‘ရာဇဝင် ရိုင်းခဲ့သည်’ ရုပ်ရှင်ဇာတ်ကား စတင်ရိုက်ကူး

0
243

လူငယ် စာရေးဆရာမ ရွှေရေး ထင်ထင် ပထမဆုံး ဒါရိုက် တာအဖြစ် ရိုက်ကူးမယ့် “ရာဇဝင်ရိုင်းခဲ့သည်” ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေးခြင်း အခမ်းအနား ကို စက်တင်ဘာလ ၇ရက်နေ့ နံနက် ၉နာရီက ဗဟန်းမြို့နယ်မှာရှိတဲ့ တောင်ကြီး ပရိယတ္တိ စာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီဇာတ် ကားက တော့ CKKP ရုပ်ရှင်ထုတ် လုပ်ရေး အတွက် ပွဲဦးထွက် ရုပ်ရှင် ဇာတ်ကား ဖြစ်ပြီး ဇေရဲထက်၊ ရဲအောင်၊ အောင် လေး၊ ခင်ဇာခြည်ကျော်၊ ဗခွန်းပန် စတဲ့ သရုပ်ဆောင်များစွာနဲ့ အတူ အနုပညာလောကနဲ့ ခဏတာကင်း ကွာခဲ့တဲ့ ဇင်ဇင်ဇော်မြင့်လည်း ပါဝင် ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ ပုံဖော် ရိုက်ကူးမယ့် “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ်ကားကြီး နဲ့ပတ်သက်ပြီး…

“ကျွန်တော် ကိုယ်တိုင်လည်း ဝါသနာပါတဲ့ အတွက် စတင်ပြုလုပ် ဖြစ်တာပါ။ ဒီဇာတ်ကားလေးက အချစ်ရယ်၊ ဒရာမာရယ်၊ မေတ္တာ တရားတွေ ရယ် ပေါင်းစပ်ပြီး လျှို့ဝှက် ဆန်းကြယ်တဲ့ဇာတ်လမ်းလေးပါ။ ကျွန်တော့် အမျိုးသမီး (ဇင်ဇင်ဇော် မြင့်)ကိုလည်း ပြန်ရိုက်စေ ချင်တာ ရယ်၊ ပရိသတ်တွေလည်းတောင်း မေလေးပြန်သရုပ်ဆောင်မှာပါ။ နောက်ပြီး ရွှေရေးထင်ထင် ကလည်း အရမ်းကြိုး စားတယ်။ ဇွဲရှိတယ်။ ညှိနှိုင်းမှုတွေလည်း ပြုလုပ်လို့ရတဲ့ အတွက် လက်တွဲဖြစ်တာပါ”လို့ CKKP ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးချမ်းကျော်ကျော်ပိုင်က ပြောပါ တယ်။ “ရာဇဝင်ရိုင်းခဲ့သည်” ဇာတ် ကားကိုတော့ စက်တင်ဘာလ ၈ရက် နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here