ရုပ်ရှင်ရဲ့ အနာဂတ်က အပေါင်း လက္ခဏာ ကို ပြနေပါတယ် လူမင်း

0
341

 မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာ ဥက္ကဋ္ဌအဖြစ် ၂ကြိမ် ဆက်တိုက်တာဝန်ထမ်းဆောင်လာခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် လူမင်းက နောက်ထပ်တက်လာမယ့်အမှုဆောင်သစ်လက် ထက်ရောက်ရင် ဥက္ကဋ္ဌတာဝန်ကနေ အနားယူတော့မှာပါ။ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဥက္ကဋ္ဌသက်တမ်းအတွင်းမှာ တိုး တက်လာခဲ့တဲ့ ရုပ်ရှင်လောကအကြောင်းနဲ့ အပြောင်း အလဲ တွေအကြောင်းကို မေးမြန်းဖြစ်တဲ့ အခါ…

 “အနုပညာဆိုတာ စိန်ခဲ ကျာက်ခဲလို အကဲခတ်ရ ခက်ပါ တယ်။ တစ်ပတ်ဆယ်ရက်နဲ့ပြီးလို့ အဲဒီဇာတ်ကား မကောင်းဘူးလို့ ပြောမယ်ဆိုလည်း ပြောလို့ရသလို၊ ပြောလို့ မရဘူးဆိုတဲ့ အနေအထားမျိုးလည်း ရှိတယ်။ အနုပညာ စံချိန်စံနှုန်းဆိုတာက မြန်တိုင်းလည်း မကောင်းတာ မဟုတ် သလို ကြာတိုင်းလည်း ကောင်းတာမဟုတ်ပါဘူးဆိုတဲ့ သဘောတရားလေးလည်း ရှိပါတယ်။ ဘယ်လိုပဲ ပြောနေ စေကာမူ ရုပ်ရှင်ရဲ့ အနာဂတ်က အတက်လက္ခဏာ၊ အပေါင်း လက္ခဏာကို ပြနေပါတယ်။ အခုလည်း ဘယ်လိုပဲ ပြောနေ စေကာမူ အစ်ကိုတို့ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တော့ မြန်မာ တစ်ပြည်လုံးမှာ ပိတ်ကားပေါင်း ၂ဝ ကျော် ၃ဝ လောက် ကနေ အခု ပိတ်ကားပေါင်း ၁ဝဝ ကျော် ဖြစ်လာပြီ။ ရုပ်ရှင် ဇာတ်ကား ထုတ်လုပ်မှုတွေက ဟိုး အရင်တုန်းက တစ်နှစ် လုံးနေမှ ၁၅ ကားလောက် ရိုက်ကူးတာကနေ အခု ၁၅ဝ လောက် ရိုက်နိုင်တဲ့ အနေအထားထိရှိလာပြီဆိုတော့ ဒါက အပေါင်းလက္ခဏာဆောင်တဲ့ တိုးတက်မှုတွေပဲ” လို့ လူမင်း က ပြောပါတယ်။ လူမင်းက ဆရာကြီး မင်းသိင်္ခ ရဲ့   ‘မိုး နဲ့ မြေ’ ဝတ္ထုကို ရုပ်ရှင်အဖြစ် ရိုက်ကူးမယ့်အကြောင်းကိုလည်း မေးမြန်းဖြစ်ခဲ့ ပါသေးတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး လူမင်းက …

“၂ဝ၁၈ မှာ စပါမယ်။ စဖြစ်ရင်တော့ ၂ကား ဆက် တိုက်ဆိုသလို ရိုက်ကူးဖြစ်ဖို့ များပါတယ်။ ဇာတ်ညွှန်းပိုင်း ဆိုင်ရာတွေကို ၂ ကားစလုံးအတွက် ပြင်ဆင် နေပါတယ်။ ပါဝင်မယ့် သရုပ်ဆောင်တွေအတွက်  ကတော့ တစ်ကားကတော့ ပြောလို့ ရပါပြီ။ တစ်ကား ကတော့ အစ်ကိုနဲ့ ပြေတီဦးက အဓိက ဖြစ်မယ်။ ဆရာကြီး မင်းသိင်္ခ ဇာတ်အတွက်ကတော့ ဇာတ်ကောင် က မသေချာသေးဘူး။ အစ်ကိုကတော့ ကိုယ့်ကိုယ် ကိုယ် ကွာလတီလို့ မကြွေးကြော်ချင်ပါဘူး။ ဒါပေမဲ့ လုပ်ပိုင်ခွင့်ရှိသလောက် ဘောင်ထဲကနေတော့ ကုန် ကျစရိတ်ကို နည်းသထက်နည်း အောင် ချုံ့ရိုက်တာမျိုး မဟုတ်ဘဲ ကုန်သင့်ကုန်ထိုက်တာမျိုးကိုတော့ သုံးနိုင် တဲ့ ဘောင်ထဲကနေ အကောင်းဆုံးရိုက်ကူးဖို့ ကြိုး စားသွားမှာပါ” လို့ ပြောပါတယ်။

  ဇင်မာနွယ်


LEAVE A REPLY

Please enter your comment!
Please enter your name here