို ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ် လုပ်ကြတယ်” လို့ ပြောခဲ့ပါတယ်။

ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here