စက်တင်ဘာ ၂၃ရက်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အလုပ် အမှုဆောင်သစ် ရွေးချယ်ပွဲ ပြုလုပ်မည်

0
304

လာမည့် စက်တင်ဘာလ ၂၃ရက် နေ့နှင့်၂၄ရက်နေ့တို့တွင် ရုပ်ရှင် အစည်းအရုံး အလုပ် အမှုဆောင် သစ်ရွေးချယ်ပွဲကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဝင်္ကပါလမ်းရှိ မြန် မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတွင် ကျင်းပ ပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါ အကြောင်းအရာနှင့် ပတ် သက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးနာယက တစ်ဦးလည်း ဖြစ်သလို ရုပ်ရှင် အစည်းအရုံး အလုပ်အမှု ဆောင်သစ် ရွေးကောက်ပွဲ ကောက် မရှင် အတွင်းရေးမှူးလည်း ဖြစ်သူ ဦးနှင်းမိုးကို မေးမြန်းဖြစ်ရာ..

“အားလုံး၁ဝဖွဲ့မှာ ၈ဖွဲ့ပဲ အရွေး ချယ်ခံမယ်။ ကျန်တဲ့၂ဖွဲ့က တစ်ဖွဲ့မှာ ၂ယောက်စီပဲ ရှိတော့လေ။ သီးခြား မရွေးတော့ဘူး။ အဲဒီအဖွဲ့၂ဖွဲ့က ထုတ်လုပ်သူ အခြေခံ အလွှာရယ် ၊ပြဇာတ်နှင့်ရုပ်ရှင်နောက်ခံ တေးဂီတ အလွှာပါ”ဟုသူကပြောသည်။

လက်ရှိ ဆောင်ရွက်နေသည့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး အမှု ဆောင် သက်တမ်းကုန်ဆုံးရန် လပိုင်း လောက် လိုသေးသော်လည်း လုပ် ဆောင်ရမည့် လုပ်ငန်းဆောင်တာ များ အဆင်ပြေ ချောမွေ့စေရန် ရွေး ကောက်ပွဲကို စောပြီးပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ရွေးကောက်ပွဲကစောပြီးလုပ်လိုက်တာပေါ့။ အောက်တိုဘာလမှာ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲရှိတယ်။ နောက်ပြီးတော့ အကယ်ဒမီ အတွက် ကိုလည်း လုပ်ဖို့က အခုတောင်ရက် တွေက လွန်လာခဲ့ပြီ။ အဲဒါတွေရှိနေ တော့ နောက်အဖွဲ့က ကြိုပြီးလုပ်နိုင် အောင် ရွေးကောက်ပွဲကို စောပြီးလုပ် လိုက်တယ်” ဟုဦးနှင်းမိုးက ပြောပြ ခဲ့သည်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here